Friday 16 May 2014

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်

Photo: ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်
Friday, May 16, 2014 

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly
အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေး နိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပ မည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။ 

“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု များ ကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦး က ပြော ကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ ခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒ နယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ်ပွင်းလင်းရာသီ တွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန် ပြောကြား ထား သည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment