Friday 16 May 2014

မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA

Photo: မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းပျောက်အောင် လုပ်နေသော KIA
Friday, May 16, 2014

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သောလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်းရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား ဆိုတာကိုတောင် တွေးစရာဖြစ်နေ သည်။
သေချာစဉ်းစားကြည့်ရင်တော့ ဗိုလ်ချုပ် ဂွမ်မော် အကြောင်းပြချက်ပေးတာလို့ မြင်မိတယ်။ ဘာကြောင့်လဲ ဆိုတော KIA စတင်တည်ထောင်စဉ် မူလအစက ကချင်လူမျိုးများ တန်းတူအခွင့်အရေး ရဖို့ဟုဆိုကာ အစိုးရအား လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၉၄ ခုနှစ်မှ စတင်၍ KIA ဟာ ၁၇ နှစ်တိုင်တိုင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး စီးပွားရေးတွေလုပ်၊ လူသစ်တွေစု၊ သယံဇာတတွေ ထုတ်ရောင်းနေတဲ့ အချိန်မှာ ကချင်ပြည်နယ်နှင့် ကချင်လူမျိုးတွေ လွတ်လပ်ရေးမရသေးဘူးလို့ တစ်ခွန်းမှပြောခဲ့ဘူးတာ မရှိပါဘူး။ ယခုနောက်ပိုင်း လူအင်အား၊ လက်နက်အင်အားနှင့် စီးပွားရေးတွေ တောင့်တင်းလာပြီး တရားမ၀င်စီးပွားရေး လုပ်ငန်းမျာလုပ်၊ တရုတ်နိုင်ငံသားများအား တရားမ၀င်ခိုးသွင်း၊ ကချင်ပြည်နယ်၏ အဖိုးတန်လှသော သယံဇာတများကိုရောင်းချ ၊ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသော ကချင် တိုင်းရင်းသားနှင့် ဒေသခံတို့၏ သား/သမီးများအား အတင်းအကြပ် လူသစ်စုဆောင်းမှုတွေ ပြုလုပ်လာသဖြင့် အစိုးရမှ ဝင်ရောက်ထိန်းသိမ်းသောကြောင့် ၂၀၁၁ ခုနှစ်မှာ စပြီး စာချုပ်ပျက်ပြယ်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ဒါကို KIA က အစိုးရက ကျူးကျော်စစ်တွေ ဆင်နွဲလို့ တိုက်ပွဲတွေဖြစ်တာပါဆိုပြီး အော်ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ် ဂွမ်မော်ပြောသလို KIA ဟာ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်လပ်ရေး မရလို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကချင်ပြည်နယ်ရှိ အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် သယံဇာတများကို ၎င်းတို့ရဲ့ လက်တစ်စုပ်စာ KIA အဖွဲ့ရရှိဖို့ စစ်တိုက်နေတာပါ။ အဖိုးတန် သယံဇာတများမှ ရရှိတဲ့အကျိုးအမြတ်ကိုလည်း ကချင်လူထု အတွက်မဆိုထားနဲ KIA မှ အောက်ခြေရဲဘော်တွေတောင် သိခွင့်၊ ခံစားခွင့်မရှိပါဘူး။ ယခုလဲ အစိုးရက အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်လိုတဲ့စိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်နေ သော်လည်း KIA မှ အကြောင်းအမျိုးအမျိုးပြကာ လက်မှတ်မထိုးပဲ ပြုလုပ်နေခြင်းဟာ ကချင်လူထု ကောင်းစားရေး၊ ကချင် ပြည်နယ် လွတ်လပ်ရေးအတွက် ကာကွယ်နေခြင်းမဟုတ်ပဲ ၎င်းင်းတို့၏ အကျိုးစီးပွားအတွက် ကာကွယ်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ ၎င်းတို့အဖွဲရဲ့ အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲများဖြစ်အောင် ဖန်တီး နေခြင်းဟာ ငြိမ်းချမ်းရေးလမ်းကြောင်းထဲက သွေးဖယ်နေကာ မြန်မာပြည်မြေပုံကို ခေါင်းပိုင်းပျောက်အောင် KIA ဟာ လုပ်နေပြီး ကချင်လူမျိုးတွေကိုလဲ တိုင်းရင်းသားညီနောင်ဘွားတွေနဲ့ ကင်းကွာအောင် လွတ်လပ်ရေးတောင်းဆိုနေတာ လားလို့တောင် မေးစရာပင် ဖြစ်နေပါတော့တယ်။

မောင်ဇော်

Credit to Man Super
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး စစ်မှန်သော လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြေပြန့်နှင့်တောင်တန်းဒေသများရှိ တိုင်းရင်းသားအားလုံးဟာ အဲဒီအချိန်ကစပြီး လွတ်လပ်သွားပြီးဆိုတာ သိထား၊ လက်ခံထားကြပါတယ်။ ဒါပေမဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင်တွင် လည်း ရလိုကြောင်း မီဒီယာ စာမျက်နှာတွေမှာ တရားဝင်ပြောကြား လိုက်တာကို တွေ့ရပါတယ်။ ဒါဆိုရင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရှိတာကို ဗိုလ်ချုပ် ဂွမ်မော်က မသိလိုက်တာလား…….မသိချင်ယောင်ဆောင်နေတာလား….. ဒါမှမဟုတ် အင်္ဂလိပ်တွေက ကချင်လူမျိုးတွေ ကို တစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်ရေး ပေးပါတယ်လို့ မပြောခဲ့လိုလား ဆိုတာကိုတော င် တွေး စရာဖြစ်နေ သည်။
သေချာစဉ်းစားကြည့်ရင်တော့ ဗိုလ်ချုပ် ဂွမ်မော် အကြောင်းပြချက်ပေးတာလို့ မြင်မိတယ်။ ဘာကြောင့်လဲ ဆိုတော KIA စတင်တည်ထောင်စဉ် မူလအစက ကချင်လူမျိုးများ တန်းတူအခွင့်အရေး ရဖို့ဟုဆိုကာ အစိုးရအား လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ။ အဲ့ဒီနောက် ၁၉၉၄ ခုနှစ်မှ စတင်၍ KIA ဟာ ၁၇ နှစ်တိုင်တိုင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး စီးပွားရေးတွေလုပ်၊ လူသစ်တွေစု၊ သယံဇာတတွေ ထုတ်ရောင်းနေတဲ့ အချိန်မှာ ကချင်ပြည်နယ်နှင့် ကချင်လူမျိုးတွေ လွတ်လပ်ရေးမရသေးဘူးလို့ တစ်ခွန်း မှပြော ခဲ့ ဘူးတာ မရှိပါဘူး။ ယခုနောက်ပိုင်း လူအင်အား၊ လက်နက်အင်အားနှင့် စီးပွားရေးတွေ တောင့် တင်း လာပြီး တရားမ၀င်စီးပွားရေး လုပ်ငန်းမျာလုပ်၊ တရုတ်နိုင်ငံသားများအား တရားမ၀င်ခိုးသွင်း၊ ကချင်ပြည်နယ်၏ အဖိုးတန်လှသော သယံဇာတများကိုရောင်းချ ၊ အေးချမ်းစွာ လုပ်ကိုင်စားသောက် ကြသော ကချင် တိုင်းရင်းသားနှင့် ဒေသခံတို့၏ သား/သမီးများအား အတင်းအကြပ် လူသစ်စုဆောင်း မှုတွေ ပြုလုပ်လာသဖြင့် အစိုးရမှ ဝင်ရောက်ထိန်းသိမ်းသောကြောင့် ၂၀၁၁ ခုနှစ်မှာ စပြီး စာချုပ်ပျက်ပြယ် ကာ တိုက်ပွဲ များပြန်လည်ဖြစ်ပွားခဲ့သည်။ ဒါကို KIA က အစိုးရက ကျူးကျော်စစ်တွေ ဆင်နွဲလို့ တိုက်ပွဲတွေဖြစ် တာ ပါ ဆိုပြီး အော်ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ် ဂွမ်မော်ပြောသလို KIA ဟာ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ် လွတ်လပ်ရေး မရလို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကချင်ပြည်နယ်ရှိ အဖိုးတန်တွင်းထွက်ပစ္စည်းများနှင့် သယံဇာတများကို ၎င်းတို့ရဲ့ လက်တစ်စုပ်စာ KIA အဖွဲ့ရရှိဖို့ စစ်တိုက်နေတာပါ။ အဖိုးတန် သယံဇာတများမှ ရရှိတဲ့အကျိုးအမြတ်ကိုလည်း ကချင်လူထု အတွက်မဆိုထားနဲ KIA မှ အောက်ခြေရဲဘော်တွေတောင် သိခွင့်၊ ခံစားခွင့်မရှိပါဘူး။ ယခုလဲ အစိုးရက အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေး ကို ပြန်လည် တည်ဆောက်လိုတဲ့စိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်နေ သော်လည်း KIA မှ အကြောင်းအမျိုးအမျိုးပြကာ လက်မှတ်မထိုးပဲ ပြုလုပ်နေခြင်းဟာ ကချင်လူထု ကောင်းစားရေး၊ ကချင် ပြည် နယ် လွတ်လပ်ရေးအတွက် ကာကွယ်နေခြင်းမဟုတ်ပဲ ၎င်းင်းတို့၏ အကျိုးစီးပွားအတွက် ကာကွယ်နေ တယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်း ထန် တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ ၎င်းတို့အဖွဲရဲ့ အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲများဖြစ်အောင် ဖန်တီး နေခြင်းဟာ ငြိမ်းချမ်းရေးလမ်းကြောင်း ထဲက သွေး ဖယ်နေကာ မြန်မာပြည်မြေပုံကို ခေါင်းပိုင်းပျောက်အောင် KIA ဟာ လုပ်နေပြီး ကချင်လူမျိုးတွေကိုလဲ တိုင်းရင်းသားညီနောင်ဘွားတွေနဲ့ ကင်းကွာအောင် လွတ်လပ်ရေးတောင်းဆိုနေတာ လားလို့တောင် မေးစရာပင် ဖြစ်နေပါတော့တယ်။

မောင်ဇော်
Credit to Man Super

No comments:

Post a Comment