Monday 5 May 2014

လျှပ်စစ်ဓာတ်အားနည်းပါးသည့်အတွက် နွေရာသီကာလများတွင် ရေဖြန့်ဝေမှု ၃ ပုံ ၂ ပုံခန့်သာ ပြုလုပ်နိုင်ဟု မန်းစည်ပင်ဆို

လျှပ်စစ် ဓာတ်အားနည်းပါးသည့်အတွက် နွေရာသီကာလများတွင် စည်ပင်သာယာမှ ရေဖြန့်ဝေမှု ၃ ပုံ ၂ ပုံ ခန့် သာ ပြုလုပ်နိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းမှုဌာနမှ သိရ သည်။
ပုံမှန်အချိန်များတွင် မန္တလေးမြို့အတွက် စည်ပင်သာ ယာမှ ရေဂါလန် ၂၇ သန်းခန့်ပေးနိုင်ပြီး ယခု လို နွေရာသီ ကာလများတွင် လျှပ်စစ်ဓာတ်အား ဗို့ အားမပြည့်ခြင်း၊ မြေအောက်ရေ များ လျော့နည်း သွားခြင်းတို့ကြောင့် ရေ ပေး ဝေနိုင်မှု ၃ ပုံ ၂ ပုံခန့်သာ ရှိကြောင်း အထက်ပါ ဌာနမှ ဌာနမှူး ဦးတင့်လွင် က ပြောသည်။

''ဒီနှစ်ကတော့ သင်္ကြန် မတိုင်မီလေးကစပြီး သင်္ကြန်ပြီးတဲ့ နောက်မှာ ခုတချို့ ရေတွန်းစက်ရုံတွေ စက်ရေ တွင်း တွေမှာဗို့အားမပြည့်လို့ ကျွန်တော်တို့ အင်အားပြည့် မမောင်းနိုင်တော့ ရေတွန်းစက်နှစ် လုံးမောင်း ရမယ့် အချိန်မှာတစ်လုံးတည်းမောင်းရတာ တို့၊ မောင်းရ မယ့်အချိန် နောက်ကျသွားတာ တို့၊ မောင်းချိန် နည်းသွားတာတို့ အဲဒီလို ဖြစ်နေပါတယ်''ဟု ရေနှင့် သန့်ရှင်းမှု ဌာနမှူး ဦးတင့်လွင်က ပြောသည်။

မန္တလေးမြို့ ရေဖြန့်ဝေပေးမှုတွင် မြေအောက်ရေက ၈၅ ရာခိုင်နှု န်း မြေ ပေါ် ရေက ၁၅ ရာခိုင်နှုန်း ရှိကြောင်း အထက်ပါဌာနမှ သိရသည်။

''အထူးသဖြင့် ဒီလို နွေရာသီမှာဆိုရင် မြေအောက်ရေကသူ့ရဲ့ Water Level က မိုးရာသီနဲ့တော့ မတူဘူး။ ကျသွားတဲ့ အတွက် စက်ရေတွင်းတွေ က ရေထွက်အားတော့ နည်းနည်းလျော့လာတယ်။ အဲဒါနဲ့ တစ်ပေါင်းတည်း ဘာဖြစ်လဲဆိုတော့ လူတွေကပူလို့ နွေ ရာသီမှာ အသုံးများတဲ့အချိန်မှာ ဓာတ်အားက မိုးတွင်း နဲ့ ဆောင်းတွင်းလို မဟုတ်ဘူး။ ဒီချိန်မှာတော့ ဓာတ်အားကလည်း ဗို့အားနည်းတာတို့၊ ပျက်တာတို့ ဖြစ်ပေါ်တဲ့ အတွက် ရေ ကတော့ ၂၇ သန်း မဟုတ်ဘဲနဲ့ ၃ ပုံ ၁ ပုံလောက် လျော့ပြီးတော့ ကျွန်တော် တို့ ပေးနေ နိုင်တာပါ''ဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ် နွေရာသီ ကာလတွင် မန္တလေးမြို့ရှိ ရပ်ကွက်အချို့၌ ရေ ပြတ် လပ်မှုများဖြစ်ပေါ်သည့် အတွက် ရေ ဝယ်ယူ သုံးစွဲနေ ရကြောင်း သိရသည်။ မန္တလေးမြို့တွင် တပ်ဆင်ပြီး ရေမီ တာပေါင်း ၈၅ဝဝဝ ကျော်၊ ပုဂ္ဂလိ က အဝီစိတွင်း ၂၁ဝဝဝ ကျော် ရှိကြောင်း ရေနှင့်သန့်ရှင်းမှုဌာန စာရင်းများအရ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment