Monday 5 May 2014

၂၀၁၄ ASEAN Summit အခမ်းအနားတွင် BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီသွားမည်

Photo: ၂၀၁၄ ASEAN Summit အခမ်းအနားတွင် BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီသွားမည်
Monday, May 5, 2014

၂၀၁၄ ခုနှစ် မေလတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုနိုင်ရန်အတွက် BMW Asia နှင့် BMW ယာဉ်များ တင်သွင်းဖြန့်ချိခွင့် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Prestige Automobiles Company တို့မှ ပထမအသုတ်အနေဖြင့် အဆင့်မြင့် BMW မော်တော်ယာဉ်အစီး ၇၀ စီစဉ်ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါ ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် ASEAN နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုရန် BMW 7 Series, 5 Series Executive Sedan နှင့် BMW X5 Sports Activity Vehicle တို့အား ပထမအသုတ်အနေဖြင့် မော်တော်ယာဉ် အစီး ၇၀ ပံ့ပိုးကူညီမည်ဖြစ်ပြီး လွှဲပြောင်းပေးအပ်မည့် အခမ်းအနားကို မေ ၄ ရက်တွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန နေပြည်တော်၌ ကျင်းပရာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူးက လက်ခံသည်။

BMW သည် ယခုကဲ့သို့ ထင်ရှားအရေးပါသော ASEAN Summit အခမ်းအနားနှင့် သင့်တော် လိုက်ဖက်မှု ရှိသည့် အဆင့်မြင့်မော်တော်ယာဉ်များအား ၂၀၁၂ နှင့်၂၀၁၃ ခုနှစ်များတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့၌ ကျင်းပခဲ့သည့် ASEAN Summit အခမ်းအနားတွင် ပံ့ပိုးခဲ့ပြီး သုံးနှစ်ဆက်တိုက် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar
၂၀၁၄ ခုနှစ် မေလတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြ မည့် နိုင် ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုနိုင်ရန်အတွက် BMW Asia နှင့် BMW ယာဉ်များ တင်သွင်းဖြန့်ချိခွင့် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Prestige Automobiles Company တို့မှ ပထမအသုတ်အနေဖြင့် အဆင့်မြင့် BMW မော်တော်ယာဉ်အစီး ၇၀ စီစဉ်ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် ASEAN နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုရန် BMW 7 Series, 5 Series Executive Sedan နှင့် BMW X5 Sports Activity Vehicle တို့အား ပထမအသုတ်အနေဖြင့် မော်တော်ယာဉ် အစီး ၇၀ ပံ့ပိုးကူညီမည်ဖြစ်ပြီး လွှဲပြောင်းပေးအပ်မည့် အခမ်းအနားကို မေ ၄ ရက်တွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန နေပြည်တော်၌ ကျင်းပရာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေး မှူးချုပ် ဦးတင်ထူးက လက်ခံသည်။

BMW သည် ယခုကဲ့သို့ ထင်ရှားအရေးပါသော ASEAN Summit အခမ်းအနားနှင့် သင့်တော် လိုက်ဖက်မှု ရှိသည့် အဆင့်မြင့်မော်တော်ယာဉ်များအား ၂၀၁၂ နှင့်၂၀၁၃ ခုနှစ်များတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ တို့၌ ကျင်းပခဲ့သည့် ASEAN Summit အခမ်းအနားတွင် ပံ့ပိုးခဲ့ပြီး သုံးနှစ်ဆက် တိုက် ဆောင် ရွက်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment