Monday 5 May 2014

မြန်မာအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုသာမက ရေကြောင်းကိစ္စ အဆက်အဆံများပါ မြှင့်တင်ဆောင်ရွက်ရန် ကြိုဆိုကြောင်းမြန်မာ ကာချုပ်(ရေ) ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့

Photo: မြန်မာအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုသာမက ရေကြောင်းကိစ္စ အဆက်အဆံများပါ မြှင့်တင်ဆောင်ရွက်ရန် ကြိုဆိုကြောင်းမြန်မာ ကာချုပ်(ရေ) ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့
Monday, May 5, 2014

PM-(1)_EDမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟစီနာတို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလားပင်လယ်အော်အတွင်း ဖြစ်ပွားနေသည့် အငြင်းပွားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် လူကုန်ကူးမှုကိစ္စများ တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အခြေဆိုက် bdnews24.com က တင်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထိုကိစ္စများကို တိုက်ဖျက်ရာ၌ နိုင်ငံတနိုင်ငံတည်းက ဆောင်ရွက်၍မရဘဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်အကြောင်းကို ဦးစားပေး ဖော်ပြခဲ့ကြောင်း၊ ရေပိုင်နက်အငြင်းပွားမှုကိစ္စနှင့် ပတ်သတ်၍မူ နှစ်နိုင်ငံငြိမ်းချမ်းစွာ ဖြေရှင်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀န်ကြီးချုပ်၏ အထူးလက်ထောက်ဖြစ်သူ ရှကီလ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်သူရသက်ဆွေကမူ နှစ်နိုင်ငံပူးပေါင်းပြီး မှောင်ခိုမှုများသာမက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးတို့ကိုပါ ဆောင်ရွက်နိုင်ကြောင်း၊ အကယ်၍ နှစ်နိုင်ငံရည်ရွယ်ချက်တူညီစွာ လုပ်ကိုင်ပါက ဒေသတွင်း အနာဂတ်ပိုမိုကောင်းလွန်လာမည့်အကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု စီးပွားရေးကဏ္ဍသာမက ရေကြောင်း ကိစ္စအဆက်အဆံတို့ကိုပါ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုဆိုပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

M-Media
PM-(1)_EDမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီး ချုပ် ဟစီနာတို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလားပင်လယ်အော် အ တွင်း ဖြစ် ပွားနေသည့် အငြင်းပွားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် လူကုန်ကူးမှုကိစ္စ များ တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အခြေဆိုက် bdnews24.com က တင်ပြ ထားသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထိုကိစ္စများကို တိုက်ဖျက်ရာ၌ နိုင်ငံတနိုင်ငံ တည်းက ဆောင်ရွက်၍မရ ဘဲ နှစ်နိုင် ငံ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်အကြောင်းကို ဦးစားပေး ဖော်ပြ ခဲ့ကြောင်း၊ ရေ ပိုင် နက်အငြင်းပွားမှုကိစ္စနှင့် ပတ်သတ်၍ မူ နှစ်နိုင်ငံငြိမ်းချမ်းစွာ ဖြေရှင်းပြီးဖြစ်ကြောင်း ပြော ဆိုခဲ့ သည်ဟု ၀န်ကြီးချုပ်၏ အထူးလက်ထောက်ဖြစ်သူ ရှကီလ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်သူရသက်ဆွေကမူ နှစ်နိုင်ငံပူးပေါင်းပြီး မှောင်ခိုမှုများသာမက သဘာဝဘေးအန္တရာယ်ကာကွယ် တား ဆီးရေးတို့ကိုပါ ဆောင်ရွက်နိုင်ကြောင်း၊ အကယ်၍ နှစ်နိုင်ငံရည်ရွယ်ချက်တူညီစွာ လုပ်ကိုင်ပါ က ဒေ သ တွင်း အနာဂတ်ပိုမိုကောင်းလွန်လာမည့်အကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန် သွယ် မှု စီးပွားရေးကဏ္ဍသာမက ရေကြောင်း ကိစ္စအဆက်အဆံတို့ကိုပါ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုဆိုပါကြော င်းဖြင့် ပြော ကြားခဲ့သည်ဟု သိရသည်။

M-Media

No comments:

Post a Comment