Monday 5 May 2014

ဟိုင်းလတ်ခရီးသည်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ်ပင်

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဟိုင်းလတ်ခရီး သည်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ် ပင်လိုက်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ရှင်းလင်းလာကြောင်း သိရသည်။
ယခင်ကလည်း ယခုကဲ့သို့ ပြေးဆွဲခွင့်ပိတ်ပင်ခဲ့ပြီး ယာဉ်ပိုင်ရှင် များနှင့်ညှိနှိုင်းကာ အကြိမ်ကြိမ် ဖြေလျှော့မှု များပေးခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် လုပ်ဆော  င်နေခြင်း ဖြစ်ပြီး ယခုအခါ ပြေးဆွဲခွင့်ကို အပြီး အပိုင်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ ဝင်ရောက်ပြေးဆွဲခဲ့လျှင် ထိရောက်စွာ အရေးယူမည်ဟု သိရ သည်။ဟိုင်းလတ်ယာဉ်များ ဝင်/ထွက် သွားလာမှု အများဆုံးဖြစ် သည့် ပြည် လမ်းမပေါ်ရှိ ခရေပင်လမ်းဆုံ (အောင်ဆန်းသူရိယ လှသောင်း ကျောင်းရှေ့ )နှင့် စော် ဘွားကြီးကုန်း ကားမှတ်တိုင်တို့အပြင် အင်းစိန်လမ်း ပေါ်ရှိ သမိုင်းလမ်းဆုံနှင့် လှည်းတန်း လမ်းဆုံ တို့တွင်လည်း ယာဉ်ကြောများ ယခင်ထက်စာလျှင် ရှင်းလင်းနေ ကြောင်း တွေ့ရသည်။

အောင်ဆန်းသူရိယလှသောင်း ရှေ့တွင်လည်း မိဘပြည်သူများ ကျောင်းသား ကျောင်းသူများ၊ လမ်း အသုံးပြုသူများ အဆင်ပြေစေရန် အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ လူကူးခုံးကျော်တံတားတစ်ခုကို ကျောင်းဖွင့်ချိန်မီ ပြီးစီးအောင် တာဝန်ယူ ဆောက်လုပ် လျက်ရှိ ကြောင်း သိရသည်။

Myanmaalinn

No comments:

Post a Comment