Saturday 19 July 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် တစ်နေ့လျှင်ယာဉ်မောင်း ၄၀ ခန့်အား လိုင်စင်ပိတ်သိမ်း အရေးယူနေရပြီး ခရီးသည်တင်ယာဉ်မောင်း အများဆုံးပါဝင်

Photo: ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် တစ်နေ့လျှင်ယာဉ်မောင်း ၄၀ ခန့်အား လိုင်စင်ပိတ်သိမ်း အရေးယူနေရပြီး ခရီးသည်တင်ယာဉ်မောင်း အများဆုံးပါဝင်
Saturday, July 19, 2014 

ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်မောင်းများအား စောင့်ကြည့်ဖမ်းဆီးရာတွင် တစ်ရက်လျှင် ပျမ်းမျှ ယာဉ်မောင်း ၄၀ ၀န်းကျင်အား စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် လိုင်စင်ပိတ်သိမ်း အရေးယူနေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် သိရသည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် လိုင်စင်ပိတ်သိမ်းခံနေရသည့် ယာဉ်မောင်းအများစုမှာ ခရီးသည်တင်ယာဉ်မှ အများဆုံးဖြစ်ပြီး အငှားယာဉ်မောင်းများမှာ ဒုတိယအများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

“လိုင်စင်ပိတ်သိမ်းပြီးတော့ အရေးယူနေတဲ့ အစီအစဉ်ကို ဇူလိုင် ၁၁ ရက်က စတင်ဆောင်ရွက်နေပါပြီ။ ဖမ်းဆီးရေး အထူးအဖွဲ့ ကိုးဖွဲ့ရှိတယ်။ အခုနောက်ပိုင်းမှာ ဖမ်းဆီးအဖွဲ့ရှိနေတဲ့ နေရာတွေမှာဆိုရင် စည်းကမ်းဖောက်ပြီး မောင်းနှင်မှုတွေ တော်တော်နည်းလာတာ တွေ့ရတယ်။ ဖမ်းဆီးရေးအဖွဲ့မရှိတဲ့ နေရာတွေမှာဆိုရင်တော့ စည်းကမ်းဖောက်ပြီး သွားလာနေကြတာတွေ ရှိသေးတယ်။ ဒီလိုမျိုး စည်းကမ်းဖောက်နေတဲ့ ယာဉ်တွေကိုတွေ့ရှိရင် ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး သတင်းပေးဖို့ လိုပါတယ်။ အဲဒါမှ နေရာအစုံမှာ စည်းကမ်းဖောက်နေတဲ့ ယာဉ်မောင်းတွေကို ထိရောက်စွာ အရေးယူနိုင်မှာဖြစ်ပါတယ်။ အခုလည်း တစ်ရက်ကို ပျမ်းမျှ ယာဉ်မောင်း ၄၀ ကျော်ကို လိုင်စင်ခြောက်လ ပိတ်သိမ်းပြီးတော့ အရေးယူနေရပါတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွင်း စည်းကမ်းဖောက်ပြီး မောင်းနှင်သွားလာမှုများအနက် ရည်ရွယ်ချက်ရှိစွာဖြင့် စည်းကမ်းမဲ့ မောင်းနှင်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နေပြီး မတော်တဆ စည်းကမ်းဖောက်ခဲ့ပါက အရေးယူခံရသည့်ပြစ်ဒဏ်အား လျှော့ချပေးစေရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၊ စစ်ဆေးအရေးယူရေး ဆပ်ကော်မတီသို့ တင်ပြနိုင်ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ ကညန၊ ပို့ဆက် စတဲ့ဌာနပေါင်းစုံက တာဝန်ရှိသူတွေ ပါဝင်တယ်။ ဒီလိုမျိုး အရေးယူခံရမှုမျိုးကို လျှော့ပေါ့ပေးဖို့ တင်ပြလာရင် အဖွဲ့ပေါင်းစုံက သေချာစစ်ဆေးသွားမယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကိုတော့ ထိရောက်စွာ အရေးယူသွားမှာပါ” ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြားသည်။

တက္ကစီယာဉ်မောင်း ကိုလှအောင်က “ဒီလိုမျိုး လိုင်စင်ပိတ်ပြီး အရေးယူနေတာကတော့ စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေအတွက် ကောင်းတဲ့အစီအစဉ် ဖြစ်တယ်။ သွားရင်းလာရင်း တွေ့နေတာကတော့ ခရီးသည်တင်ယာဉ်တွေက လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်နေတာတွေ ကားခေါင်းကို အတင်းထိုးပြီးတော့ နေရာတောင်းတာတွေ အများဆုံးတွေ့နေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေ အနေနဲ့ကတော့ ယာဉ်မရပ်ရတဲ့ နေရာတွေမှာ ခရီးသည်တွေ့ရင် ရပ်ပြီးတော့ တင်တဲ့အခါမှာ စည်းကမ်းဖောက်တဲ့ပုံစံ ဖြစ်သွားတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ယာဉ်မောင်းအများစုမှာ လမ်းပြောင်းပြန်မောင်းနှင်ခြင်း မီးပွိုင့်များတွင် ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ မရပ်ရ သတ်မှတ်ထားသည့် လမ်းများတွင် ယာဉ်ရပ်ခြင်းနှင့် အပြိုင်အဆိုင် မောင်းနှင်ခြင်းတို့ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

