Friday 16 May 2014

ရန်ကုန်- မန္တလေး အမြန် လမ်းမ ကြီးပေါ်၌ မော်တော် ယာဉ်များ မတော် တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Photo: ရန်ကုန်- မန္တလေး အမြန် လမ်းမ ကြီးပေါ်၌ မော်တော် ယာဉ်များ မတော် တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
Friday, May 16, 2014

လုံခြုံ စိတ်ချ ရသည့် သယ်ယူ ပို့ဆောင်ရေး စနစ် တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည်

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးပေါ်၌ မော်တော်ယာဉ်များ မတော်တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ရာဇာမင်း ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက် မှုနှင့် ပတ်သက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှု များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ခရီးသွား လာနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ ယာဉ်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် ခရီးသွားများ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ကောင်း ကျိုးဆောင် ရွက်ရမည် ဆိုလျှင် မိမိတို့ထံ ပေးလာသည့် အကြံဥာဏ် များအား လက်ခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ထွက်ပေါ်လာသည့် အဖြေများ၊ အကြံပြုချက်များ နှင့်အညီ ပို၍ လုံခြုံ စိတ်ချရသည့် သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အဝေးပြေး လမ်းများတွင် အထူးခရီးသွား အာမခံလုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး တည်ဆောက်မှု အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက မော်တော်ယာဉ် မောင်းများနှင့် ပတ်သက်၍ ကျန်းမာရေး ကြိုတင်ကာကွယ် စစ်ဆေးခြင်းနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက် လာကြသည့် သတင်း မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အမြန်လမ်းမကြီးနှင့် ပတ်သက်၍ စစ်တမ်းများ ကောက်ယူရာတွင် ယာဉ် ကြောင့် ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း နည်းပါးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ အတွက် ထိထိရောက်ရောက် အကောင်းဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ မီဒီယာများ သိရှိလိုသည့် မေးမြန်းချက်များမှ မိမိတို့ လိုအပ်ချက်များကို သိရှိရ၍ ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့ကြသည်။

ဦးလျန်ကျင့်မန်၊ ညွှန်ကြားရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

ယာဉ်မောင်းလိုင်စင်တွေ ထုတ်ပေးတဲ့ နေရာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ရက်တို သင်တန်းတွေ၊ သိသင့်သိထိုက်တဲ့ ယာဉ်သွားလာ မောင်းနှင်မှု စည်းကမ်းတွေကို စစ်ဆေးပြီး ထုတ်ပေးပါတယ်။

ဦးစိုးဝင်း၊ အင်ဂျင်နီယာချုပ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

မော်တော်ယာဉ် ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ မော်တော်ယာဉ် ဥပဒေအရ နှစ်စဉ်မော်တော် ယာဉ်သက်တမ်း တိုးတဲ့အခါ မော်တော်ယာဉ် တစ်စီးရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်း တွေကို နည်းပညာနဲ့ စစ်ဆေးခြင်း၊ မျက်မြင်စစ်ဆေးခြင်း စတဲ့ သတ်မှတ်ချက်တွေ အတိုင်း သေချာစွာ စစ်ဆေးပါတယ်။

မော်တော်ယာဉ်တစ်စီး ကြံ့ခိုင်ဖို့ဆိုတာ မော်တော်ယာဉ် ပိုင်ရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ ယာဉ်တစ်စီးလုံးရဲ့ ကြံ့ခိုင်ရေးဆိုတာ ယာဉ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အလိုက် ရှိသင့် ရှိထိုက်တဲ့ သက်တမ်းကို အမြဲစစ်ဆေး နေဖို့ လိုအပ်ပါတယ်။

ရဲမှူးကြီး နေဝင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူး

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ပြီး ချက်ချင်း ယာဉ်မောင်းလိုင်စင် စစ်ဆေးပါတယ်။ ရာဇာမင်း အမြန်ယာဉ် ယာဉ်မောင်းရဲ့ လိုင်စင်က (ခ)လိုင်စင် ဖြစ်နေတယ်။ ယာဉ်မောင်းရဲ့ (င) လိုင်စင်က ၂ဝ၁၁ ခုနှစ်ကတည်းက ယာဉ်တိုက် မှုဖြစ် လို့ ပိတ်သိမ်းထားတယ်လို့ သိရတယ်။ ယာဉ်ပိုင်ရှင်ရော ယာဉ်လိုင်းကပါ သိသိ ကြီးနဲ့ဆက်လက် မောင်းနှင်ခွင့် ပြုထားတာ တွေ့ရတယ်။ ယာဉ်မောင်းကို ပုဒ်မ ၃ဝ၄(က) ၃၃၇၊ ၃၃၈၊ ၂၇၉ တွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ မောင်းနှင်ခွင့် လိုင်စင် မရှိဘဲ မောင်းနှင်တဲ့ အတွက်ပါ။ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှာ ရဲစခန်း ၁၅ခု၊ ရဲကင်း ၄၂ခု ဖြန့်ခွဲတာဝန် ချထားပါတယ်။ တကယ်လို့ အမြန်လမ်းမကြီးပေါ်မှာ ဘေးအန္တရာယ် တစ်စုံတစ်ခု ဖြစ်ခဲ့ရင် အမြန် လမ်း ရဲတပ်ဖွဲ့Hotline နံပါတ် ဝ၉- ၄၂ဝ၈၈၈၈ဝ၁ ကနေ ဝ၉- ၄၂ဝ၈၈၈၈၇ဝ အထိ ဖုန်းအလုံး ၇ဝကို ဆက်သွယ် နိုင်ပါတယ်။ Call Center တစ်ခုကိုလည်း ထပ်ဖွင့်ဖို့ စီစဉ် ထားပါတယ်။

မြ၀တီ
လုံခြုံ စိတ်ချ ရသည့် သယ်ယူ ပို့ဆောင်ရေး စနစ် တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည်
ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးပေါ်၌ မော်တော်ယာဉ်များ မတော်တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သတင်း စာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ရာဇာမင်း ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက် မှုနှင့် ပတ်သက်၍ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှု များကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊
ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ခရီးသွား လာနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း များ၊ ယာဉ်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် ခရီးသွားများ ကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ကောင်း ကျိုးဆောင် ရွက်ရမည် ဆိုလျှင် မိမိတို့ထံ ပေးလာသည့် အကြံဥာဏ် များအား လက်ခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ထွက်ပေါ်လာသည့် အဖြေများ၊ အကြံပြုချက်များ နှင့်အညီ ပို၍ လုံခြုံ စိတ်ချရသည့် သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ရပ် ဖြစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အဝေးပြေး လမ်းများ တွင် အထူးခရီးသွား အာမခံလုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး တည်ဆောက်မှု အခြေအနေများကို လည်းကောင်း၊ ကျန်း မာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး က မော်တော် ယာဉ် မောင်းများနှင့် ပတ်သက်၍ ကျန်းမာရေး ကြိုတင်ကာကွယ် စစ်ဆေးခြင်းနှင့် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား ရှင်းလင်း ဆွေးနွေး သည်။

ယင်းနောက် တက်ရောက် လာကြသည့် သတင်း မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြ ရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေ ကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အမြန်လမ်းမကြီးနှင့် ပတ်သက်၍ စစ်တမ်းများ ကောက်ယူရာတွင် ယာဉ် ကြောင့် ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း နည်းပါးပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ အတွက် ထိထိရောက်ရောက် အကောင်း ဆုံး ဆောင် ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ မီဒီယာများ သိရှိလိုသည့် မေးမြန်းချက်များမှ မိမိတို့ လိုအပ်ချက် များကို သိရှိရ၍ ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်း ခဲ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့ကြသည်။

ဦးလျန်ကျင့်မန်၊ ညွှန်ကြားရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
ယာဉ်မောင်းလိုင်စင်တွေ ထုတ်ပေးတဲ့ နေရာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ရက်တို သင် တန်းတွေ၊ သိသင့်သိထိုက်တဲ့ ယာဉ်သွားလာ မောင်းနှင်မှု စည်းကမ်းတွေကို စစ်ဆေးပြီး ထုတ်ပေးပါတယ်။

ဦးစိုးဝင်း၊ အင်ဂျင်နီယာချုပ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
မော်တော်ယာဉ် ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ မော်တော်ယာဉ် ဥပဒေအရ နှစ်စဉ်မော်တော် ယာဉ်သက်တမ်း တိုးတဲ့အခါ မော်တော်ယာဉ် တစ်စီးရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်း တွေကို နည်းပညာနဲ့ စစ်ဆေးခြင်း၊ မျက်မြင်စစ်ဆေးခြင်း စတဲ့ သတ်မှတ်ချက်တွေ အတိုင်း သေချာစွာ စစ်ဆေးပါတယ်။

မော်တော်ယာဉ်တစ်စီး ကြံ့ခိုင်ဖို့ဆိုတာ မော်တော်ယာဉ် ပိုင်ရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ ယာဉ် တစ်စီး လုံးရဲ့ ကြံ့ခိုင်ရေးဆိုတာ ယာဉ်မှာရှိတဲ့ အစိတ်အပိုင်းတွေ အလိုက် ရှိသင့် ရှိထိုက်တဲ့ သက်တမ်းကို အမြဲစစ်ဆေး နေဖို့ လိုအပ်ပါတယ်။

ရဲမှူးကြီး နေဝင်း၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူး
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ပြီး ချက်ချင်း ယာဉ်မောင်းလိုင်စင် စစ်ဆေးပါတယ်။ ရာဇာမင်း အမြန်ယာဉ် ယာဉ်မောင်းရဲ့ လိုင်စင်က (ခ)လိုင်စင် ဖြစ်နေတယ်။ ယာဉ်မောင်းရဲ့ (င) လိုင်စင်က ၂ဝ၁၁ ခုနှစ်ကတည်းက ယာဉ်တိုက် မှုဖြစ် လို့ ပိတ်သိမ်းထားတယ်လို့ သိရတယ်။ ယာဉ်ပိုင်ရှင်ရော ယာဉ်လိုင်းကပါ သိသိ ကြီးနဲ့ဆက်လက် မောင်းနှင်ခွင့် ပြုထားတာ တွေ့ရတယ်။ ယာဉ်မောင်းကို ပုဒ်မ ၃ဝ၄(က) ၃၃၇၊ ၃၃၈၊ ၂၇၉ တွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ မောင်းနှင်ခွင့် လိုင်စင် မရှိဘဲ မောင်းနှင် တဲ့ အတွက်ပါ။ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှာ ရဲစခန်း ၁၅ခု၊ ရဲကင်း ၄၂ခု ဖြန့်ခွဲတာဝန် ချထားပါတယ်။ တကယ်လို့ အမြန် လမ်းမကြီးပေါ်မှာ ဘေးအန္တရာယ် တစ်စုံတစ်ခု ဖြစ်ခဲ့ရင် အမြန် လမ်း ရဲတပ်ဖွဲ့Hotline နံပါတ် ဝ၉- ၄၂ဝ၈၈၈၈ဝ၁ ကနေ ဝ၉- ၄၂ဝ၈၈၈၈၇ဝ အထိ ဖုန်းအလုံး ၇ဝကို ဆက်သွယ် နိုင်ပါတယ်။ Call Center တစ်ခု ကိုလည်း ထပ်ဖွင့်ဖို့ စီစဉ် ထားပါတယ်။

မြ၀တီ

No comments:

Post a Comment