Friday 16 May 2014

ရန်ကုန်နှင့်မန္တလေးတွင် ဆင်းရဲမှုလျှော့ချရေးအတွက် ဂျပန်နိုင်ငံ ရန်ပုံငွေမှ ဒေါ်လာလေးသန်းထောက်ပံ့မည်

ရန်ကုန်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေ ထိုင်သည့် ပြည်သူ ၁၈ဝဝဝ ခန့်အတွက် ရေသန့်ရရှိရေးနှင့် မိလ္လာအဆောက်အအုံ များ ကောင်းမွန်စေရန် အာရှဖွံ့ဖြိုးရေးဘဏ် ( ADB ) ၏စီမံမှုဖြင့် ဆင်းရဲမှုလျှော့ ချရေးအ တွက် ဂျပန်နိုင်ငံရန်ပုံငွေ(JFPR)မှ ထောက် ပံ့ကြေး ဒေါ်လာလေးသန်း သုံးစွဲရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း မေ ၉ ရက်တွင် ဗြီ မှထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

လေးနှစ်စီမံကိန်းဖြစ်သည့် အခြေခံအ ဆောက်အအုံ တည်ဆောက်ခြင်းနှင့် အခြေ ခံဝန်ဆောင်မှုများသည် လူဦးရေထူထပ်သည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကူးစက်ရော ဂါပြန့်ပွားမှုများအား လျှော့ချရန်၊ အစိုင်အ ခဲနှင့် စွန့်ပစ်သည့်စနစ် ကောင်းမွန်ရန်နှင့် ရေကြီးရေလျှံခြင်းတို့ လျော့နည်းစေရန် အ တွက် ရည်မှန်း ထားကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 

ADB ၏ အရှေ့တောင်အာရှ ဌာနမှ Social Development Specialist ဖြစ်သူ Linda Adams က ''အခြေခံအဆောက် အအုံအတွက် စီမံကိန်းအခွဲတွေရဲ့ သယ်ယူ ပို့ဆောင်ရေး၊ လုပ်ငန်းဆောင်ရွက်ရေးနဲ့ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူ တွေရဲ့ ပါဝင်ဆောင်ရွက်မှုက အလွန်အရေး ကြီးတယ်''ဟု ပြောသည်။ 

ယခုထောက်ပံ့သည့် ထောက်ပံ့ကြေး တွင် ရေကြီးမှုမဖြစ်ရန်အတွက် ရေစီးဆင်း မှုကောင်းမွန်ရန်၊ လမ်းမ များနှင့် လူသွားလမ်း များကောင်းမွန်အောင် ဆောင်ရွက်ခြင်းလုပ် ငန်းတို့ပါဝင်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဂျပန်သံရုံးမှ Consellor (Economic Overseas Development Assitance ဖြစ်သူ Matsuo Hideaki က ''မြန်မာနိုင်ငံရဲ့ အဓိကမြို့တွေမှာ လူနေမှု စနစ် မြှင့်တင်ဖို့အတွက် မိလ္လာနှင့် ရေသန့် စနစ် တိုးတက်ကောင်းမွန်ရေးဟာ တိုင်းပြည် တိုးတက်မှုမှာ ပါဝင်အောင် သေချာစေဖို့အ တွက် ဆင်းရဲတဲ့ပြည် သူတွေ အကျိုးအမြတ် ရရှိဖို့က အလွန်အရေးကြီးတယ်''ဟု ပြော သည်။ 

ယင်းထောက်ပံ့ကြေးသည် မြို့နယ်လေး မြို့နယ်မှ ရပ်ကွက်လေးခု၏ အစိုင်အခဲစွန့် ပစ်ပစ္စည်းများအတွက် ၁၇ ကီလိုမီတာရှည် သည့် ရေစီးဆင်းသည့် မြောင်းကွန်ရက်များ နှင့် အိမ်သာအလုံးပေါင်း ၂ဝဝဝ အား ၂ဝ၁၈ ခုနှစ်တွင်အပြီးတည်ဆောက်ရန် မျှော်မှန်းထား ကြောင်းသိရသည်။ 

Yangon Media Group

No comments:

Post a Comment