Monday 5 May 2014

ဘုရင့်နောင် ပဲဈေးကွက် ငွေကြေး သိန်းပေါင်းသောင်းချီ အရှုပ်တော်ပုံ ထပ်မံပေါ်ပေါက်

Photo: ဘုရင့်နောင် ပဲဈေးကွက် ငွေကြေး သိန်းပေါင်းသောင်းချီ အရှုပ်တော်ပုံ ထပ်မံပေါ်ပေါက် 
Monday, May 5, 2014

မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန် ဈေးကွက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ပဲဈေးကွက်တွင် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေး အရှုပ်အရှင်းတစ်ခု ထပ်မံဖြစ်ပေါ်လျက် ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေလ ၄ ရက်မှ စတင် ကိုင်တွယ်လျက် ရှိပြီး ပြဿနာ အားလုံးကို ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းက ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ ဖြစ်နေတာ ဟုတ်ပါတယ်။ ကျပ်သိန်းပေါင်း သိန်းချီ ဆိုတာတော့ မဟုတ်ပါဘူး။ ပမာဏက အဲလောက် မများဘူး။ အခု တွေ့ရသလောက်ပေါ့လေ။ ဖြစ်ရတဲ့ အကြောင်းကတော့ ပေးစရာ ရှိတာနဲ့ ရစရာ ရှိတာ မမျှတာပါ” ဟု အမည်မဖော်လိုသည့် အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ငွေကြေး အရှုပ်အရှင်းကို ဖြေရှင်းဆဲဖြစ်၍ ကုမ္ပဏီအမည်နှင့် ပိုင်ရှင်ကို ဖွင့်မပြောလိုသေးကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ယင်းငွေကြေး ပြဿနာသည် ကျပ်သိန်းပေါင်း သောင်းချီ ဖြစ်သည်ဟု ဆိုသော်လည်း ဘုရင့်နောင် ပဲဈေးကွက်တွင်မူ ငွေကြေး ကျပ်သိန်းပေါင်း နှစ်သိန်းခန့် အရှုပ်အရှင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ပဲလုပ်ငန်းရှင် အသိုင်းအဝန်းထံမှ သိရသည်။

“တို့စီးပွားရေး လောကကြီးကတော့ သွားပါပြီကွာ။ လူတွေက စီးပွားရေးတွေ ကျနေတဲ့အချိန်။ ဒီပိုက်ဆံတွေက နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး။ အားလုံးကို အကျိုးသက်ရောက်မှု ရှိတယ်” ဟု ဘုရင့်နောင်အခြေစိုက် ပဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငွေကြေး အရှုပ်အရှင်း ဖြစ်ပေါ်သည့် ပုဂ္ဂိုလ်သည် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပေးရန်ရှိ၊ ရရန်ရှိ စာရင်းများကို မရှင်းနိုင်သောကြောင့် ၎င်း၏ ပစ္စည်းပိုင်ဆိုင်မှု စာရင်း၊ ရရန်ရှိနှင့် ပေးရန်ရှိ ငွေစာရင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ တင်ပြထားပြီး ရရန်ရှိ ငွေကြေးနှင့် ပေးရန်ရှိ ငွေကြေးတို့ မျှတပါက ပြဿနာ ပြေလည်မည် ဖြစ်ကြောင်း ပြည်ပပို့ ပဲလုပ်ငန်းရှင် ဒေါက်တာမြတ်စိုးက ပြောကြားသည်။

မြန်မာဘက်မှ ပဲကုမ္ပဏီတစ်ခုနှင့် ပြည်ပကုမ္ပဏီများ အကြား အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့် တန်ဖိုးရှိ ငွေကြေး အရှုပ်အရှင်း တစ်ခု ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ပေါ်ပေါက်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်မျာ အသင်းချုပ် (UMFCCI)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းတို့က ဝင်ရောက် ဖြေရှင်းပေးခဲ့ကြသည်။

မြန်မာ့ဆန်ဈေးကွက်သည် ထိန်းချုပ်မှုများသည့် ဈေးကွက်တစ်ခု ဖြစ်နေချိန်တွင် ငွေကြေးအရှုပ်အရှင်း မကြာခဏ ဖြစ်ပေါ်နေသော မြန်မာ့ပဲဈေးကွက်သည် အထိန်းအချုပ် ကင်းမဲ့သော ဈေးကွက် ဖြစ်လျက်ရှိကြောင်း ပြည်တွင်းကုန်သည်များက ဝေဖန်လျက် ရှိသည်။

The Voice Weekly
မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန် ဈေးကွက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ပဲဈေးကွက်တွင် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေး အရှုပ်အရှင်းတစ်ခု ထပ်မံဖြစ်ပေါ်လျက် ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မေလ ၄ ရက်မှ စတင် ကိုင်တွယ်လျက် ရှိပြီး ပြဿနာ အားလုံးကို ပဲမျိုးစုံနှင့် နှမ်း လုပ်ငန်း ရှင်များ အသင်းက ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ ဖြစ်နေတာ ဟုတ်ပါတယ်။ ကျပ်သိန်းပေါင်း သိန်းချီ ဆိုတာတော့ မဟုတ်ပါဘူး။ ပမာဏက အဲလောက် မများဘူး။ အခု တွေ့ရသလောက်ပေါ့လေ။ ဖြစ်ရတဲ့ အကြောင်းကတော့ ပေးစရာ ရှိတာနဲ့ ရစရာ ရှိတာ မမျှတာပါ” ဟု အမည်မဖော်လိုသည့် အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ငွေကြေး အရှုပ်အရှင်းကို ဖြေရှင်းဆဲဖြစ်၍ ကုမ္ပဏီအမည်နှင့် ပိုင်ရှင်ကို ဖွင့်မပြောလိုသေးကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ယင်းငွေကြေး ပြဿနာသည် ကျပ် သိန်းပေါင်း သောင်းချီ ဖြစ်သည်ဟု ဆိုသော်လည်း ဘုရင့်နောင် ပဲဈေးကွက်တွင်မူ ငွေကြေး ကျပ် သိန်းပေါင်း နှစ်သိန်းခန့် အရှုပ်အရှင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ပဲလုပ်ငန်းရှင် အသိုင်း အဝန်းထံမှ သိရသည်။

“တို့စီးပွားရေး လောကကြီးကတော့ သွားပါပြီကွာ။ လူတွေက စီးပွားရေးတွေ ကျနေတဲ့အချိန်။ ဒီပိုက် ဆံတွေက နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး။ အားလုံးကို အကျိုးသက်ရောက်မှု ရှိတယ်” ဟု ဘုရင့်နောင် အခြေစိုက် ပဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငွေကြေး အရှုပ်အရှင်း ဖြစ်ပေါ်သည့် ပုဂ္ဂိုလ်သည် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပေးရန်ရှိ၊ ရရန်ရှိ စာရင်း များကို မရှင်းနိုင်သောကြောင့် ၎င်း၏ ပစ္စည်းပိုင်ဆိုင်မှု စာရင်း၊ ရရန်ရှိနှင့် ပေးရန်ရှိ ငွေစာရင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ တင်ပြထားပြီး ရရန်ရှိ ငွေကြေးနှင့် ပေး ရန်ရှိ ငွေကြေးတို့ မျှတပါက ပြဿနာ ပြေလည်မည် ဖြစ်ကြောင်း ပြည်ပပို့ ပဲလုပ်ငန်း ရှင် ဒေါက်တာမြတ်စိုး က ပြောကြားသည်။

မြန်မာဘက်မှ ပဲကုမ္ပဏီတစ်ခုနှင့် ပြည်ပကုမ္ပဏီများ အကြား အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့် တန်ဖိုး ရှိ ငွေကြေး အရှုပ်အရှင်း တစ်ခု ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ပေါ်ပေါက် ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်မျာ အသင်းချုပ် (UMFCCI)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်း ရှင် များ အသင်းတို့က ဝင်ရောက် ဖြေရှင်းပေးခဲ့ကြသည်။

မြန်မာ့ဆန်ဈေးကွက်သည် ထိန်းချုပ်မှုများသည့် ဈေးကွက်တစ်ခု ဖြစ်နေချိန်တွင် ငွေကြေးအရှုပ်အရှင်း မကြာခဏ ဖြစ်ပေါ်နေသော မြန်မာ့ပဲဈေးကွက်သည် အထိန်းအချုပ် ကင်းမဲ့သော ဈေး ကွက် ဖြစ် လျက်ရှိကြောင်း ပြည်တွင်းကုန်သည်များက ဝေဖန်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment