Monday 5 May 2014

ပဲကုမ္ပဏီတစ်ခု ငွေကြေးပြဿနာတက်၍ တာဝန်ရှိသူများကို အကူအညီတောင်း

Photo: ပဲကုမ္ပဏီတစ်ခု ငွေကြေးပြဿနာတက်၍ တာဝန်ရှိသူများကို အကူအညီတောင်း
Monday, May 5, 2014

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေသူများကို တွေ့ရစဉ်။ ရန်ကုန်ပဲဈေးကွက်တွင်ဖြစ်ပေါ်သော ငွေကြေးပြဿနာကြောင့် နိုင်ငံတစ်ဝန်းရှိ ပဲဈေးကွက်များအပေါ် ရိုက်ခတ်ခဲ့သည်။ (ဓာတ်ပုံ − ညီညီဇော်)
ပဲကုမ္ပဏီတစ်ခုက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ကြို ပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်ထားပြီး ဈေးနှုန်းများ မြင့် တက်သွားသဖြင့် မဖြေရှင်းနိုင် တော့သောကြောင့် ပဲအသင်း နှင့် တာဝန်ရှိသူများ ဖြေရှင်းပေးရန် အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။

ရန်ကုန်အခြေစိုက် မိုးသက် ကုမ္ပဏီသည် ကြိုပွိုင့်စနစ်ဖြင့် ပဲ များကို ကျပ်သိန်းသောင်းချီ၍ အရောင်းအဝယ်ပြုလုပ်ထားချိန် တွင် ပဲဈေးနှုန်းများမှာ တစ်တန် လျှင် ကျပ်တစ်သိန်းနီးပါး မြင့် တက်သွားခဲ့ခြင်းကြောင့် ဆုံးရှုံးမှု များပြီး ပြဿနာများ ဖြစ်ပေါ်ခဲ့ရ ကြောင်း ပဲကုန်သည်များက ဆို သည်။

မိုးသက်ကုမ္ပဏီသည် ပြည် တွင်း ကုမ္ပဏီများနှင့်သာမက အိန္ဒိယ ပဲကုန်သည်များထံမှလည်း အိန္ဒိယဘဏ်မှတစ်ဆင့် ငွေများ ကြိုယူထားသည်များ ရှိသော ကြောင့် ပြည်ပကုမ္ပဏီများနှင့်ပါ ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ် ကြောင်း ပဲအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ သို့သော် ထူး ခြားမှုမှာ အဆိုပါ ကုမ္ပဏီသည် ငွေကြေးပြဿနာ ဖြစ်ပွားသော် လည်း ရှောင်တိမ်းမသွားဘဲ တာဝန်ရှိသူများကို ဆက်သွယ်အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်း က မိုးသက်ကုမ္ပဏီနှင့် အရောင်း အ၀ယ်ပြုလုပ်ထားပြီး ပေးရန်၊ ရရန်ရှိသော ပဲကုန်သည်များကို ပဲနှမ်းအသင်းသို့ ဆက်သွယ်ရန် မေလ ၄ ရက်တွင် ကြေညာချက် များ ထုတ်ပြန်ထားသည်။

‘‘သူတင်ပြထားတဲ့ စာရင်း အရဆိုရင်တော့ စာရင်းက သိပ် အများကြီး မကွာဘူးလို့တော့ သိ ရတယ်။ အသင်းရော၊ UMFCCI တို့၊ စီးပွားကူးသန်းတို့က တာဝန် ရှိသူတွေ အစည်းအဝေးထိုင်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ လုပ်နေပါ တယ်’’ ဟု ပဲအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ ကုမ္ပဏီ၏ ဖုန်းသို့ မေလ ၄ ရက်တွင် 7Day Daily က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။

‘‘တန်ချိန် သုံးသောင်း လောက်ရှိမယ်ထင်တယ်။ တစ် တန်ကို ဒေါ်လာတစ်ရာလောက် တက်သွားတော့ မရှင်းနိုင်ဖြစ် သွားတာထင်တယ်’’ ဟု ပဲကုန် သည်တစ်ဦးက ခန့်မှန်းပြောကြား သည်။

‘‘သူမနိုင်တော့လို့ ပဲနှမ်းအ သင်းကို ရှင်းခိုင်းတဲ့သဘောပါ’’ ဟု ဘုရင့်နောင်မှ ပဲကုန်သည် တစ်ဦးက ပြောသည်။

ပဲလောကတွင် ထိုကဲ့သို့ ငွေကြေး အရှုပ်အရှင်း ပြဿနာဖြစ်ပေါ်နေခြင်းကြောင့်  အရောင်းအ၀ယ် နည်းသွားသဖြင့် ပဲဈေးနှုန်းများ ကျခဲ့ပြီး မတ်ပဲတစ်တန်လျှင် ကျပ်သုံးသောင်းခန့် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ပဲကုန်သည်များက ပြောသည်။

အဆိုပါသတင်းကြောင့် ပဲ ဈေးကွက်သည် ရန်ကုန်သာမက နယ်ဈေးကွက်ကိုပါ ရိုက်ခတ်သွား ပြီး အရောင်းအ၀ယ်နှင့် ဈေးနှုန်း များ ကျဆင်းသွားသည်။

‘‘မနေ့ကနဲ့ဒီနေ့ကို ပဲသုံး တင်းတစ်အိတ်ကို ရှစ်ထောင် လောက် ဈေးကျသွားတယ်(မတ်ပဲ)။ နောက်ပဲက ရန်ကုန်မှာ ရောင်းလို့ မရလို့ မန္တလေးကို ဆက်ရောင်းရတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ပဲကုန်သည် ကိုသိုက်စိုးက ပြောသည်။

‘‘အဲဒီသတင်းကြောင့် ပဲဈေး ကွက်က နည်းနည်းလန့်ပြီးတော့ မုံရွာဘက်မှာဆိုလည်း တစ်တင်း ကို ၅၀၀ လောက် (မတ်ပဲ) ကျ သွားတယ်’’ ဟု မုံရွာမြို့မှ ပဲပွဲစား တစ်ဦးက ဆိုသည်။

ပဲလောကတွင် ယခုကဲ့သို့ ငွေကြေးပြဿနာများဖြစ်ရခြင်း သည် ပြဿနာများဖြစ်ပေါ်တိုင်း ထိရောက်သော အရေးယူမှု မရှိ ဘဲ အသင်းနှင့် ကုန်စည်ဒိုင်တို့ကအသင်းဝင်များအဖြစ် ယာယီရပ် ဆိုင်းခြင်းနှင့် ရာသက်ပန်ထုတ် လိုက်ခြင်းကဲ့သို့ အရေးယူမှုများ သာ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ အကြိမ်ကြိမ် ငွေကြေးပြဿနာ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောသည်။

ပဲအရောင်းအ၀ယ်များ ပြု လုပ်ရာတွင် ကြိုရောင်း၊ ကြိုဝယ် စနစ်ဖြင့် မပြုလုပ်ကြရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပဲအသင်းနှင့် ကုန် စည်ဒိုင်တို့က နှစ်စဉ်ဆက်တိုက်ဆိုသလို ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

သို့သော် အဆိုပါ ကြေညာ ချက်များ ထုတ်ပြန်ပါကလည်း တစ်ပတ်ခန့်သာ ညွှန်ကြားချက် လိုက်နာပြီး ကျန်အချိန်များတွင် ယခင်ဈေးကွက်အတိုင်း ပြန်လည် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြ သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လည်း ပြည်တွင်းကုန်သည်တစ်ဦး က အိန္ဒိယကုန်သည်များထံမှ ငွေ ကြိုယူထားပြီး အချိန်မီ ပဲတင်ပို့နိုင် ခြင်းမရှိသောကြောင့် ပြည်ပကုန် သည်များက သမ္မတရုံးသို့ တိုင် ကြားစာများ တင်ပို့ခဲ့၍ ဖြေရှင်းမှု များ ပြုလုပ်ခဲ့ရသည်။

ပဲဈေးကွက်တွင် အကြီးဆုံး ငွေကြေးပြဿနာမှာ ၂၀၀၈ ခုနှစ် တွင် ပေါ်ပေါက်ခဲ့ပြီး ပဲကုန်သည် ကြီးရှစ်ဦးက ကျပ်ဘီလီယံပေါင်း များစွာ အရှုပ်အရှင်းလုပ်ခဲ့၍ ပဲ လောကမှာ လအတန်ကြာ ဈေး ကွက်ပျက်ခဲ့သည်။

7Day Daily
ပဲကုမ္ပဏီတစ်ခုက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ကြို ပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ် ထား ပြီး ဈေးနှုန်း များ မြင့် တက်သွားသဖြင့် မဖြေရှင်းနိုင် တော့သောကြောင့် ပဲအသင်း နှင့် တာဝန်ရှိသူ များ ဖြေ ရှင်းပေးရန် အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။
ရန်ကုန်အခြေစိုက် မိုးသက် ကုမ္ပဏီသည် ကြိုပွိုင့်စနစ်ဖြင့် ပဲများကို ကျပ်သိန်းသောင်းချီ၍ အရောင်း အဝယ်ပြု လုပ်ထားချိန် တွင် ပဲဈေးနှုန်းများမှာ တစ်တန် လျှင် ကျပ်တစ်သိန်းနီးပါး မြင့် တက်သွား ခဲ့ခြင်းကြောင့် ဆုံးရှုံးမှု များပြီး ပြဿနာများ ဖြစ်ပေါ်ခဲ့ရ ကြောင်း ပဲကုန်သည်များက ဆို သည်။

မိုးသက်ကုမ္ပဏီသည် ပြည် တွင်း ကုမ္ပဏီများနှင့်သာမက အိန္ဒိယ ပဲကုန်သည်များထံမှလည်း အိန္ဒိယဘဏ်မှ တစ် ဆင့် ငွေများ ကြိုယူထားသည်များ ရှိသော ကြောင့် ပြည်ပကုမ္ပဏီများနှင့်ပါ ဖြေရှင်းပေးရန် လိုအပ် မည်ဖြစ် ကြောင်း ပဲအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ သို့သော် ထူး ခြားမှုမှာ အဆိုပါ ကုမ္ပဏီ သည် ငွေကြေးပြဿနာ ဖြစ်ပွားသော် လည်း ရှောင်တိမ်းမသွားဘဲ တာဝန်ရှိသူများကို ဆက်သွယ်အကူ အညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်း က မိုးသက်ကုမ္ပဏီနှင့် အရောင်း အ၀ယ်ပြုလုပ် ထားပြီး ပေးရန်၊ ရရန်ရှိသော ပဲကုန်သည်များကို ပဲနှမ်းအသင်းသို့ ဆက်သွယ်ရန် မေလ ၄ ရက်တွင် ကြေ ညာ ချက် များ ထုတ်ပြန်ထားသည်။

‘‘သူတင်ပြထားတဲ့ စာရင်း အရဆိုရင်တော့ စာရင်းက သိပ် အများကြီး မကွာဘူးလို့တော့ သိ ရတယ်။ အသင်းရော၊ UMFCCI တို့၊ စီးပွားကူးသန်းတို့က တာဝန် ရှိသူတွေ အစည်းအဝေးထိုင်ပြီး ဒီကိစ ကို ဖြေရှင်းပေးဖို့ လုပ်နေပါ တယ်’’ ဟု ပဲအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ ကုမ္ပဏီ၏ ဖုန်းသို့ မေလ ၄ ရက်တွင် 7Day Daily က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။

‘‘တန်ချိန် သုံးသောင်း လောက်ရှိမယ်ထင်တယ်။ တစ် တန်ကို ဒေါ်လာတစ်ရာလောက် တက်သွားတော့ မရှင်းနိုင်ဖြစ် သွားတာထင်တယ်’’ ဟု ပဲကုန် သည်တစ်ဦးက ခန့်မှန်းပြောကြား သည်။

‘‘သူမနိုင်တော့လို့ ပဲနှမ်းအ သင်းကို ရှင်းခိုင်းတဲ့သဘောပါ’’ ဟု ဘုရင့်နောင်မှ ပဲကုန်သည် တစ်ဦး က ပြော သည်။

ပဲလောကတွင် ထိုကဲ့သို့ ငွေကြေး အရှုပ်အရှင်း ပြဿနာဖြစ်ပေါ်နေခြင်းကြောင့်  အရောင်းအ၀ယ် နည်းသွား သဖြင့် ပဲဈေးနှုန်းများ ကျခဲ့ပြီး မတ်ပဲတစ်တန်လျှင် ကျပ်သုံးသောင်းခန့် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ပဲကုန်သည်များက ပြောသည်။

