Monday 5 May 2014

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့အား ကမ္ဘာ့ အမျိုးသမီး ကင်းထောက်အဖွဲ့ တွဲဖက် အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် စီစဉ်

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့ကို ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့တွင် တွဲဖက်အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ် ပြုသွားရန် အစီအစဉ် ရှိနေကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ ယာယီကော် မတီ ဥက္ကဋ္ဌက ပြောသည်။
ယင်းအတွက် ယခုနှစ်အတွင်း ဟောင်ကောင်၌ ကျင်းပမည့် ကမ္ဘာ့အမျိုးသမီး ကင်းထောက် ညီလာခံ တွင် မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့အား တွဲဖက် အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ် ပြုသွားရန် ကမ္ဘာ့အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်က စီစဉ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအား ကမ္ဘာ့အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်သို့ ပြန်လည် ဝင်ရောက်ရန် အဆိုပါ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ်အတွင်း လာရောက်ခဲ့ကြကာ ယင်းကဲ့သို့ လာရောက် လေ့လာမှုများ ပြုလုပ်ပြီးနောက်ပိုင်း ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် အာရှပစိဖိတ်ဒေသ ညီလာခံတွင် မြန် မာနိုင်ငံ အား The Country moving toward membership ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုလည်း ကမ္ဘာ့အမျိုးသား ကင်းထောက်အဖွဲ့က ချိတ်ဆက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးရေးကို ဆောင်ရွက် ပေးခဲ့ကြောင်း လည်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် အနေဖြင့် မျိုးဆက်သစ် လူငယ်များအား ကင်းထောက် လုပ် ငန်းနှင့် ဆက်စပ်စေကာ ရေကြောင်းကင်းထောက်၊ လေကြောင်းကင်းထောက် နယ်ပယ် အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ရေးကို ဆောင်ရွက်ပေး သွားမည်ဟု လည်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်းထောက်အဖွဲ့ကို ၁၉၂ဝ ပြည့်နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး ကင်းထောက် အဖွဲ့ ကို ၁၉၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း ခဲ့ကြောင်းလည်း သိရသည်။ ၁၉၆၂ ခုနှစ်က ကင်းထောက်အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့ရပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့ကာ အင်အားအနေဖြင့် ၂ဝဝဝ ကျော်ခန့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment