Monday 5 May 2014

ကိုဥက္ကာကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆုပန်ထွာ ရှင်းလင်း

ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင် သရုပ် ဆောင် မင်း သမီး ဆုပန်ထွာ၏ အိမ်ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
တစ်ဖက်ကာယကံရှင် များက နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေ ညာခဲ့ပြီးနောက်ပိုင်း မင်းသမီး ဆုပန်ထွာအနေဖြင့် မည်သို့ တုံ့ပြန်ပြောဆိုမည်ဆိုခြင်းကို နောက်ဆက်တွဲ သိချင် ဆန္ဒပြင်းပြနေကြလျက် ရှိသည်။ ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်းက မြရိပ်ညိုဟိုတယ်အနီးရှိ Vape City ဆိုင် သို့သွားရောက်ကာ မင်းသမီးဆုပန်ထွာနှင့် တွေ့ဆုံခဲ့ ပါသည်။

ယင်းဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဆုပန် ထွာက သူမ၏သဘောထားကို ဖလားဝါးနယူးစ်ဂျာနယ် သို့ အောက်ပါအတိုင်း အသိပေးခဲ့သည်။

ယခုဆိုလျှင် ကိုဥက္ကာကျော် သတင်းစာထဲ မှာ ပြန်လည်ရှင်းလင်းထားပြီးဖြစ်သည့်အတွက် ပန်ပန် နှင့် ကိုဥက္ကာကျော်ကို ပရိသတ်တွေ နားလည်လိမ့်မယ် လို့ ပန်ပန်တို့ ယုံကြည်ကြပါတယ်။

ပထမဆုံးအနေနဲ့ ပန်ပန်ရဲ့အချစ်ရေးကို စိတ် ဝင်တစားစောင့်ကြည့်ခဲ့ကြတဲ့ မီဒီယာအစ်ကို၊ အစ်မ တွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပန်ပန် အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ပန်ပန် ကိုယ်တိုင် စိတ်ဝင်တစားမရှိခဲ့တာ၊ မပြောခဲ့တာ မီဒီ ယာတွေအားလုံး သိပြီးသားပါ။ ပန်ပန်တို့ ဒီနေ့ပြော မယ့် စကားတွေက ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလို တဲ့ ရည်ရွယ်ချက်နဲ့ ပြောတာမဖြစ်ချင်ပါဘူး။ ကိုယ့် ဂုဏ် သိက္ခာတက်ဖို့အတွက် သူများကိုနစ်နာအောင်ပြောဖို့၊ လုပ်ဖို့လည်း ပန်ပန့်မှာ စိတ်ဆန္ဒမရှိပါ ဘူး။

ပန်ပန့်ဘဝ မှာ အနုပညာလောကပဲဖြစ်ဖြစ်၊ အပြင် ပန်ပန့် Life ဘဝမှာပဲဖြစ်ဖြစ်၊ ဒီလိုဂုဏ်သိက္ခာ ကျဆင်းအောင် ပြော ဆိုခံရခြင်းမျိုးလည်း တစ်ကြိမ်တစ်ခါမှ မကြုံဖူးပါဘူး။ ပန်ပန့်အနေနဲ့ ကိုဥက္ကာကျော်ကို ဒီလိုမဟုတ်မမှန် စွပ် စွဲ ပြောဆိုခံနေရတာကိုလည်း သူ့အတွက် ပန်ပန် တ ကယ်စိတ်မကောင်းပါဘူး။ ပန်ပန့် မိဘတွေကလည်း မိဘအုပ်ထိန်းမှုအောက်မှာ အမြဲ စည်းကမ်းတကျနေ တတ်အောင် အမြဲသင်ပြ မှုပေးခဲ့တဲ့ မိဘမျိုးတွေပါ။ သားသမီးတစ်ယောက် မဟုတ်တာလုပ်တာကို လက် ပိုက်ကြည့်နေ မယ့် မိဘမျိုးလည်းမဟုတ်ပါဘူး။

မိဘ ဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်စေချင်တဲ့ သူ တွေချည်းပါပဲ။ ဒီကိစ္စကို ပန်ပန့်အမေ ကိုယ်တိုင်က သ ဘောတူ လိုလားခဲ့တာတော့ မဟုတ်ပါဘူး။ ပန်ပန်နဲ့ ပန်ပန့်ရဲ့အမေကို ကိုဥက္ကာက တရားဝင်ကွာရှင်းထား ပြီးဖြစ်တဲ့ အထောက်အထားတွေကို တလေးတစားပြ ပါတယ်။

ပန်ပန် ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအား ခဲ့ပါဘူး။ မိုးလင်းကမိုးချုပ် ရှုတင်နဲ့ သီချင်းပွဲတွေဆိုရ တာနဲ့ ဆိုင်မှာ မရောက်လို့လည်း မဖြစ်တာနဲ့ နေ့စဉ်နဲ့ အမျှ အချိန်တွေမလောက်နိုင်ပါဘူး။ ကိုဥက္ကာဆိုလည်း ဆိုင်မှာ မိုးလင်းကနေ ဆိုင်ပိတ်ရက်မရှိ သူ့မှာ ကြိုးစား ပြီးလုပ်နေရတာ။ ပန်ပန်တို့ နှစ်ယောက် တော်ေ တ်ာလေး စိတ်ရောလူရော ပင်ပန်းပါတယ်။

ပန်ပန်တို့နှစ်ယောက်စလုံး မအားကြပါဘူး။ ဒီကိစ္စကို တကယ်အမှန်တရားကိုသိလို့ နားလည်တဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီလို ဝေဖန်ရှုတ်ချနေသူ တွေအတွက် ပြန်ချေပခုခံဖို့လည်း ပန်ပန်တို့မှာ အချိန် မရှိပါဘူး။ ပန်ပန့်ူင်န အတွက် ပန်ပန်ရော မိသားစု အတွက်ရော ရှက်တာပေါ့။ ပန်ပန့်ူင်န မှာ ဒါမျိုးဖြစ် လိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူး။ ပန်ပန့်ကံကို က ကိုဥက္ကာနဲ့တွေ့ဖို့ ကံပါလာလို့ပဲ နေမှာပါ။ ဒါပေမဲ့ ကြုံလာတော့လည်း ရင်ဆိုင်ရုံပါပဲ။ ပန်ပန့် သက်တမ်း တစ်လျှောက်မှာ ခုလို ဂုဏ်သိက္ခာကျဆင်းအောင် ပြော ဆိုခံရတယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ မရှိအောင်လည်း ကြိုးစားပြီးနေခဲ့ ပါတယ်။ ဒါကို အနုပညာအသိုင်းအ ဝိုင်းက လူတိုင်းသိပါတယ်။

ပန်ပန်က ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး တစ်ယောက်ပါ။ ဒု-သ-န-သော ဆိုတာကို ဘယ်တော့ မှ ကျူးလွန်မှာ မဟုတ်ပါဘူး။ တရားဝင်ကွာရှင်းပြီးမှ ပန်ပန်လက်ခံခဲ့တာပါ။ ပန်ပန့်ကြောင့် ကွာရှင်းတယ် ဆိုတာကိုလည်း ပန်ပန်လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မိန်းကလေးချင်း ကိုယ်ချင်းစာလို့ပါ။ သူ တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေကို သူ တို့ကိုယ်တိုင်ရော သူတို့ပတ်ဝန်းကျင် အကုန်လုံးသိမှာ ပါ။
ပန်ပန့်ပရိသတ်အားလုံးထဲကမှ ပန်ပန့်ရဲ့ Life ကို သိကြတဲ့သူတွေလည်း ရှိမယ်။ မသိကြတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ပန်ပန့်မှာ ကိုယ့်ချွေးနှဲစာနဲ့ရှာထားတဲ့ နေ စရာအိမ်လေးရှိတယ်။ ကားရှိတယ်။

ပန်ပန်အလုပ်အကိုင်ရှိတယ်။ လူဆိုတာ တစ် နေ့ကို ထမင်းနှစ်နပ်ပဲ စားရတာပါ။ ပန်ပန့်ူင်န မှာ စိတ်ချမ်း သာမှု တစ်ခုပဲ လိုတာပါ။

မသိသေးတဲ့လူတွေ သိအောင်လို့ ပန်ပန် တရားဝင်ပြောတာပါ။ ကိုဥက္ကာ ကျော်ကို ပန်ပန် စဉ်းစားပေးခဲ့တဲ့ အချိန်ကတည်းက သူ့အိမ်ကို အမွေဖြတ်ခိုင်းဖို့ ပန်ပန်ကိုယ်တိုင် တောင်း ဆိုခိုင်းခဲ့ပါတယ်။ သူလည်း အမွေအားလုံးစွန့်ပြီးမှ ပန်ပန့်ရှေ့မှာ ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာပါ။ ပန်ပန်ကိုယ်တိုင် အမွေဖြတ် ခိုင်းခဲ့တာတော့ အမှန်ပါ ပဲ။ ပိုက်ဆံမက်လို့ ကြိုက်တယ်ဆိုတာမျိုး ပန်ပန် အပြော မခံနိုင်လို့ အရင် ကတည်းက လုပ်ခိုင်းခဲ့တာပါ။ ဘယ် လောက်ပိုက်ဆံရှိရှိ ပန်ပန်ဂရုမစိုက်ပါဘူး။ စိတ် ဓာတ် ရေး ရာမြင့်မားပြီး ယောက်ျားပီသဖို့ပဲ လိုပါတယ်။ မိန်းမ ရှိတဲ့ ယောက်ျားတစ်ယောက်မပြောနဲ့ သူငယ်ချင်းတွေ မှာ ချစ်သူရှိရင်တောင် စည်းလေးထားပြီး ဆက်ဆံပေး တတ်ခဲ့တာ ပန်ပန်တို့တစ်လောက လုံး သိပါတယ်။

သူတို့ ခုလိုအိမ်ထောင်ရေး ပြဿနာတွေ ဖြစ်နေကြတာ စိတ်မကောင်းဖြစ်ပေမယ့် တရားဝင် ကွာရှင်းပြီး မှ စေ့စပ်ကြောင်းလမ်းဖို့ လက်ခံခဲ့တာ အ မှန်ပါ။ သူတို့ ကွာရှင်းပြတ်စဲတဲ့ကိစ္စမှာလည်း ပန်ပန့်ရဲ့ ဆန္ဒရော တိုက်တွန်းမှုရော လုံးဝမပါခဲ့ပါဘူး။ ပန်ပန် က ကိုဥက္ကာနဲ့ လုံးဝမသိခင်ကတည်းက ကိုယ့်ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်တဲ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ လူပျိုလူ လွတ်ရဖို့ ခက်ခဲတဲ့သူလည်း မဟုတ်ပါဘူး။ ပန်ပန်ဘယ် တော့မှလဲ သူများအိမ်ထောင်ဖြိုခွင်းမယ့် မိန်းမ မဟုတ် သလို ဘာကြောင့်မှလဲ သူများအိမ်ထောင်ရေး မျက်စောင်း ထိုးမယ့် မိန်းကလေးမျိုးလည်း မဟုတ်ပါဘူး။

ကိုဥက္ကာကျော်ကို လူလွတ်တစ်ယောက်ဖြစ် ကြောင်းကို လက်ခံနိုင်လောက်တဲ့ သက်သေအထောက် အထားနဲ့ ယုံကြည်အောင်ရှင်းပြထားနိုင်လို့ ပန်ပန် လက် ခံခဲ့တာပါ။ ဒီလိုမျိုး အမှန်တရားကို သိပြီးဖြစ်တဲ့ ပရိသတ် တွေရော အမှန်တရားမသိသေးတဲ့ ပရိသတ်တွေရော ပန်ပန့်ကို နားလည်နိုင်အောင် ပန်ပန်တလေးတစားနဲ့ ရှင်းပြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဆုံးနဲ့နောက် ဆုံးအကြိမ် ရှင်းပြခြင်းဖြစ် ပါတယ်။

ဆုပန်ထွာနှင့် ကိုဥက္ကာကျော်တို့သည် ဧပြီ ၉ ရက်တွင်စေ့စပ်ခဲ့ပြီး ကိုဥက္ကာကျော်၏ ဇနီးဟောင်းဖြစ် သူ ဒေါ်မဉ္ဇူအောင်က ၂ဝ၁၄ ခုနှစ် ဧပြီ ၂၉ ရက်တွင် မြန်မာ့အလင်းသတင်းစာ၌ ''ခင်ပွန်းဖြစ် သူ ၏ စေ့စပ် ကြောင်းလမ်းခြင်းအပေါ် ကန့်ကွက်ကြေညာခြင်း'' ကြော် ငြာ ထည့် သွင်းဖော်ပြခဲ့ပြီး ကိုဥက္ကာကျော် ကမူ ၂ဝ၁၄ ခုနှစ် မေ ၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် တရားဝင် လင်မယားခန်း ကွာ ရှင်းပြတ် စဲပြီးခြင်း၊ ပစ္စည်းခန်း ခွဲဝေ ပြီးခြင်း၊ သားသမီး အုပ်ထိန်းခွင့်ပြုပြီးသည့် မိန်းမ၏ကြေညာချက်အား တားမြစ်ကြောင်းနှင့် တုံ့ပြန်ရှင်းလင်း ကြေညာခြင်းအား ပြန်လည်ထည့်သွင်းဖော်ပြခဲ့သည်။

Yangon Media Group

No comments:

Post a Comment