Eleven Media Group 

တာမွေမြို့နယ်အတွင်း တစ်နေရာ၌ လမ်းပြောင်းပြန်မောင်းနေသည့် ခရီးသည် တင် ယာဉ်တစ်စီးကို ယခုလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တာမွေမြို့နယ်အတွင်း တစ်နေရာ၌ လမ်းပြောင်းပြန်မောင်းနေသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ယခုလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ -အောင် မျိုး သန့်)
ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းမဲ့မောင်းနှင်နေသည့် ယာဉ်မောင်းများအား စောင့်ကြည့်ဖမ်းဆီးရာတွင် တစ်ရက်လျှင် ပျမ်းမျှ ယာဉ်မောင်း ၄၀ ၀န်းကျင်အား စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် လိုင်စင်ပိတ်သိမ်း အရေးယူနေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် သိရသည်။
ယင်းကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် လိုင်စင်ပိတ်သိမ်းခံနေရသည့် ယာဉ်မောင်းအများစုမှာ ခရီးသည်တင်ယာဉ်မှ အများဆုံးဖြစ်ပြီး အငှားယာဉ်မောင်းများမှာ ဒုတိယအများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

“လိုင်စင်ပိတ်သိမ်းပြီးတော့ အရေးယူနေတဲ့ အစီအစဉ်ကို ဇူလိုင် ၁၁ ရက်က စတင်ဆောင်ရွက်နေပါပြီ။ ဖမ်းဆီးရေး အထူးအဖွဲ့ ကိုးဖွဲ့ရှိတယ်။ အခုနောက်ပိုင်းမှာ ဖမ်းဆီးအဖွဲ့ရှိနေတဲ့ နေရာတွေမှာဆိုရင် စည်းကမ်းဖောက်ပြီး မောင်းနှင်မှုတွေ တော်တော်နည်းလာတာ တွေ့ရတယ်။ ဖမ်းဆီးရေးအဖွဲ့မရှိတဲ့ နေရာတွေမှာဆိုရင်တော့ စည်းကမ်းဖောက်ပြီး သွားလာနေကြတာတွေ ရှိသေးတယ်။ ဒီလိုမျိုး စည်းကမ်းဖောက်နေတဲ့ ယာဉ်တွေကိုတွေ့ရှိရင် ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး သတင်းပေးဖို့ လိုပါတယ်။ အဲဒါမှ နေရာအစုံမှာ စည်းကမ်းဖောက်နေတဲ့ ယာဉ်မောင်းတွေကို ထိရောက်စွာ အရေးယူနိုင်မှာဖြစ်ပါတယ်။ အခုလည်း တစ်ရက်ကို ပျမ်းမျှ ယာဉ်မောင်း ၄၀ ကျော်ကို လိုင်စင်ခြောက်လ ပိတ်သိမ်းပြီးတော့ အရေးယူနေရပါတယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွင်း စည်းကမ်းဖောက်ပြီး မောင်းနှင်သွားလာမှုများအနက် ရည်ရွယ်ချက်ရှိစွာဖြင့် စည်းကမ်းမဲ့ မောင်းနှင်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နေပြီး မတော်တဆ စည်းကမ်းဖောက်ခဲ့ပါက အရေးယူခံရသည့်ပြစ်ဒဏ်အား လျှော့ချပေးစေရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၊ စစ်ဆေးအရေးယူရေး ဆပ်ကော်မတီသို့ တင်ပြနိုင်ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ ကညန၊ ပို့ဆက် စတဲ့ဌာနပေါင်းစုံက တာဝန်ရှိသူတွေ ပါဝင်တယ်။ ဒီလိုမျိုး အရေးယူခံရမှု မျိုးကို လျှော့ပေါ့ပေးဖို့ တင်ပြလာရင် အဖွဲ့ပေါင်းစုံက သေချာစစ်ဆေးသွားမယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကိုတော့ ထိရောက်စွာ အရေးယူသွားမှာပါ” ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောကြားသည်။

တက္ကစီယာဉ်မောင်း ကိုလှအောင်က “ဒီလိုမျိုး လိုင်စင်ပိတ်ပြီး အရေးယူနေတာကတော့ စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေ အတွက် ကောင်း တဲ့ အစီအစဉ် ဖြစ်တယ်။ သွားရင်းလာရင်း တွေ့နေတာကတော့ ခရီးသည်တင်ယာဉ်တွေက လမ်းပြောင်းပြန်မော င်းပြီး ကျော်တက်နေတာတွေ ကားခေါင်းကို အတင်းထိုးပြီးတော့ နေရာတောင်းတာတွေ အများဆုံးတွေ့နေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေ အနေနဲ့ကတော့ ယာဉ်မရပ်ရတဲ့ နေရာတွေမှာ ခရီးသည်တွေ့ရင် ရပ်ပြီးတော့ တင်တဲ့အခါမှာ စည်းကမ်းဖောက်တဲ့ပုံစံ ဖြစ်သွားတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ယာဉ်မောင်းအများစုမှာ လမ်းပြောင်းပြန်မောင်းနှင်ခြင်း မီးပွိုင့်များတွင် ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ မရပ်ရ သတ်မှတ်ထားသည့် လမ်းများ တွင် ယာဉ်ရပ်ခြင်းနှင့် အပြိုင်အဆိုင် မောင်းနှင်ခြင်းတို့ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

Eleven Media Group

No comments:

Post a Comment