Sunday 20 July 2014

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအ၀င် အဓမ္မပြုကျင့်သည့်ပြစ်မှုများ များပြားလာ၍ နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် အဆိုတင်သွင်း

Photo: အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအ၀င် အဓမ္မပြုကျင့်သည့်ပြစ်မှုများ များပြားလာ၍ နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် အဆိုတင်သွင်း
Sunday, July 20, 2014

မြန်မာနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအဝင် အဓမ္မပြုကျင့်သည့် ပြစ်မှုများ ပိုမိုများပြားလာသည့်အတွက် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။

အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုကို ရန်ကုန်တိုင်းဒေသကြီး အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က နေပြည်တော်တွင် ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်  တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျူးလွန်သည့်ပြစ်မှုများ ပိုမိုများပြားလာကြောင်း တွေ့ရှိရသလို ပိုမိုဆိုးရွားသည်မှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရခြင်းပင် ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ယဉ်ကျေးမှုအစဉ်အလာ ကြီးမြတ်မှုများဖြင့် အခြေတည်လာသော မြန်မာနိုင်ငံတွင် မကြားဝံ့မကြားထိုက်သော မဖြစ်သင့်သော အဓမ္မပြုကျင့်မှုများ ကျူးလွန်လျက်ရှိနေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၄ ခုနှစ် မေလအကုန်အထိ သက်ငယ်မုဒိမ်း စုစုပေါင်း ၁၁၅၂ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့အထဲတွင် အမှုပေါင်း ၅ဝဝ ကျော်မှာ အသက် ၁ဝ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က အဓမ္မပြုကျင့်မှုများ နှင့်ပတ်သက်၍ “ဆိုးရွားကြမ်းတမ်းသော သီးခြားအမှုအဖြစ် သတ်မှတ်စေလိုပါတယ်။ ကျူးလွန်သူအား မသက်မညှာသောပြစ်ဒဏ် ချမှတ်နိုင်ရမည်။ အမှုမပေါ်ဘဲကျူးလွန်နေသူများ လုံးဝရပ်တန့်၍ ကျူးလွန်မှုအတွက် တုန်လှုပ်စေလိုပါတယ်။ ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးစေလိုပါတယ်” ဟု တိုက်တွန်းပြော ကြားသည်။

အဓမ္မပြုကျင့်မှုများကို တိုက်ဖျက်နှိမ် နင်းရာတွင် အရွယ်ရောက်ပြီးသူများ အဓမ္မပြု ကျင့်ခံရခြင်းကို တည်ဆဲဥပဒေဖြင့် အရေးယူခြင်းထက် အဓမ္မပြုကျင့်မှု အထူးအမှုအဖြစ်နှင့်လည်း ပြင်းထန်စွာ အရေးယူရန် လိုအပ်သည့်အပြင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရခြင်းကို ဆိုးရွားကြမ်းတမ်းသော စီမံချက်ပြစ်မှုအဖြစ် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ရန် ပြုလုပ်စေလိုကြောင်း ၎င်း၏အဆိုတွင် ထည့်သွင်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းလင်းဆွေး နွေးရာတွင် “အမျိုးသမီးများနဲ့အရွယ်မရောက် သေးသော ကလေးငယ်များ အဓမ္မပြုကျင့် ခံခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပအင်န်ဂျီအို အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ရေးအတွက် တရားရုံးအဆင့်ဆင့်မှ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် အတည်ပြုခဲ့သည်။

Eleven Media Group 

ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် အဆိုတင်သွင်းစဉ်
ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် အဆိုတင်သွင်းစဉ်
မြန်မာနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရမှုများ အပါအဝင် အဓမ္မပြုကျင့်သည့် ပြစ်မှုများ ပိုမိုများပြားလာသည့်အတွက် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက် တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သည်။
အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုကို ရန်ကုန်တိုင်းဒေသကြီး အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က နေပြည်တော်တွင် ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်  တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျူးလွန်သည့်ပြစ်မှုများ ပိုမိုများပြားလာကြောင်း တွေ့ရှိရသလို ပိုမိုဆိုးရွား သည်မှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံနေရခြင်းပင် ဖြစ်ပါတယ်။ ဘာသာ တရား ကိုင်းရှိုင်းမှုနဲ့ ယဉ်ကျေးမှုအစဉ်အလာ ကြီးမြတ်မှုများဖြင့် အခြေတည်လာသော မြန်မာနိုင်ငံတွင် မကြား ဝံ့ မကြားထိုက်သော မဖြစ်သင့်သော အဓမ္မပြုကျင့်မှုများ ကျူးလွန်လျက်ရှိနေပါတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၄ ခုနှစ် မေလ အကုန် အထိ သက်ငယ်မုဒိမ်း စုစုပေါင်း ၁၁၅၂ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့အထဲတွင် အမှုပေါင်း ၅ဝဝ ကျော်မှာ အသက် ၁ဝ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင် ရည် က ပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က အဓမ္မပြုကျင့်မှုများ နှင့်ပတ်သက်၍ “ဆိုးရွားကြမ်းတမ်းသော သီးခြားအမှုအဖြစ် သတ်မှတ်စေလိုပါတယ်။ ကျူးလွန်သူအား မသက်မညှာေ သာပြစ်ဒဏ် ချမှတ်နိုင်ရမည်။ အမှုမပေါ်ဘဲကျူးလွန်နေသူများ လုံးဝရပ်တန့်၍ ကျူးလွန်မှုအတွက် တုန် လှုပ်စေ လို ပါတယ်။ ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးစေလိုပါတယ်” ဟု တိုက်တွန်းပြော ကြားသည်။

အဓမ္မပြုကျင့်မှုများကို တိုက်ဖျက်နှိမ် နင်းရာတွင် အရွယ်ရောက်ပြီးသူများ အဓမ္မပြု ကျင့်ခံရခြင်းကို တည်ဆဲ ဥပဒေဖြင့် အရေးယူခြင်းထက် အဓမ္မပြုကျင့်မှု အထူးအမှုအဖြစ်နှင့်လည်း ပြင်းထန်စွာ အရေးယူရန် လိုအပ် သည့် အပြင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရခြင်းကို ဆိုးရွားကြမ်း တမ်းသော စီမံချက်ပြစ်မှုအဖြစ် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်ရန် ပြုလုပ်စေလိုကြောင်း ၎င်း၏အဆိုတွင် ထည့်သွင်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းလင်းဆွေး နွေးရာတွင် “အမျိုးသမီးများနဲ့အရွယ်မရောက် သေးသော ကလေးငယ်များ အဓမ္မပြုကျင့် ခံခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ဒေသ ဆိုင် ရာ အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပအင်န်ဂျီအို အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆော င်ရွက် လျက်ရှိပြီး ကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ရေးအတွက် တရားရုံးအဆင့်ဆင့်မှ ပါဝင်ဆောင် ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တင်သွင်းသည့် အဓမ္မပြုကျင့်မှု တိုက်ဖျက်နှိမ်နင်းရေး စီမံချက်တစ်ရပ်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် အတည်ပြုခဲ့သည်။

Eleven Media Group 

No comments:

Post a Comment