Friday 16 May 2014

လန်ဒန်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပါလက်စတိုင်း သမ္မတတို့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး

Photo: လန်ဒန်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ပါလက်စတိုင်း သမ္မတတို့ နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး
Friday, May 16, 2014  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် တို့သည် အစ္စရေး-ပါလက်စတိုင်း အရေးနှင့် စပ်လျဉ်း၍ မေ ၁၄ ရက် ညနေပိုင်းက လန်ဒန်မြို့တွင် နှစ်နာ ရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကယ်ရီနှင့် အဘတ်စ်တို့၏ အဆိုပါ ဆွေးနွေးပွဲသည် အမေရိကန် အစိုးရက ကြားဝင်စေ့စပ် ပေးခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်တန့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်ရန် မဖြစ်မနေ ပြုလုပ်ရမည့် တာဝန်များ ရှိသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါးများကို ဖွင့်ထား ဆဲ ဖြစ်ကြောင်း ကယ်ရီက ယင်းဆွေးနွေးပွဲ အတွင်း အလေးပေး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ၄င်းဆွေးနွေးပွဲတွင် ပါလက်စတိုင်း၏ နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သက်၍ ဂျွန်ကယ်ရီကို အဘတ်စ်က အသေးစိတ် ရှင်းပြခဲ့သည်။

ထို့အပြင် အစ္စရေးကို အသိအမှတ် ပြုနိုင်ရန် အတွက် ပါလက်စတိုင်း အစိုးရ အနေဖြင့် ယခင်ချုပ်ဆို ထားသော စာချုပ်ကို လိုက်နာရန်၊ ဆူပူမှုများ ထပ်မံမဖြစ်ပွားစေရန် ကတိပေးမှု အစရှိသည့် လိုအပ်ချက်များကို ကယ်ရီက ထပ်မံပြောကြားခဲ့ပြီး ၄င်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် ကတိကဝတ် ပြုခဲ့ခြင်း အတွက် ပါလက်စတိုင်း သမ္မတကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(ရိုက်တာ)
မြ၀တီ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် တို့သည် အစ္စရေး-ပါလက်စတိုင်း အရေးနှင့် စပ်လျဉ်း၍ မေ ၁၄ ရက် ညနေပိုင်းက လန်ဒန်မြို့တွင် နှစ်နာ ရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကယ်ရီနှင့် အဘတ်စ်တို့၏ အဆိုပါ ဆွေးနွေးပွဲသည် အမေရိကန် အစိုးရက ကြားဝင်စေ့စပ် ပေးခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်တန့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်ရန် မဖြစ်မနေ ပြုလုပ် ရမည့် တာဝန်များ ရှိသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါးများကို ဖွင့်ထား ဆဲ ဖြစ်ကြောင်း ကယ်ရီက ယင်းဆွေးနွေးပွဲ အတွင်း အလေးပေး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ၄င်းဆွေးနွေးပွဲတွင် ပါလက်စတိုင်း၏ နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သက်၍ ဂျွန်ကယ်ရီကို အဘတ်စ်က အသေးစိတ် ရှင်းပြခဲ့သည်။

ထို့အပြင် အစ္စရေးကို အသိအမှတ် ပြုနိုင်ရန် အတွက် ပါလက်စတိုင်း အစိုးရ အနေဖြင့် ယခင်ချုပ်ဆို ထားသောစာချုပ်ကို လိုက်နာရန်၊ ဆူပူမှုများ ထပ်မံမဖြစ်ပွားစေရန် ကတိပေးမှု အစရှိသည့် လိုအပ်ချက် များကို ကယ်ရီက ထပ်မံပြောကြားခဲ့ပြီး ၄င်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် ကတိကဝတ် ပြုခဲ့ခြင်း အတွက် ပါလက်စတိုင်း သမ္မတကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(ရိုက်တာ)
မြ၀တီ

No comments:

Post a Comment