Friday 16 May 2014

မန္တလေးတိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ယခင်နှစ်များထက် ပိုမို မြင့်တက်လာ

Photo: မန္တလေးတိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ယခင်နှစ်များထက် ပိုမို မြင့်တက်လာ
Friday, May 16, 2014

မန္တလေးတိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဖြတ်သန်းသွားလာရာ
Transit ကြားခံမြို့ ဖြစ်သဖြင့် မန္တလေးတိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂ဝ၆ မှု၊ အမျိုးသား တရားခံ ၂၆၂ ဦး၊ အမျိုးသမီး တရားခံ ၆၈ ဦး စုစုပေါင်း ၃၃ဝ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ကာလတန်ဖိုး ငွေကျပ် ၂၄၂၉၁၉၂၂၇ဝ ကို ဖမ်းဆီး ရမိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၄၆ မှု၊ အမျိုးသား တရားခံ ၃၄၆ ဦး၊ အမျိုးသမီး တရားခံ ၁ဝဝ ဦး စုစုပေါင်း တရားခံ ၄၄၆ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု ကာလတန်ဖိုး ငွေကျပ် ၃၅၂ဝ၁၆၃၇၆၇ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၉ စီး၊ ဆိုင်ကယ် ၁၂၅ စီး၊ လက်ကိုင်ဖုန်း ၁၄၄ လုံး၊ မြန်မာငွေ ကျပ် ၂၅၂၄၂၈၁ဝ၇ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုရန် အတွက် ကုန်ကြမ်းဖြစ်သည့် အိန္ဒိယနိုင်ငံ ဘက်မှ လာသော ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ အအေးမိ နှာစေးချောင်းဆိုးပျောက် ဆေးပြားများသည် မန္တလေးမြို့ကို ဖြတ်သန်းလျက် တရုတ်နိုင်ငံ နယ်စပ်ဘက်သို့ သယ်ဆောင် ရောင်းဝယ်မည် ဖြစ်ကြောင်း သတင်း ရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်း အတည်ပြု ဖော်ထုတ်ဆောင်ရွက် ခဲ့ရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၈၂၄၇၆ဝဝဝ အလေးချိန် ၉၃၂ ဒသမ ၁၆ ကီလို စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၁၅၄၆၆၄ဝဝဝ ကို ဖမ်းဆီး ရမိခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၉ဝ မှု၊ အမျိုးသား တရားခံ ၁၄၆ ဦး၊ အမျိုးသမီး တရားခံ ၂၁ ဦး စုစုပေါင်း တရားခံ ၁၆၇ ဦး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၂၂၇၂၁၆၂၂၇၄ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၁ စီး၊ ဆိုင်ကယ် ၃၉ စီး၊ လက်ကိုင်ဖုန်း ၅၂ လုံး၊ မြန်မာငွေ ကျပ် ၈၄၅၄၇၅ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဖမ်းဆီးရမိမှုများ အနေနှင့် အောင်မြေသာဇံ မြို့နယ်တွင် နှစ်မှု၊ ချမ်းအေးသာဇံ မြို့နယ်တွင် ၁၁ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၄ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ၁၅ မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၁၅ မှု၊ ပုသိမ်ကြီး မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် မြို့နယ်တွင် သုံးမှု၊ မိုးကုတ် မြို့နယ်တွင် နှစ်မှု၊ မတ္တရာ မြို့နယ်တွင် နှစ်မှု၊ စဥ့်ကူးမြို့နယ်တွင် သုံးမှု၊ ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ သပိတ်ကျင်း မြို့နယ်တွင် ခြောက်မှု၊ သာစည် မြို့နယ်တွင် လေးမှု၊ ရမည်းသင်း မြို့နယ်တွင် သုံးမှု၊ မြင်းခြံ မြို့နယ်တွင် တစ်မှု၊ မိတ္ထီလာ မြို့နယ်တွင် ငါးမှုတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ တစ်နှစ်ထက် တစ်နှစ် ပိုမို ဖမ်းဆီး ရမိမှုမှာ ပြည်သူလူထု ပူးပေါင်း ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပိုမို တိုးတက် အောင်မြင်စေရေး အတွက် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ
မန္တလေးတိုင်း ဒေသကြီးသည် မူးယစ်ဆေးဝါးများ သယ်ဆောင်၍ ဖြတ်သန်းသွားလာရာ Transit ကြားခံမြို့ ဖြစ် သဖြင့် မန္တလေးတိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်း များ ဆောင် ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂ဝ၆ မှု၊ အမျိုးသား တရားခံ ၂၆၂ ဦး၊ အမျိုး သမီး တရားခံ ၆၈ ဦး စုစုပေါင်း ၃၃ဝ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ကာလတန်ဖိုး ငွေကျပ် ၂၄၂၉၁၉၂၂၇ဝ ကို ဖမ်းဆီး ရမိခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၄၆ မှု၊ အမျိုးသား တရားခံ ၃၄၆ ဦး၊ အမျိုးသမီး တရားခံ ၁ဝဝ ဦး စုစုပေါင်း တရားခံ ၄၄၆ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု ကာလတန်ဖိုး ငွေကျပ် ၃၅၂ဝ၁၆၃၇၆၇ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၉ စီး၊ ဆိုင်ကယ် ၁၂၅ စီး၊ လက်ကိုင်ဖုန်း ၁၄၄ လုံး၊ မြန်မာငွေ ကျပ် ၂၅၂၄၂၈၁ဝ၇ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုရန် အတွက် ကုန်ကြမ်းဖြစ်သည့် အိန္ဒိယနိုင်ငံ ဘက်မှ လာသော ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ အအေးမိ နှာစေးချောင်းဆိုးပျောက် ဆေးပြားများသည် မန္တလေးမြို့ကို ဖြတ်သန်းလျက် တရုတ်နိုင်ငံ နယ်စပ်ဘက်သို့ သယ်ဆောင် ရောင်းဝယ်မည် ဖြစ်ကြောင်း သတင်း ရရှိသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်း အတည်ပြု ဖော်ထုတ်ဆောင် ရွက် ခဲ့ရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၈၂၄၇၆ဝဝဝ အလေးချိန် ၉၃၂ ဒသမ ၁၆ ကီလို စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၁၅၄၆၆၄ဝဝဝ ကို ဖမ်းဆီး ရမိခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၉ဝ မှု၊ အမျိုး သား တရားခံ ၁၄၆ ဦး၊ အမျိုးသမီး တရားခံ ၂၁ ဦး စုစုပေါင်း တရားခံ ၁၆၇ ဦး၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၂၂၇၂၁၆၂၂၇၄ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ဆက်နွှယ်သည့် ကား ၁၁ စီး၊ ဆိုင်ကယ် ၃၉ စီး၊ လက်ကိုင်ဖုန်း ၅၂ လုံး၊ မြန်မာငွေ ကျပ် ၈၄၅၄၇၅ဝ တို့ကို ဖမ်းဆီး နိုင်ခဲ့ပြီး မြို့နယ်အလိုက် ဖမ်းဆီးရမိမှုများ အနေနှင့် အောင်မြေသာဇံ မြို့နယ်တွင် နှစ်မှု၊ ချမ်းအေးသာဇံ မြို့နယ်တွင် ၁၁ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၄ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ၁၅ မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၁၅ မှု၊ ပုသိမ်ကြီး မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် မြို့နယ်တွင် သုံးမှု၊ မိုးကုတ် မြို့နယ်တွင် နှစ်မှု၊ မတ္တရာ မြို့နယ်တွင် နှစ်မှု၊ စဥ့်ကူးမြို့နယ်တွင် သုံးမှု၊ ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ သပိတ်ကျင်း မြို့နယ်တွင် ခြောက်မှု၊ သာစည် မြို့နယ်တွင် လေးမှု၊ ရမည်းသင်း မြို့နယ်တွင် သုံးမှု၊ မြင်းခြံ မြို့နယ်တွင် တစ်မှု၊ မိတ္ထီလာ မြို့နယ်တွင် ငါးမှုတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ တစ်နှစ်ထက် တစ်နှစ် ပိုမို ဖမ်းဆီး ရမိမှုမှာ ပြည်သူ လူထု ပူးပေါင်း ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး လုပ်ငန်းများကို ပိုမို တိုးတက် အောင်မြင်စေရေး အတွက် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment