Saturday 19 July 2014

MH-17 ပေါက်ကွဲမှုကို ခရီးသည်များ သိပင်သိလိုက်ဟန် မတူကြောင်း လက်နက်ပါရဂူတစ်ဦး သုံးသပ်

Photo: MH-17 ပေါက်ကွဲမှုကို ခရီးသည်များ သိပင်သိလိုက်ဟန် မတူကြောင်း လက်နက်ပါရဂူတစ်ဦး သုံးသပ်
Saturday, July 19, 2014

MH-17 လေယာဉ်သည် ဒုံးကျည်ထိမှန်သဖြင့် ပေါက်ကွဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လောက်စရာ အခြေအနေများ မြင့်တက်လာချိန်၌ လက်နက်ပါရဂူ တစ်ဦးက ဒုံးကျည်ထိမှန်ချိန်၌ ခရီးသည်များ ကြုံလိုက်ရမည့် အကျိုးဆက်များကို ခန့်မှန်း အဖြေရှာခဲ့သည်။

SA-11 (BUK) အမျိုးအစား ဒုံးကျည်သည် ယူကရိန်း အရှေ့ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် MH-17 ကို တိုက်ရိုက် ထိမှန်ခဲ့သည်ဟု ယူဆရပြီး လေယာဉ်သည် ချက်ချင်း ပေါက်ကွဲသွားသဖြင့် ခရီးသည် အားလုံးလိုလိုသည် မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် သတိပြုချိန် ရလိုက်မည် မဟုတ်ဟု ဗြိတိန်နိုင်ငံ တော်ဝင်ယူနိုက်တက် လုံခြုံရေးနှင့် ကာကွယ်ရေး နည်းပညာဌာနမှ ပညာရှင် ဂျက်စတင်ဘရွန့်ခ်က ပြောကြားခဲ့သည်။ ၎င်းသည် လေယာဉ်နှင့် လေကြောင်းဆိုင်ရာ လက်နက်များအတွက် အထူးပြု လေ့လာနေသည့် ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ဘရွန့်ခ်က လေယာဉ်သည် ဒုံးကျည် ထိမှန်သည်နှင့် စုတ်ပြတ်သွားပြီး ခရီးသည်များသည် ပေါက်ကွဲမှုနှင့် ရုတ်တရက် ပြောင်းလဲသွားသည့် လေဖိအားတို့ကြောင့် ချက်ချင်း သေဆုံးသွားသည်ဟု ယုံကြည်နေသည်။
“SA-11 ဒုံးကျည်ရဲ့ ဒီဇိုင်းကိုက ပစ်မှတ်လေယာဉ်ကို စုတ်ဖြဲပစ်လိုက်ဖို့ အဓိက ရည်ရွယ် တည်ဆောက်ထားတာပဲ။ လေယာဉ်ရဲ့ အပျက်အစီး အစအနတွေက ဧရိယာ အကျယ်ကြီး ပျံ့နှံ့နေတာကို ကြည့်လိုက်ရင် ဒီအချက်က မြင်သာပါတယ်”ဟု ဘရွန့်ခ်က ဆိုသည်။

၎င်းက “ဒုံးကျည်မှာက လမ်းကြောင်းရှာ စနစ်တစ်ခု တပ်ဆင်ထားတယ်။ အဲဒီစနစ်က လိုချင်တဲ့ ပစ်မှတ်နဲ့ မီတာအနည်းငယ်လောက် အကွာအဝေးလောက်မှာ ဒုံးကျည်ထိပ်ဖူးကို ပေါက်ကွဲသွားအောင် စီစဉ်ပေးထားတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အခါ ဒုံးကျည်ရဲ့ အစအနတွေက လေယာဉ်တစ်ခုလုံးက အစိတ်အပိုင်း အားလုံးကို ဖြန့်ကျက်ပြီး ထိမှန်ကုန်လိမ့်မယ်။ အရင်ဆုံး တောင်ပံတွေနဲ့ ပန်ကာတွေကို ဖျက်ဆီးလိုက်မယ်။ ပြီးတော့ လောင်စာဆီ လှောင်ကန်တွေကိုပါ ထိမယ်။ ဒီတော့ လောင်စာဆီတွေ မီးလောင်ပြီး ထပေါက်ကွဲအောင် လှုံ့ဆော်မှုမျိုး ဖြစ်သွားလိမ့်မယ်။ လူတွေ အသက်ရှူရ အဆင်ပြေအောင် ဖိအားအများကြီး ပေးပြီး တည်ဆောက်ထားတဲ့ အခုလို လေယာဉ်အကြီးစားရဲ့ ကိုယ်ထည်မျိုးက အမြင့်ကြီး ပျံနေတဲ့ အခါမှာတော့ ပေါက်ကွဲမှုက ချက်ချင်း ဖြစ်ပေါ်လာမှာပဲ”ဟုလည်း ရှင်းပြခဲ့သည်။

