Sunday 20 July 2014

၁၉၇၃ ခုနှစ် နောက်ပိုင်း လူအများအပြား သေဆုံးခဲ့ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ

Photo: ၁၉၇၃ ခုနှစ် နောက်ပိုင်း လူအများအပြား သေဆုံးခဲ့ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုများ
Sunday, July 20, 2014

ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် MH-17 လေယာဉ်သည် စစ်ဘက်လေယာဉ် တစ်စီးဟု မှားယွင်းသတ်မှတ်ကာ ပစ်ချခံရခြင်းဟု စွပ်စွဲချက်များ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေသည်။

MH-17 လေယာဉ်ကို ယူကရိန်းဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက ယူကရိန်း စစ်တပ်၏ လေယာဉ်တစ်စီးဟု မှားယွင်းဆုံးဖြတ်ပြီး ပစ်ချလိုက်သည်ဟု ယူဆရပြီး သူပုန်တို့ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၂၈၃)ဦးနှင့် အမှုထမ်း (၁၅)ဦး လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့သည်။

၁၉၇၃ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ ပစ်ချခံရပြီး လူအများအပြား သေဆုံးခဲ့သည့် ခရီးသည်တင်လေယာဉ် အနည်းဆုံး (၅)စီးမျှ ရှိခဲ့ပြီး ယင်းတို့ကို CNN သတင်းဌာနက စုစည်းဖော်ပြပေးခဲ့သည်။

လစ်ဗျားအာရပ် လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၄၄)
၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ပစ်ချခံရသော လေယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၁၃)ဦးအနက် (၁၀၈)ဦး သေဆုံးခဲ့သည်။ Boeing 727-200 အမျိုးအစား လေယာဉ်သည် အစ္စရေးက ထိန်းချုပ်ထားသည့် ဆီနိုင်းသဲကန္တာရဘက် လမ်းကြောင်းယူ ပျံသန်းခဲ့သည့်နောက် အစ္စရေး တိုက်လေယာဉ်များက ပစ်ချခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ်အမှတ် (၀၀၇)
၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က နယူးယော့ခ်မှ ဆိုးလ်သို့ ဦးတည်ပျံသန်းလာသော ခရီးသည်တင် လေယာဉ်သည် ဆိုဗီယက် တိုက်လေယာဉ်များ ကြားဖြတ် ပစ်ချမှုကြောင့် ပျက်ကျခဲ့သည်။
စစ်အေးခေတ်က နိုင်ငံတကာ ဆက်ဆံရေး တင်းမာအေးစက်မှုများ ရှိနေစဉ် အဆိုပါ လေယာဉ်သည် ဆိုဗီယက် လေပိုင်နက်ထဲ လမ်းကြောင်းမှား ဝင်ရောက်ခဲ့မိသည်။ ယင်းကို ဆိုဗီယက် တိုက်လေယာဉ် နှစ်စီးက ပစ်ချခဲ့ရာ လူပေါင်း (၂၃၉)ဦး သေဆုံးခဲ့သည်။
သေဆုံးခဲ့သူများတွင် ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု အမေရိကန်အမတ် လယ်ရီမက်ဒေါ်နယ်လ်လည်း ပါဝင်ခဲ့သည်။ လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များသည် စစ်အေးခေတ် မပြီးဆုံးမီထိ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

အီရန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၆၅၅)
၁၉၈၈ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပါရှန်းပင်လယ်ကွေ့အတွင်း တင်းမာမှု အခြေအနေများ ဖြစ်ပေါ်နေစဉ် USS Vincennes စစ်သင်္ဘောက အီရန်လေကြောင်းလိုင်းပိုင် လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။
Airbus A300 အမျိုးအစား လေယာဉ်သည် UAE နိုင်ငံ၊ ဒူဘိုင်းမြို့သို့ ဦးတည်ပျံသန်းနေပြီး ပစ်ချခံရသည့် ဖြစ်ရပ်အတွင်း အမှုထမ်းနှင့် ခရီးသည် (၂၉၀)လုံး သေဆုံးသွားခဲ့သည်။
အမေရိကန် စစ်ဘက်က ထိုစဉ်က USS Vincennes သည် အီရန်စစ်သင်္ဘောများနှင့် အပြန်အလှန် ပစ်ခတ်နေပြီး ရေဒါတွင် ပေါ်လာသည့် ခရီးသည်တင် လေယာဉ်ကို အီရန်တိုက်လေယာဉ် တစ်စီးဟု ယူဆပြီး ပစ်ချခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။

Transair Georgia လေကြောင်းလိုင်းမှ လေယာဉ်(၃)စီး
၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ Transair Georgia လေကြောင်းလိုင်းမှာ ခရီးသည်တင် လေယာဉ် (၃)စီး ဆက်တိုက် တစ်နေ့တစ်စင်းကျ ပစ်ချခံခဲ့ရသည်။
လေယာဉ်အားလုံး ဒုံးကျည်ထိမှန်ခြင်းဖြစ်ပြီး စုစုပေါင်း လူ(၁၃၆)ဦး သေဆုံးခဲ့သည်။ လေယာဉ်(၂)စီးမှာ အက်ဘ်ခါဇီယန် သူပုန်များ၏ ဒုံးကျည်ကြောင့် ပျက်ကျခြင်းဖြစ်ပြီး တစ်စီးတွင် လူ(၂၇)ဦးနှင့် တစ်စီးတွင် (၁၀၈)ဦးစီ သေဆုံးခဲ့သည်။ ဒုတိယ လေယာဉ်သည် ဆင်းသက်ရန် ပြင်ဆင်နေစဉ် ဒုံးကျည်ထိခဲ့ခြင်း ဖြစ်သည်။
တတိယ လေယာဉ်မှာ ခရီးသည် အတက်အဆင်း ပြုလုပ်နေစဉ် အတောအတွင်း မော်တာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး အမှုထမ်း(၁)ဦး အသက်ဆုံးရှုံးခဲ့သည်။

ဆိုက်ဘေးရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၈၁၂)
၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က ဆိုက်ဘေးရီးယား လေကြောင်းလိုင်းပိုင် Tupelov 154 အမျိုးအစား လေယာဉ်ကို ယူကရိန်းစစ်တပ်က မှားယွင်း ပစ်ချခဲ့သည်။
လေယာဉ်ပေါ်တွင် ရုရှားဖွား ဂျူးလူမျိုးအများစု ပါဝင်ပြီး အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မှ ရုရှားနိုင်ငံရှိ နိုဗိုဆီဘရစ်ခ်သို့ ပျံသန်းလာစဉ် ပစ်ချခံရခြင်း ဖြစ်သည်။
လေယာဉ်သည် ပင်လယ်နက်ထဲ ပျက်ကျသွားပြီး လိုက်ပါလာသူ (၇၈)ဦးစလုံး သေဆုံးသွားသည်။
ယူကရိန်းစစ်တပ်သည် အစောပိုင်းက လေယာဉ်ကို ပစ်ချခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လေ့ကျင့်မှု အစီအစဉ်တစ်ခုအတွင်း မှားယွင်းပစ်ချမိကြောင်း ဝန်ခံခဲ့သည်။

Ref: CNN
7Day DAILY 

MH-17 လေယာဉ်၏ နောက်ဆုံးခရီးကို အမ်စတာဒမ် လေဆိပ်မှအတက်တွင် တွေ့မြင်ရစဉ် (Photo - Dailymail)

ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် MH-17 လေယာဉ်သည် စစ်ဘက်လေယာဉ် တစ်စီးဟု မှားယွင်းသတ်မှတ်ကာ ပစ်ချခံရခြင်းဟု စွပ်စွဲချက် များ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေသည်။
MH-17 လေယာဉ်ကို ယူကရိန်းဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက ယူကရိန်း စစ်တပ်၏ လေယာဉ်တစ်စီးဟု မှားယွင်းဆုံးဖြတ်ပြီး ပစ်ချလိုက်သည်ဟု ယူဆရပြီး သူပုန်တို့ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ လေ ယာဉ်ပေါ်တွင် ခရီးသည် (၂၈၃)ဦးနှင့် အမှုထမ်း (၁၅)ဦး လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့သည်။

၁၉၇၃ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ ပစ်ချခံရပြီး လူအများအပြား သေဆုံးခဲ့သည့် ခရီးသည်တင်လေ ယာဉ် အနည်းဆုံး (၅)စီးမျှ ရှိခဲ့ပြီး ယင်းတို့ကို CNN သတင်းဌာနက စုစည်းဖော်ပြပေးခဲ့သည်။

လစ်ဗျားအာရပ် လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၄၄)
၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ပစ်ချခံရသော လေယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၁၃)ဦးအနက် (၁၀၈)ဦး သေဆုံးခဲ့သည်။ Boeing 727-200 အမျိုးအစား လေယာဉ်သည် အစ္စရေးက ထိန်းချုပ်ထားသည့် ဆီနိုင်းသဲကန္တာရဘက် လမ်းကြောင်းယူ ပျံသန်းခဲ့သည့်နောက် အစ္စရေး တိုက်လေယာဉ်များက ပစ်ချခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ်အမှတ် (၀၀၇)
၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က နယူးယော့ခ်မှ ဆိုးလ်သို့ ဦးတည်ပျံသန်းလာသော ခရီးသည်တင် လေယာဉ်သည် ဆိုဗီယက် တိုက်လေယာဉ်များ ကြားဖြတ် ပစ်ချမှုကြောင့် ပျက်ကျခဲ့သည်။ 

စစ်အေးခေတ်က နိုင်ငံတကာ ဆက်ဆံရေး တင်းမာအေးစက်မှုများ ရှိနေစဉ် အဆိုပါ လေယာဉ်သည် ဆိုဗီယက် လေပိုင်နက်ထဲ လမ်းကြောင်းမှား ဝင်ရောက်ခဲ့မိသည်။ ယင်းကို ဆိုဗီယက် တိုက်လေယာဉ် နှစ်စီးက ပစ်ချခဲ့ရာ လူပေါင်း (၂၃၉)ဦး သေဆုံးခဲ့သည်။ 

သေဆုံးခဲ့သူများတွင် ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု အမေရိကန်အမတ် လယ်ရီမက်ဒေါ်နယ်လ်လည်း ပါဝင်ခဲ့သည်။ လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များသည် စစ်အေးခေတ် မပြီးဆုံးမီထိ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

အီရန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၆၅၅)
၁၉၈၈ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပါရှန်းပင်လယ်ကွေ့အတွင်း တင်းမာမှု အခြေအနေများ ဖြစ်ပေါ်နေစဉ် USS Vincennes စစ်သင်္ဘောက အီရန်လေကြောင်းလိုင်းပိုင် လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။ 

Airbus A300 အမျိုးအစား လေယာဉ်သည် UAE နိုင်ငံ၊ ဒူဘိုင်းမြို့သို့ ဦးတည်ပျံသန်းနေပြီး ပစ်ချခံရသည့် ဖြစ်ရပ်အတွင်း အမှုထမ်းနှင့် ခရီးသည် (၂၉၀)လုံး သေဆုံးသွားခဲ့သည်။ 

အမေရိကန် စစ်ဘက်က ထိုစဉ်က USS Vincennes သည် အီရန်စစ်သင်္ဘောများနှင့် အပြန်အလှန် ပစ်ခတ်နေပြီး ရေဒါတွင် ပေါ်လာသည့် ခရီးသည်တင် လေယာဉ်ကို အီရန်တိုက်လေယာဉ် တစ်စီးဟု ယူဆပြီး ပစ်ချခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။

Transair Georgia လေကြောင်းလိုင်းမှ လေယာဉ်(၃)စီး
၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ Transair Georgia လေကြောင်းလိုင်းမှာ ခရီးသည်တင် လေယာဉ် (၃)စီး ဆက်တိုက် တစ်နေ့တစ်စင်းကျ ပစ်ချခံခဲ့ရသည်။ 

လေယာဉ်အားလုံး ဒုံးကျည်ထိမှန်ခြင်းဖြစ်ပြီး စုစုပေါင်း လူ(၁၃၆)ဦး သေဆုံးခဲ့သည်။ လေယာဉ်(၂)စီးမှာ အက်ဘ်ခါဇီယန် သူပုန်များ၏ ဒုံးကျည်ကြောင့် ပျက်ကျခြင်းဖြစ်ပြီး တစ်စီးတွင် လူ(၂၇)ဦးနှင့် တစ်စီးတွင် (၁၀၈)ဦးစီ သေဆုံးခဲ့သည်။ ဒုတိယ လေယာဉ်သည် ဆင်းသက်ရန် ပြင်ဆင်နေစဉ် ဒုံးကျည်ထိခဲ့ခြင်း ဖြစ်သည်။
တတိယ လေယာဉ်မှာ ခရီးသည် အတက်အဆင်း ပြုလုပ်နေစဉ် အတောအတွင်း မော်တာများ၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခံရပြီး အမှုထမ်း(၁)ဦး အသက်ဆုံးရှုံးခဲ့သည်။

ဆိုက်ဘေးရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၁၈၁၂)
၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က ဆိုက်ဘေးရီးယား လေကြောင်းလိုင်းပိုင် Tupelov 154 အမျိုးအစား လေယာဉ်ကို ယူကရိန်းစစ်တပ်က မှားယွင်း ပစ်ချခဲ့သည်။ 

လေယာဉ်ပေါ်တွင် ရုရှားဖွား ဂျူးလူမျိုးအများစု ပါဝင်ပြီး အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မှ ရုရှားနိုင်ငံရှိ နိုဗိုဆီ ဘရစ်ခ် သို့ ပျံသန်းလာစဉ် ပစ်ချခံရခြင်း ဖြစ်သည်။

လေယာဉ်သည် ပင်လယ်နက်ထဲ ပျက်ကျသွားပြီး လိုက်ပါလာသူ (၇၈)ဦးစလုံး သေဆုံးသွားသည်။ ယူကရိန်း စစ်တပ်သည် အစောပိုင်းက လေယာဉ်ကို ပစ်ချခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လေ့ ကျင့်မှု အစီအစဉ်တစ်ခုအတွင်း မှားယွင်းပစ်ချမိကြောင်း ဝန်ခံခဲ့သည်။

Ref: CNN
7Day DAILY 

No comments:

Post a Comment