Monday 5 May 2014

ကျောက်ထွက်နိုင်တဲ့မြေအဖြစ် သတ်မှတ်ထား၍ အစုအဖွဲ့ သစ်တောတိုးချဲ့ စိုက်ပျိုးရန် ခက်ခဲနေ

ကချင်ပြည်နယ် မိုးညုင်းခရိုင် ပင်းဟဲကျေးရွာရှိ အစုအဖွဲ့သစ်တောများကို တိုးချဲ့စိုက်ပျိုးလိုသော်လည်း တချို့မြေများမှာ ကျောက်ထွက်ရန်အလားအလာရှိသည့်မြေအဖြစ် သတ်မှတ်ထားကြသောကြောင့် တိုးချဲ့ စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း သိရသည်။
အဆိုပါဒေသတွင် လက်ရှိအချိန်၌ အစုအဖွဲ့သစ်တောစိုက်ဧက (၁၃၅၀)ဧက ကို ၂၀၀၉ခုနှစ်မှ စတင်စိုက်ပျိုး ခဲ့ သည်မှာ လေးနှစ်ရှိပြီဖြစ်ပြီး ကျွန်း၊ရမနေ၊ ပျဉ်းကတိုး၊သစ်စိမ့် နှင့် မယ်ဇလီတို့ကိုလည်း စိုက်ပျိုးခဲ့ကြောင်း အစုအဖွဲ့သစ်တောများ အတွင်းရေးမှူး ဦးလှဦးကဆိုသည်။

အစုအဖွဲ့သစ်တောများစိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုကို လျော့ချရာ၌ အကောင်းဆုံး နည်း လမ်းဖြစ် ပြီး တောများအတွင်း၌ ဆေးဖက်ဝင်အပင်များ သဘာဝအတိုင်းပေါက်ရောက်နိုင်ခြင်းကြောင့် တန်ဖိုးဖြတ်၍မရနိုင်ကြောင်း သဘာ၀၀န်းကျင်ပညာရှင် ဒေါက်တာဒေါ်စိန်စိန်သိန်းက အကြံပြုပြောဆို သည်။

“ ဒီဒေသမှာ ပြောင်းဖူး၊ မုန့်ညုင်း၊သစ်စပန်း တွေကို တနိုင်တပိုင် စိုက်ပျိုးနိုင်ခွင့် ရရှိနိုင်မယ်၊ နှစ်သုံးဆယ် လုံးလုံး စိုက်ပျိုးနိုင်မှာဖြစ်တဲ့အတွက် မဖြစ်မနေတိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားဖို့လိုအပ် တယ်”ဟု ဒေါက် တာ စိန်စိန်သိန်းက ပြောသည်။

မိုးညုင်းမြို့နယ်အတွင်းရှိ စိန်လိုတောင်ပေါ်တွင် ဆေးဖက်ဝင်အပင်များရှိခြင်းကြောင့် ဂေဟဗေဒစနစ် ခရီးသွား လုပ်ငန်းကိုပါ လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံတော်ဝင်ငွေပါ တိုးတက်လာနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ထောက်ပြပြောဆိုသည်။

Credit To:Hitttine Journal

No comments:

Post a Comment