၎င်းက “ပြောရမယ်ဆိုရင် လေယာဉ်ထဲမှာ ရှိနေတဲ့ လူအားလုံးလိုလိုက ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ချက်ချင်းကြီး သေဆုံးမသွားရင်တောင် စက္ကန့်ပိုင်းလေးအတွင်း အသိမဲ့သွားပါလိမ့်မယ်”ဟုလည်း ကောက်ချက်ချခဲ့သည်။

ထိုအတောအတွင်း သူပုန်များ ထိန်းချုပ်ထားရာ ဒေသများတွင် ပုန်းကွယ် လှုပ်ရှားနေသည့် ယူကရိန်း ထောက်လှမ်းရေးများက တိုရက်ဇ်အနီးတွင် ရိုက်ကူးထားသည့် BUK ဒုံးကျည်တင် ထရပ်ကားတစ်စင်း၏ ဓာတ်ပုံကို ဖော်ပြခဲ့ကြသည်။ အဆိုပါ ထရပ်ကားသည် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေပြီး လူနေဧရိယာ တစ်ခုတွင် ပုန်းကွယ် နေရာယူထားသည်ကို လေယာဉ်မပျက်ကျမီ နာရီအနည်းငယ် အလိုတွင် ဓာတ်ပုံရိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ထရပ်ကားသည် MH-17 ကို ပစ်ချခဲ့ခြင်း ဟုတ်၊ မဟုတ် လွတ်လပ်စွာ အတည်ပြုနိုင်သည့် အခြေအနေ မရှိသေးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY
MH-17 လေယာဉ်သည် ဒုံးကျည်ထိမှန်သဖြင့် ပေါက်ကွဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လောက်စရာ အခြေအနေများ မြင့်တက်လာချိန်၌ လက်နက်ပါရဂူ တစ်ဦးက ဒုံးကျည်ထိမှန်ချိန်၌ ခရီးသည်များ ကြုံလိုက်ရမည့် အကျိုးဆက်များကို ခန့်မှန်း အဖြေရှာခဲ့သည်။SA-11 (BUK) အမျိုးအစား ဒုံးကျည်သည် ယူကရိန်း အရှေ့ပိုင်း ကောင်းကင်ယံတွင် ပျံသန်းနေသည့် MH-17 ကို တိုက်ရိုက် ထိမှန်ခဲ့သည်ဟု ယူဆရပြီး လေယာဉ်သည် ချက်ချင်း ပေါက်ကွဲသွားသဖြင့် ခရီးသည် အားလုံးလိုလိုသည် မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် သတိပြုချိန် ရလိုက်မည် မဟုတ်ဟု ဗြိတိန်နိုင်ငံ တော်ဝင်ယူနိုက်တက် လုံခြုံရေးနှင့် ကာကွယ်ရေး နည်းပညာဌာနမှ ပညာရှင် ဂျက်စတင်ဘရွန့်ခ် က ပြောကြားခဲ့သည်။ ၎င်းသည် လေယာဉ်နှင့် လေကြောင်းဆိုင်ရာ လက်နက်များအတွက် အထူးပြု လေ့လာနေသည့် ပညာရှင် တစ်ဦး လည်း ဖြစ်သည်။

ဘရွန့်ခ်က လေယာဉ်သည် ဒုံးကျည် ထိမှန်သည်နှင့် စုတ်ပြတ်သွားပြီး ခရီးသည်များသည် ပေါက်ကွဲမှုနှင့် ရုတ်တရက် ပြောင်းလဲသွား သည့် လေဖိအားတို့ကြောင့် ချက်ချင်း သေဆုံးသွားသည်ဟု ယုံကြည်နေသည်။ “SA-11 ဒုံးကျည်ရဲ့ ဒီဇိုင်းကိုက ပစ်မှတ်လေယာဉ်ကို စုတ်ဖြဲပစ်လိုက်ဖို့ အဓိက ရည်ရွယ် တည်ဆောက်ထားတာပဲ။ လေယာဉ်ရဲ့ အပျက်အစီး အစအနတွေက ဧရိယာ အကျယ်ကြီး ပျံ့နှံ့နေတာကို ကြည့်လိုက်ရင် ဒီအချက်က မြင်သာပါတယ်”ဟု ဘရွန့်ခ်က ဆိုသည်။

၎င်းက “ဒုံးကျည်မှာက လမ်းကြောင်းရှာ စနစ်တစ်ခု တပ်ဆင်ထားတယ်။ အဲဒီစနစ်က လိုချင်တဲ့ ပစ်မှတ်နဲ့ မီတာအနည်းငယ်လောက် အကွာအဝေးလောက်မှာ ဒုံးကျည်ထိပ်ဖူးကို ပေါက်ကွဲသွားအောင် စီစဉ်ပေးထားတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အခါ ဒုံးကျည်ရဲ့ အစအနတွေက လေယာဉ်တစ်ခုလုံးက အစိတ်အပိုင်း အားလုံးကို ဖြန့်ကျက်ပြီး ထိမှန်ကုန်လိမ့်မယ်။ အရင်ဆုံး တောင်ပံတွေနဲ့ ပန်ကာတွေကို ဖျက်ဆီးလိုက်မယ်။ ပြီးတော့ လောင်စာဆီ လှောင်ကန်တွေကိုပါ ထိမယ်။ ဒီတော့ လောင်စာဆီတွေ မီးလောင်ပြီး ထပေါက်ကွဲအောင် လှုံ့ဆော်မှုမျိုး ဖြစ်သွားလိမ့်မယ်။ လူတွေ အသက်ရှူရ အဆင်ပြေအောင် ဖိအားအများကြီး ပေးပြီး တည်ဆောက်ထားတဲ့ အခုလို လေယာဉ်အကြီးစားရဲ့ ကိုယ်ထည်မျိုးက အမြင့်ကြီး ပျံနေတဲ့ အခါမှာတော့ ပေါက်ကွဲမှုက ချက်ချင်း ဖြစ်ပေါ်လာမှာပဲ”ဟုလည်း ရှင်းပြခဲ့သည်။

၎င်းက “ပြောရမယ်ဆိုရင် လေယာဉ်ထဲမှာ ရှိနေတဲ့ လူအားလုံးလိုလိုက ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ချက်ချင်းကြီး သေဆုံးမသွားရင်တောင် စက္ကန့်ပိုင်းလေးအတွင်း အသိမဲ့သွားပါလိမ့်မယ်”ဟုလည်း ကောက်ချက်ချခဲ့သည်။

ထိုအတောအတွင်း သူပုန်များ ထိန်းချုပ်ထားရာ ဒေသများတွင် ပုန်းကွယ် လှုပ်ရှားနေသည့် ယူကရိန်း ထောက်လှမ်းရေးများက တိုရက်ဇ်အနီးတွင် ရိုက်ကူးထားသည့် BUK ဒုံးကျည်တင် ထရပ်ကားတစ်စင်း၏ ဓာတ်ပုံကို ဖော်ပြခဲ့ကြသည်။ အဆိုပါ ထရပ်ကားသည် ပစ်ခတ်ရန် အသင့်အနေအထား ရှိနေပြီး လူနေဧရိယာ တစ်ခုတွင် ပုန်းကွယ် နေရာယူထားသည်ကို လေယာဉ်မပျက်ကျမီ နာရီအနည်းငယ် အလိုတွင် ဓာတ်ပုံရိုက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ထရပ်ကားသည် MH-17 ကို ပစ်ချခဲ့ခြင်း ဟုတ်၊ မဟုတ် လွတ်လပ်စွာ အတည်ပြုနိုင်သည့် အခြေအနေ မရှိသေးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY

No comments:

Post a Comment