အဆိုပါသတင်းကြောင့် ပဲ ဈေးကွက်သည် ရန်ကုန်သာမက နယ်ဈေးကွက်ကိုပါ ရိုက်ခတ်သွား ပြီး အရောင်း အ၀ယ်နှင့် ဈေးနှုန်း များ ကျဆင်းသွားသည်။

‘‘မနေ့ကနဲ့ဒီနေ့ကို ပဲသုံး တင်းတစ်အိတ်ကို ရှစ်ထောင် လောက် ဈေးကျသွားတယ်(မတ်ပဲ)။ နောက်ပဲက ရန်ကုန်မှာ ရောင်းလို့ မရလို့ မန္တလေးကို ဆက်ရောင်းရတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ပဲကုန်သည် ကိုသိုက်စိုး က ပြောသည်။

‘‘အဲဒီသတင်းကြောင့် ပဲဈေး ကွက်က နည်းနည်းလန့်ပြီးတော့ မုံရွာဘက်မှာဆိုလည်း တစ်တင်း ကို ၅၀၀ လောက် (မတ်ပဲ) ကျ သွားတယ်’’ ဟု မုံရွာမြို့မှ ပဲပွဲစား တစ်ဦးက ဆိုသည်။

ပဲလောကတွင် ယခုကဲ့သို့ ငွေကြေးပြဿနာများဖြစ်ရခြင်း သည် ပြဿနာများဖြစ်ပေါ်တိုင်း ထိရောက်သော အရေး ယူမှု မရှိ ဘဲ အသင်းနှင့် ကုန်စည်ဒိုင်တို့ကအသင်းဝင်များအဖြစ် ယာယီရပ် ဆိုင်းခြင်းနှင့် ရာသက်ပန်ထုတ် လိုက်ခြင်းကဲ့သို့ အရေးယူမှုများ သာ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ အကြိမ်ကြိမ် ငွေကြေးပြဿနာ ဖြစ်ပေါ်နေ ရခြင်းဖြစ်ကြောင်း စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောသည်။

ပဲအရောင်းအ၀ယ်များ ပြု လုပ်ရာတွင် ကြိုရောင်း၊ ကြိုဝယ် စနစ်ဖြင့် မပြုလုပ်ကြရန် စီးပွား ရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၊ ပဲအသင်းနှင့် ကုန် စည်ဒိုင်တို့က နှစ်စဉ်ဆက်တိုက်ဆို သလို ကြေ ညာ ချက်များ ထုတ်ပြန်ခဲ့ကြသည်။

သို့သော် အဆိုပါ ကြေညာ ချက်များ ထုတ်ပြန်ပါကလည်း တစ်ပတ်ခန့်သာ ညွှန်ကြားချက် လိုက်နာပြီး ကျန်အချိန်များတွင် ယခင်ဈေးကွက်အတိုင်း ပြန်လည် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြ သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လည်း ပြည်တွင်းကုန်သည်တစ်ဦး က အိန္ဒိယကုန်သည်များထံမှ ငွေ ကြိုယူ ထားပြီး အချိန်မီ ပဲတင်ပို့နိုင် ခြင်းမရှိသောကြောင့် ပြည်ပကုန် သည်များက သမ္မတရုံးသို့ တိုင် ကြားစာများ တင်ပို့ခဲ့၍ ဖြေရှင်းမှု များ ပြုလုပ်ခဲ့ရသည်။

ပဲဈေးကွက်တွင် အကြီးဆုံး ငွေကြေးပြဿနာမှာ ၂၀၀၈ ခုနှစ် တွင် ပေါ်ပေါက်ခဲ့ပြီး ပဲကုန်သည် ကြီးရှစ်ဦးက ကျပ်ဘီလီယံပေါင်း များစွာ အရှုပ်အရှင်းလုပ်ခဲ့၍ ပဲ လောကမှာ လအတန်ကြာ ဈေး ကွက်ပျက်ခဲ့သည်။

7Day Daily

No comments:

Post a Comment