Sunday 20 July 2014

ထိုင်းတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် လုပ်ငန်းခွင်အထိ လိုက်လံစာရင်းကောက်ယူမည်

Photo: ထိုင်းတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် လုပ်ငန်းခွင်အထိ လိုက်လံစာရင်းကောက်ယူမည်
Sunday, July 20, 2014

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန်အတွက် လုပ်ငန်းခွင်အထိ လိုက်လံစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများကို ထိုင်းအစိုးရက ဇွန် ၃၁ ရက်မှ ဇူလိုင် ၃ဝ ရက်အထိ ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများအနေဖြင့် နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက်ရမှသာလျှင် ထိုင်းအစိုးရမှ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည် ဖြစ်သည့်အတွက် အမြန်ဆုံးနိုင်ငံသား စိစစ်ရန်လိုအပ်ကြောင်း သိရသည်။       

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများ ထိုင်းအစိုးရက ထုတ်ပေးလျက်ရှိပြီး ယင်းရက်ပေါင်း ၆ဝ အတွင်း အမြန်ဆုံး နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးနောက် ဥပဒေနှင့်အညီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အကျိုးဆောင်ကော်မတီများ အနေဖြင့် အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံများအထိ တာဝန်ယူလိုက်လံ ကောက်ခံပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အတည်ပြုစိစစ်ပြီး ပြန်လည်ရောက်ရှိလာသည့် ထောက်ခံချက်များကို သက်ဆိုင်ရာ အလုပ်ရုံအထိ အလုပ်သမားများထံ လိုက်လံပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ကောက်ခံရာတွင် မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု ဇယားမိတ္တူများပါ တစ်ခါတည်း ကောက်ခံသွားမည်ဖြစ်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မရှိသူများအနေဖြင့် လွယ်ကူစွာစစ်ဆေးနိုင်ရေးအတွက် မိမိတို့၏မှတ်ပုံတင် အမှတ်နှင့် မြန်မာနိုင်ငံနေ နေရပ်လိပ်စာများကို မှန်မှန်ကန်ကန် ထည့်သွင်းဖော်ပြရမည် ဖြစ်သည်ဟု သိရသည်။ 

Eleven Media Group 

မြန်မာလုပ်သားအများစု အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟောင်း နေရာအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
မြန်မာလုပ်သားအများစု အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံဘန်ကောက်မြို့ဟောင်း နေရာအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ရန် အတွက် လုပ်ငန်းခွင်အထိ လိုက်လံစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ် လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများကို ထိုင်းအစိုးရက ဇွန် ၃၁ ရက်မှ ဇူလိုင် ၃ဝ ရက်အထိ ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။ ပန်းရောင်ကတ် ကိုင်ဆောင် ထားသည့် အလုပ်သမားများအနေဖြင့် နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက်ရမှသာလျှင် ထိုင်းအစိုးရမှ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည် ဖြစ်သည့်အတွက် အမြန်ဆုံးနိုင်ငံသား စိစစ်ရန်လိုအပ်ေ ကြာ င်း သိရသည်။       

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမားများကို ယာယီအလုပ် လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် ရက်ပေါင်း ၆ဝ သက်တမ်းရှိသည့် ပန်းရောင်ကတ်ပြားများ ထိုင်းအစိုးရက ထုတ်ပေးလျက်ရှိပြီး ယင်းရက်ပေါင်း ၆ဝ အတွင်း အမြန်ဆုံး နိုင်ငံသားစိစစ်မှုပြုလုပ်ပြီးနောက် ဥပဒေနှင့် အညီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အကျိုးဆောင်ကော်မတီများ အနေဖြင့် အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံများအထိ တာဝန်ယူလိုက်လံ ကောက်ခံပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အတည်ပြုစိစစ်ပြီး ပြန်လည်ရောက်ရှိလာသည့် ထောက်ခံချက်များကို သက်ဆိုင်ရာ အလုပ်ရုံအထိ အလုပ်သမားများထံ လိုက်လံပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ကောက်ခံရာတွင် မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု ဇယား မိတ္တူများပါ တစ်ခါတည်း ကောက်ခံသွားမည်ဖြစ်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မရှိသူများအနေဖြင့် လွယ်ကူစွာစစ်ဆေးနိုင်ရေးအတွက် မိမိတို့၏မှတ်ပုံတင် အမှတ်နှင့် မြန်မာနိုင်ငံနေ နေရပ်လိပ်စာများကို မှန်မှန် ကန်ကန် ထည့်သွင်းဖော်ပြရမည် ဖြစ်သည်ဟု သိရသည်။ 

Eleven Media Group 

No comments:

Post a Comment