Monday 5 May 2014

ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းကြောင့် မုန်တိုင်းငယ်တစ်ခု ဖြစ်နိုင်

ယခုနှစ် မေလအတွင်း ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခုမှ မုန်တိုင်းငယ် အဆင့် သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်း ထုတ်ပြန်ချက် များအရ သိရသည်။
အဆိုပါ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်မှုသည် မိုးကြိုကာလ ဖြစ်သည့် မေလ အ တွင်း ဖြစ်ပေါ်လေ့ ရှိကြောင်း၊ ယခုဖြစ်ပေါ်နိုင်သည့် မုန်တိုင်းငယ်သည် အင်အားသေး သောကြောင့် စိုးရိမ် ဖွယ်ရာ မရှိကြောင်းနှင့် မေလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများ အနက် မြန်မာနိုင်ငံ အတွင်းသို့ မုန်တိုင်း သုံးလုံးလျှင် တစ်လုံး ခန့်သာ ဝင်ရောက် တတ်ကြောင်း သိရသည်။

''မုတ်သုံလေက ဝင်တော့မှာပါ၊ အနောက်တောင် မုတ်သုံလေ ဝင်မယ့် အချိန်ကျတော့ ဘင်္ဂလား ပင်လယ်အော်မှာ အရှေ့လေနဲ့ အနောက်လေ တွေ့ပြီး လေရစ်သွယ်မှုတွေ ဖြစ်လာတဲ့ အတွက် လေဖိ အားနည်း ရပ်ဝန်းတွေ ဖြစ်လာပါတယ်။ မေလမှာက မုန်တိုင်းဖြစ်တာ ပိုများတယ်၊ အခု ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်း က ကြောက်စရာတော့ မလိုပါဘူး''ဟု မိုးလေဝသနှင့် ဇလဗေ ဒ ညွှန်ကြားမှု ဦးစီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ မေလအတွင်း မိုးရွာသွန်းမှုမှာ စစ်ကိုင်း တိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် တို့၌ ရွာသွန်းမြဲအောက် လျော့နည်းပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲခန့် ရှိနိုင်ကြောင်းနှင့် ၂ဝဝ၈ ခုနှစ် မေ ၂ ရက်က ဖြစ်ပွားခဲ့သော နာဂစ်မုန် တိုင်းကြောင့် ဧရာဝတီ တိုင်း ဒေသကြီး တွင် လူဦးရေ တစ်သိန်းကျော်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment