Monday 5 May 2014

အမေရိကန်မိုးလေဝသသတင်းဌာနကဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်မည်ဟုခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင်ဒေါက်တာ ဦးထွန်းလွင်ကပြောကြား

အမေရိကန်မိုးလေဝသတင်း ဌာနက ဘင်္ဂလားပင်လယ်အော် တွင် ယခုလ ၇ ရက်မှ ၁၃ရက် အတွင်း မုန် တိုင်းဖြစ်ပေါ် မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင် က ပြောကြား ခဲ့သည်။
ယမန်နေ့က UMFCCI တွင်ပြု လုပ်သော ရာသီဥတုပြောင်းလဲမှု ကြောင့် ကြုံတွေ့နေရသော ထိခိုက် မှုများခေါင်း စဉ်ဖြင့် ဟောပြောပွဲ တွင် ၄င်းကအထက်ပါအတိုင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၃၇နှစ်အတွင်း မုန်တိုင်း ၈၅ လုံးကျရောက်ခဲ့သည့်အနက် ၅၁ ရာခိုင်နှုန်းမှာ မိုးကြိုကာလတွင် ဝင်ရောက်ခဲ့ကြောင်း၊ မိုးကြို ကာလဆိုသည်မှာ ဧပြီ ၂ဝ ရက် မှ မေ ၂ဝ ရက် အတွင်းဖြစ်ပြီး ယင်းကာလမှာ မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီဖြစ်ကြောင်း၊ သို့ သော် ဘင်္ဂလားပင်လယ်အော် တွင် ထိုကာလအတွင်းဖြစ်ပေါ်သည့် မုန်တိုင်းများအားလုံး၏ ၃၈ ရာခိုင် နှုန်းသည် မြန်မာနိုင်ငံသို့ ဝင် ရောက် ခဲ့ပြီး ၆၂ ရာခိုင်နှုန်းမှာ ဝင်ရောက်မှုမရှိခဲ့ကြောင်း ၄င်းက ပြောကြားသည်။

''မုန်တိုင်းကမဝင်ဘူးလို့လဲ ပြောလို့မရဘူး။ ဝင်မယ်လို့လဲ ပြောလို့မရဘူး။ သတိရှိဖို့လိုအပ် တယ်။ မုန်တိုင်း သတင်းကိုနားစွင့် ပါ။ နားစွင့်တဲ့အခါမှာလဲ အခြေခံ အချက်လေးတွေကို သိရမယ်။ မြန်မာနိုင်ငံကို မဝင်မယ့် မုန်တိုင်း၊ ဝင်ဖို့အလားအလာမရှိတဲ့မုန်တိုင်း နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန် ရင် မိုးလေဝသ ဌာန က ထုတ်ပြန် တဲ့သတင်းရဲ့ခေါင်းစဉ်က မုန်တိုင်း သတင်းလို့ထုတ် တယ်။ မြန်မာ နိုင်ငံဝင်မယ့် မုန်တိုင်းသတင်း ဆိုရင်တော့ မုန်တိုင်းသတိပေးချက် ဆိုပြီးထုတ်ပြန်တယ်။ အဲ့ဒီလိုထုတ် ပြန်ပြီဆိုရင် ထုတ်ပြန်တဲ့သတင်း ကနေ သုံးခုသိအောင်လုပ်ပါ။ နံပါတ် (၁) မုန်တိုင်းအင်အားဘယ် လောက်ရှိလဲဆိုတာ သိရမယ်။ နံပါတ် (၂) ဘယ်ကိုဝင်မယ်လို့ ခန့်မှန်းထားသလဲဆိုတာကို သိရ မယ်။ နံပါတ် (၃) ဘယ် အချိန်ဝင် လာမယ်ဆိုတာကို သိရမယ်''ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင် ကပြောကြားသည်။

မုန်တိုင်းကြောင့် ရေများတက် လာမည်ဆိုပါက တစ်ခုတည်း သောနည်းလမ်းမှာ နေရာပြောင်း ရွှေ့နေရ မည်ဖြစ်ပြီး မုတ်သုံဝင် သည့်ရက်များကို မှန်းထားပြီး မြန်မာနိုင်ငံတောင်ပိုင်းကို ယခုလ ၁၅ ရက်မှ ၂ဝ ရက်အတွင်း ဝင် ရောက်မည်ဟု မှန်းထားကြောင်း ၊ မြစ်ဝကျွန်းပေါ်ဒေသသို့ ယခုလ ၂၅ရက်မှ ၂၆ရက် ဝန်းကျင် တွင် လည်းကောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ယခုလ ၂၈ ရက်မှ ၂၉ရက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ယခုလ ၃၁ ရက်မှ ဇွန် ၁ ရက်တွင် လည်းကောင်း အသီးသီး ဝင် ရောက်မည်ဟု မိုးလေဝသပညာ ရှင် ဦးထွန်းလွင်ကပြောသည်။

The Union Daily

No comments:

Post a Comment