Sunday 20 July 2014

မြ၀တီမြို့အာဇာနည်နေ့ အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ မိသားစုဝင်များအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လာရောက်အလေးပြု

Photo: မြ၀တီမြို့အာဇာနည်နေ့ အခမ်းအနားသို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ မိသားစုဝင်များအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လာရောက်အလေးပြု
Sunday, July 20, 2014 

(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြဝတီမြို့ ဦးစပန်းခြံရှိ အာဇာနည်ကျောက်တိုင်ကွင်း နေရာတွင် ဇူလိုင် ၁၉ ရက်နံနက်က ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စသည်ဖြင့် အသင်းအဖွဲ့ ၃၈ ဖွဲ့ တက်ရောက်အလေးပြု ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥဩဆွဲကာ တစ်မိနစ်ငြိမ်သက်၍ အဖွဲ့လိုက်လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

“ခုလိုအခမ်းအနားနဲ့ လာရောက်ဂါရဝပြုခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ အခမ်းအနား ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အတွက်လည်း ဒီကရပ်မိရပ်ဖတွေကို ကျေးဇူးတင်ပါတယ်” ဟု အခမ်းအနားမှာ လာရောက်ဂါရဝပြုသည့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်သူက ပြောကြားခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် DKBA ကလိုထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်မှူးကြီးထွန်းထွန်းက ယခုအခမ်းအနားသို့ လာရောက်ခဲ့ခြင်းအတွက် ဝမ်းနည်းဝမ်းသာ ဒွန်တွဲခံစားရကြောင်း ပြောကြားသည်။

“နှစ်ပေါင်းများစွာအလေးပြုခွင့်မရခဲ့တဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ငယ်ငယ်တုန်းက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန်ဆိုရင် ရေဒီယိုကနေ ဥဩဆွဲပေးတယ်။ လမ်းသွားလမ်းလာ၊ လယ်သမား၊ အလုပ်သမား လူတိုင်းအလေးပြုလို့ရတယ်။ အခုတော့ နိုင်ငံတော်ကလည်း လိုလိုလားလားနဲ့ကျင်းပတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့ ကျင်းပနေရသလိုဖြစ်နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များမှာ အခြားအဖွဲ့အစည်းများနည်းတူ (ကြက်ခြေနီ၊ မီးသတ်၊ ပါတီ)တူညီဝတ်စုံ ဝတ်ဆင်ပြီး အလေးပြုအခမ်းအနားသို့ တက်ရောက်အလေးပြုခြင်းကြောင့် တပ်မတော်မှ ဝန်းရံထားခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group 

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုမှ မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင်တွင် လွမ်းသူပန်းခွေချ အလေးပြုနေစဉ်
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုမှ မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင်တွင် လွမ်းသူ ပန်းခွေချ အလေးပြုနေစဉ်
(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မြဝတီမြို့ ဦးစပန်းခြံရှိ အာဇာနည်ကျောက်တိုင်ကွင်း နေရာ တွင် ဇူလိုင် ၁၉ ရက်နံနက်က ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဇာနည်ေ ခါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စသည်ဖြင့် အသင်းအဖွဲ့ ၃၈ ဖွဲ့ တက်ရောက်အလေးပြုခဲ့ ကြကြောင်း သိရသည်။

အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်း အမှတ် အဖြစ် ဥဩဆွဲကာ တစ်မိနစ်ငြိမ်သက်၍ အဖွဲ့လိုက်လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြကြောင်း သိရ သည်။

“ခုလိုအခမ်းအနားနဲ့ လာရောက်ဂါရဝပြုခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ အခမ်းအနား ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အတွက်လည်း ဒီကရပ်မိရပ်ဖတွေကို ကျေးဇူးတင်ပါတယ်” ဟု အခမ်းအနားမှာ လာရောက်ဂါရဝပြုသည့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်သူက ပြောကြားခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် DKBA ကလို ထူးဘော ကရင်အမျိုးသား တပ်မတော်မှ ဗိုလ်မှူးကြီးထွန်းထွန်းက ယခုအခမ်းအနားသို့ လာရောက်ခဲ့ခြင်း အတွက် ဝမ်းနည်းဝမ်းသာ ဒွန်တွဲခံစားရကြောင်း ပြောကြားသည်။

“နှစ်ပေါင်းများစွာအလေးပြုခွင့်မရခဲ့တဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ ငယ်ငယ်တုန်းက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အချိန် ဆိုရင် ရေဒီယိုကနေ ဥဩဆွဲပေးတယ်။ လမ်းသွားလမ်းလာ၊ လယ်သမား၊ အလုပ်သမား လူတိုင်း အလေးပြု လို့ ရတယ်။ အခုတော့ နိုင်ငံတော်ကလည်း လိုလိုလားလားနဲ့ကျင်းပတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့ ကျင်း ပနေရသလိုဖြစ်နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များမှာ အခြားအဖွဲ့ အစည်း များနည်းတူ (ကြက်ခြေနီ၊ မီးသတ်၊ ပါတီ)တူညီဝတ်စုံ ဝတ်ဆင်ပြီး အလေးပြုအခမ်းအနားသို့ တက်ေ ရာက်အလေးပြုခြင်းကြောင့် တပ်မတော်မှ ဝန်းရံထားခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment