Saturday 19 July 2014

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မောင်တောမြို့ကို သွားရောက်

Photo: ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မောင်တောမြို့ကို သွားရောက်
Saturday, July 19, 2014 

ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လအတွင်းက မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်းအချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

Ms Yanghee Lee ဟာ ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ကို စတင်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို မနက်ဖြန်မှာလည်း စစ်တွေမြို့က နိုင်ငံတော်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လ အတွင်းက မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်းအချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Ms Yanghee Lee ဟာ ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ကို စတင်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဖို့ စီစဉ် ထား သလို မနက်ဖြန်မှာလည်း စစ်တွေမြို့က နိုင်ငံတော်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese 

No comments:

Post a Comment