Saturday 19 July 2014

စစ်တွေမြို့၌ ထူးကဲဒီရေ တက်ခြင်းကြောင့် ရပ်ကွက်တချို့၌ သုံးရက် ဆက်တိုက် ရေ လွှမ်း

စစ်တွေ၊ ဇူလိုင် ၁၈- ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထူးကဲဒီရေတက်ခြင်း များကြောင့် ရပ်ကွက်တချို့၌သုံးရက် ဆက်တိုက်ရေလွှမ်းမိုးမှု များဖြစ်ပေါ် လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များထံမှ သိရသည်။
ပြီးခဲ့သည့်ရက် များက မိုးရွာ သွန်းခြင်း၊ ထူးကဲဒီရေတက်ခြင်းများ ကြောင့် စစ်တွေမြို့ဆင်ကူးလမ်းရပ် ကွက်၊ ရွှေပြားရပ်ကွက်တို့တွင် ရေ လွှမ်း မိုး မှု များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

''ဒီရေတက်တာတော့ သုံးရက် လောက်ရှိပြီ၊ အရင်နှစ်တွေကလဲ ဒီလိုတက်ပေ မယ့် အခုဒီရေကျဖို့အ တွက် ရေထွက်ပေါက်မရှိဘူး။ မိုးကြီး ရင်လဲရေတွေက မဆင်းဘူး။ လမ်းက အမြင့်ဖြစ်သွားတော့ ရေထွက်ပေါက် ကမပါဘူး''ဟု ဆင်ကူး လမ်းရပ်ကွက် မှဒေသခံ တစ်ဦး က ပြောပြ သည်။

ဆင်ကူးလမ်းရပ်ကွက်ရှိ အ နောက်ဘက် အေးစေတီ၌ လည်း ရေလွှမ်းမှု များဖြစ်ပေါ်ခဲ့ သည်ဟု အဆိုပါဒေသခံများထံမှ သိရသည်။ ''အခုလမ်း မကြီး ကို ကွန်ကရစ် လမ်းခင်းလိုက်တယ်။ လမ်းလဲမြင့် သွားတယ်။ ဒါပေမဲ့ ရေထွက်ပေါက် တွေမပါတော့ ရပ်ကွက်ထဲမှာရေတွေ ကပြည့်လျှံနေတယ်။ အရင်ကတော့ ခဏလေးဆိုရင် ဒီရေကျသွားတယ်။ အခုကမကျဘူး။ မိုးကြီးရင်လဲ ရေပြည့်လျှံတယ်''ဟုဆင်ကူးလမ်းရပ် ကွက်မှဒေသခံက ပြောသည်။

အလားတူဒီရေတက်သဖြင့် စစ်တွေမြို့နယ် ကျေးတော့ကျေးရွာ၊ ဆတ်ရိုးကျနှင့် ကျောက်တော်မြို့နယ် တို့တွင်လည်း ရေလွှမ်းမှုများဖြစ်ပေါ် ခဲ့သည်။ ''မိုးကြီးရင်မင်းပြားမြို့ကမ်းခြေ က ရေတိုက်စားတာဘဲ၊ နယ်ဘက် တွေ မှာလဲ ရေကြီးမှုတွေဖြစ်တယ်။ ဒါကလဲ အမြဲမဟုတ်ဘူး။ ဥပမာ လပြည့်နေ့တို့ဆို ရင် ရေကြီးတာပဲ''ဟု မင်းပြားမြို့ဒေသခံတစ်ဦးက ပြောပြ သည်။ စစ်တွေမြို့၌ ပတ်ဝန်းကျင် သန့်ရှင်းရေး များကို စည်ပင်က လုပ် ဆောင်နေသော် လည်း စစ်တွေမြို့ တွင်ရေမြောင်းများပိတ်ဆို့လာခြင်း၊ အမှိုက်များရှိလာခြင်း တို့ကြောင့် ပြည် နယ်ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း ရှင်း လင်းနေကြကြောင်း ဒေသခံ များထံမှ သိရသည်။

Yangon Media Group

No comments:

Post a Comment