Saturday 19 July 2014

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Photo: ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
Saturday, July 19, 2014  

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း ပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အခုလိုဖျော်ဖြေပွဲကိုတော့ မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းက ဦးစီးကျင်းပပေးမှာဖြစ်ပြီး ဒီအသင်းအနေနဲ့ ရခိုင်ဒေသကို သွားရောက်လှူဒါန်းမှု(၂)ကြိမ် ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒီအသင်းအနေနဲ့ (၂)ကြိမ်သွားရောက်လှူဒါန်းခဲ့စဉ်က ရခိုင်တိုင်းရင်းသား များအတွက် အထောက်အပံ့အကူအညီများ များစွာလိုအပ်နေသေးတာကြောင့် အခုလို ရန်ပုံငွေ ဖျော်ဖြေပွဲကျင်းပနိုင်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီရံပုံငွေဖျော်ဖြေပွဲမှာ နိုင်ငံကျော်အဆိုရှင် (၁၈)ဦးပါဝင်မှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ များအဖြစ် ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ နန်းခင်ဇေယျာတို့က တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို ဇူလိုင်လ(၂၇)ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာကျင်းပသွားမှာဖြစ်ပြီး ဒီရန်ပုံငွေပွဲကရရှိလာမယ့် ငွေတွေကို ဒီပွဲမှာ ပါဝင်ခဲ့တဲ့တေးသံရှင်တွေနဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာသွားရောက် လှူဒါန်းသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

MRTV-4
ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း ပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခုလိုဖျော်ဖြေပွဲကိုတော့ မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းက ဦးစီးကျင်းပပေးမှာဖြစ်ပြီး ဒီအသင်းအနေနဲ့ ရခိုင်ဒေသကို သွားရောက်လှူဒါန်းမှု(၂)ကြိမ် ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ ဒီအသင်းအနေနဲ့ (၂)ကြိမ်သွားရောက်လှူဒါန်းခဲ့စဉ်က ရခိုင်တိုင်းရင်းသား များအတွက် အထောက်အပံ့အကူအညီများ များစွာလိုအပ်နေသေးတာကြောင့် အခုလို ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီရံပုံငွေဖျော်ဖြေပွဲမှာ နိုင်ငံကျော်အဆိုရှင် (၁၈)ဦးပါဝင်မှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ များအဖြစ် ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ နန်းခင်ဇေယျာတို့က တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို ဇူလိုင်လ(၂၇)ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာကျင်းပသွားမှာဖြစ်ပြီး ဒီရန်ပုံငွေပွဲကရရှိလာ မယ့် ငွေတွေကို ဒီပွဲမှာ ပါဝင်ခဲ့တဲ့တေးသံရှင်တွေနဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာသွားရောက် လှူဒါန်းသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment