Monday 5 May 2014

တရုတ် နိုင်ငံသည် အမေရိကန်ကို ကျော်လွန်၍ စီးပွားရေး ထိပ်တန်း နိုင်ငံ ဖြစ်လာနိုင်

Photo: တရုတ် နိုင်ငံသည် အမေရိကန်ကို ကျော်လွန်၍ စီးပွားရေး ထိပ်တန်း နိုင်ငံ ဖြစ်လာနိုင်
Monday, May 5, 2014

တရုတ် နိုင်ငံသည် ယခင်က မျှော်မှန်းထားသည့် အချိန်ကာလထက် စော၍ အမေရိကန် ပြည်ထောင်စုကို ကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနိုင်ငံ၏ နေရာ ကို လွှဲပြောင်းယူသွားနိုင်ဖွယ် ရှိကြောင်း စာရင်း ဇယားများ အရ သိရသည်။

၂ဝ၁၁ ခုနှစ်တွင် ကောက်ယူရရှိ ထားသော စာရင်းဇယား များအရ ၂ဝ၁၁ ခုနှစ်အတွက် အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး GDPသည် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၃၃ ထရီလီယံရှိပြီး တရုတ်နိုင်ငံ၏ GDP မှာမူ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၂၁ ထရီလီယံ ရှိခြင်းကြောင့် အမေရိကန်ပြည် ထောင်စု၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးသည် တရုတ်နိုင်ငံထက် နှစ်ဆကျော် ခန့်ပိုမိုများပြား နေသည်ဟု သိရသည်။

သို့ရာတွင် နှစ်နိုင်ငံ၏ ဝယ်လိုအားများကို သုံးသပ်ညှိနှိုင်း ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ အမေရိကန် ဒေါ်လာ ၁၃ဒသမ ၄၉၆ ထရီလီယံသာ မြင့် တက် ခဲ့ခြင်းကြောင့် အာရှ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ် အတွင်း၌ပင် အမေရိကန် ပြည်ထောင်စု၏ နေရာကို လွှဲပြောင်း ယူနိုင် ဖွယ် ရှိသည်ဟု ပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

မြ၀တီ
တရုတ် နိုင်ငံသည် ယခင်က မျှော်မှန်းထားသည့် အချိန်ကာလထက် စော၍ အမေရိကန် ပြည်ထောင်စု ကို ကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနိုင်ငံ၏ နေရာ ကို လွှဲပြောင်းယူသွားနိုင်ဖွယ် ရှိကြောင်း စာရင်း ဇယားများ အရ သိရသည်။
၂ဝ၁၁ ခုနှစ်တွင် ကောက်ယူရရှိ ထားသော စာရင်းဇယား များအရ ၂ဝ၁၁ ခုနှစ်အတွက် အမေရိ ကန် ပြည်ထောင်စု၏ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး GDPသည် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၃၃ ထရီလီယံရှိပြီး တရုတ်နိုင်ငံ၏ GDP မှာမူ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၂၁ ထရီလီယံ ရှိခြင်းကြောင့် အမေရိကန်ပြည် ထောင်စု၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးသည် တရုတ်နိုင်ငံထက် နှစ်ဆကျော် ခန့်ပိုမိုများပြား နေသည်ဟု သိရသည်။

သို့ရာတွင် နှစ်နိုင်ငံ၏ ဝယ်လိုအားများကို သုံးသပ်ညှိနှိုင်း ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ အမေရိကန် ဒေါ်လာ ၁၃ဒသမ ၄၉၆ ထရီလီယံသာ မြင့် တက် ခဲ့ခြင်းကြောင့် အာရှ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ် အတွင်း၌ပင် အမေရိကန် ပြည်ထောင်စု၏ နေရာကို လွှဲပြောင်း ယူနိုင် ဖွယ် ရှိသည်ဟု ပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment