Sunday 9 March 2014

IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်

Photo: IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်
Sunday, March 9, 2014

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြောင်း ပြောကြားကြသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ EGAT နှင့်တရုတ်ကုမ္ပဏီ (Sinohydro Corporation)  ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး မီဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဟု သိရသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁၀ ရှိသည့် အထက်သံလွင်(မိုင်းတုံ)စီမံကိန်း၊ မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိမည့် ဟက်ကြီးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ရှိသည့် နောင်ဖစီမံကိန်း စသည့် စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အိတုထဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်နော်သာရှီးက “ဒီရေအားလျှပ်စစ်စီမံကိန်းဖြစ်သွားရင် အသက်မွေးဝမ်းကျောင်း ထိခိုက်ရုံသာမကဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရေကာတာ ကျိုးပေါက်မှုဖြစ်လာခဲ့ရင် တစ်ရွာလုံးရေမြုပ်သွားမှာ သေချာတယ်။ ဒီမှာရှိနေတဲ့ သူတွေက စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး လာနေ နေရတာ။ ဒီကနေ ရေကာတာကြောင့် ထွက်ပြေးရမယ်ဆိုတာမျိုး မကြုံတွေ့ချင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဟက်ကြီးရေကာတာစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် DKBA နှင့် KNU တို့ကလည်း ရေကာတာစီမံကိန်းကို အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးသည့်အချိန် ငြိမ်းချမ်းရေး သဘောတူညီချက် မသေချာသေးသည့်အချိန်တွင် တည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်းလည်း ပြောကြားကြသည်။

KNU ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသော်သီဘွယ်က “ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းက ကျွန်တော်တို့ နယ်မြေထဲမှာပါ ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်မရှိမချင်း ဒီလိုကြီးကျယ်တဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး။ နိုင်ငံရေးအာမခံချက် ရှိလာပြီးနောက်ပိုင်းမှပဲ ပြည်သူ့အကျိုးကြည့်ပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲ့ဒီနောက်ပိုင်းမှပဲ ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်။ လက်ရှိကာလမှာ အပစ်အခတ်ရပ်စဲရေးကလည်း တိကျသေချာမှု မရှိသေးဘူး။ နိုင်ငံရေးကလည်း ဘာတစ်ခုမှ မဆွေးနွေးရသေးဘူး။ အာမခံချက်ဆို ဝေးရော။အဲ့ဒီလို အချိန်ကာလမှာ ခွင့်ပြုလိုက်မယ်ဆိုရင် အစိုးရလောက်ပဲ ကောင်းကျိုးခံစားရပြီး ကျွန်တော်တို့ ကရင်ဒေသခံတွေက ဘာတစ်ခုမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို လက်မခံနိုင်ဘူး”ဟု ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ ထူးဘောအခြေ စိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာ က “ဒီရေကာတာစီမံကိန်းကို ကျွန်တော်တို့ DKBA ရဲ့ရပ်တည်ချက်ကတော့ ဟက်ကြီး ရေကာတာစီမံကိန်းကို လုံးဝ ခွင့်မပြုပါဘူး။ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေတိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင်တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏ လာညှိတယ်။ ထိုင်းပါတယ်။ တရုတ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ပါဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်”ဟု ပြောကြားသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေကာတာကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးမှု၊ စိုက်ပျိုးရေ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းအပါအ၀င် ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် ခံစားရပြီး ကုမ္ပဏီများ၊ ပါဝင်သူပုဂ္ဂိုလ်များအနေဖြင့် ရေကာတာစီမံကိန်းကြောင့် အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လက်ရှိအချိန်တွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးကြောင်း ကရင်မြစ်ချောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့KRW (Karen Rivers Watch )  အဖွဲ့မှ ကို စောသာဘိုးက ဆိုသည်။

ကိုစောသာဘိုးက “ဒီရေကာတာ ဆောက်မယ်ဆိုတာ ပြည်သူတွေကို အစိုးရက ခုထိ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိသေးဘူး။ နောက်တစ်ခုက ဒီရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာ။ ဒီသံလွင်မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေမြို့တွေက သံလွင်မြစ်ရဲ့ နုန်းတင်မြေနုတွေနဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြတာ။ ရေကာတာဆောက်လိုက်လို့ ရေနည်းသွားရင် ဒီစိုက်ပျိုးမြေတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ နောက်ပြီး ရေကာတာကျိုးပေါက်လို့ ရေကြီးမယ်ဆိုရင် သံလွင်မြစ်အောက်ပိုင်းက မြို့တွေ၊ ရွာတွေအကုန် ရေမြုပ်သွားမှာ သေချာတယ်။ ဒီရေကာတာစီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို ကျွန်တော်တို့ စုဆောင်းကောက်ခံနေတယ်။ ဘယ်လောက်အတိုင်းအတာထိ ရပြီလဲဆိုတာတော့ မသိသေးဘူး။ ရလာရင် သတင်းထုတ်ပြန်သွားမှာပါ”ဟု ပြောကြားသည်။

ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းသန်းက “ကျွန်မတို့ ရွာကတော့ အဓိက စိုက်ပျိုးရေးလုပ်တာပါ။ ပဲ၊ ပြောင်း၊ စပါး အဓိကစိုက်တယ်။ မိုးရာသီဆိုရင် သံလွင်မြစ်က ရေကြီးလာတယ်။ ရေပြန်ကျသွားလို့ တင်ကျန်နေ တဲ့ နုန်းတင်မြေတွေမှာ မြေပဲစိုက်တယ်။ ဒီရေကာတာစီမံကိန်းလုပ်လို့ နုန်းမြေတွေ မရရှိတော့ဘူးဆိုရင် စိုက်ပျိုးမြေတွေကို ထိခိုက်လာနိုင်တယ်။ ကျွန်မတို့က ဒီကိုင်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Karen Environm- ental and Social Action Network (KESAN) မှ သုတေသီနှင့်ပညာပေးတာဝန်ခံဖြစ်သူ SteveThompson က“ဒီရေကာတာစီမံကိန်း ဆောက်မယ်ဆိုရင် ပြောင်းရွှေ့နိုင်ရတဲ့ ရွာတွေကလည်း အမြောက်အမြား ရှိနေပါတယ်။နောက်ပြီး ဒီရေကာတာစီမံကိန်းကြောင့် နောက်ဆက်တွဲအနေနဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ သာဓကတစ်ခုက ကချင်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်လာ တယ်။ နောက်တစ်ခုက ဒီဟက်ကြီး ရေကာတာဆောက်မယ့်နေရာက ငလျင်ကြောရှိတဲ့ နေရာလည်းဖြစ်တယ်။ ဒီရေကာတာ ဆောက်လိုက်ပါပြီတဲ့။ မပြိုနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ တကယ်လို့ အဲ့လိုဖြစ်လာခဲ့လို့ ရွာတွေ၊ မြို့တွေ ရေလွှမ်းမိုးခံရပြီး လူ့အသက်တွေ သေကြေပျက်စီးပြီဆိုရင် ဘယ်သူ့မှာ တာဝန်ရှိနိုင်မှာလဲ။ အစိုးရလား၊ ကုမ္ပဏီတွေလား။ ဒါကို သေချာစဉ်းစားသင့်တယ်”ဟု သုံးသပ်သည်။
        
Eleven Media Group

ကရင်ပြည်နယ် ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းတစ်နေရာ (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့ လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြော င်း ပြော ကြားကြသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ EGAT နှင့်တရုတ်ကုမ္ပဏီ (Sinohydro Corporation)  ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး မီဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဟု သိရသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင် ဆိုင်သော IGE ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁၀ ရှိသည့် အထက်သံလွင် (မိုင်းတုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိမည့် ဟက်ကြီးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ရှိသည့် နောင်ဖ စီမံကိန်း စသည့် စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အိတုထဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်နော်သာရှီးက “ဒီရေအားလျှပ်စစ်စီမံကိန်းဖြစ်သွားရင် အသက်မွေးဝမ်းကျောင်း ထိခိုက်ရုံသာမကဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရေကာတာ ကျိုးပေါက်မှုဖြစ်လာခဲ့ရင် တစ်ရွာလုံးရေမြုပ် သွားမှာ သေချာတယ်။ ဒီမှာရှိနေတဲ့ သူတွေက စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး လာနေ နေရတာ။ ဒီကနေ ရေကာတာကြောင့် ထွက်ပြေးရမယ်ဆိုတာမျိုး မကြုံတွေ့ချင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဟက်ကြီးရေကာတာစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် DKBA နှင့် KNU တို့ကလည်း ရေကာတာစီမံကိန်းကို အပစ်အခတ်ရပ်စဲရေး မခိုင်မာသေး သည့်အချိန် ငြိမ်းချမ်းရေး သဘောတူညီချက် မသေချာသေးသည့်အချိန်တွင် တည်ဆောက်မည့် အပေါ် ကန့်ကွက်ကြောင်းလည်း ပြောကြားကြသည်။

KNU ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသော်သီဘွယ်က “ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်း က ကျွန်တော်တို့ နယ်မြေထဲမှာပါ ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက် မရှိမချင်း ဒီလိုကြီးကျယ်တဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး။ နိုင်ငံရေးအာမခံချက် ရှိလာပြီးနောက် ပိုင်းမှပဲ ပြည်သူ့အကျိုးကြည့်ပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲ့ဒီနောက်ပိုင်းမှပဲ ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်။ လက်ရှိကာလမှာ အပစ်အခတ်ရပ်စဲရေးကလည်း တိကျသေချာမှု မရှိသေးဘူး။ နိုင်ငံရေးကလည်း ဘာတစ်ခုမှ မဆွေးနွေးရသေးဘူး။ အာမခံချက်ဆို ဝေးရော။အဲ့ဒီလို အချိန်ကာလမှာ ခွင့်ပြုလိုက်မယ်ဆိုရင် အစိုးရလောက်ပဲ ကောင်းကျိုးခံစားရပြီး ကျွန်တော်တို့ ကရင်ဒေသခံတွေက ဘာတစ်ခုမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို လက်မခံနိုင်ဘူး”ဟု ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ ထူးဘောအခြေ စိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာ က “ဒီရေကာတာစီမံကိန်းကို ကျွန်တော်တို့ DKBA ရဲ့ရပ်တည်ချက်ကတော့ ဟက်ကြီး ရေကာတာစီမံကိန်းကို လုံးဝ ခွင့်မပြုပါဘူး။ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေ တိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင်တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏ လာညှိတယ်။ ထိုင်းပါတယ်။ တရုတ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ပါဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်”ဟု ပြောကြားသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေကာတာကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးမှု၊ စိုက်ပျိုးရေ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းအပါအ၀င် ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် ခံစားရပြီး ကုမ္ပဏီများ၊ ပါဝင်သူပုဂ္ဂိုလ်များအနေဖြင့် ရေကာတာစီမံကိန်းကြောင့် အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လက်ရှိအချိန်တွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးကြောင်း ကရင်မြစ်ချောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့KRW (Karen Rivers Watch )  အဖွဲ့မှ ကို စောသာဘိုးက ဆိုသည်။

ကိုစောသာဘိုးက “ဒီရေကာတာ ဆောက်မယ်ဆိုတာ ပြည်သူတွေကို အစိုးရက ခုထိ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိသေးဘူး။ နောက်တစ်ခုက ဒီရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသခံပြည် သူတွေပဲ ခံစားရမှာ။ ဒီသံလွင်မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေမြို့တွေက သံလွင်မြစ်ရဲ့ နုန်း တင်မြေနုတွေ နဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြတာ။ ရေကာတာဆောက်လိုက်လို့ ရေနည်းသွားရင် ဒီစိုက်ပျိုးမြေတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ နောက်ပြီး ရေကာတာကျိုးပေါက်လို့ ရေကြီးမယ်ဆိုရင် သံလွင်မြစ်အောက်ပိုင်းက မြို့တွေ၊ ရွာတွေအကုန် ရေမြုပ်သွားမှာ သေချာတယ်။ ဒီရေကာတာစီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို ကျွန်တော်တို့ စုဆောင်းကောက်ခံနေတယ်။ ဘယ်လောက် အတိုင်းအတာထိ ရပြီလဲဆိုတာတော့ မသိသေးဘူး။ ရလာရင် သတင်းထုတ်ပြန်သွားမှာပါ”ဟု ပြောကြားသည်။

ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းသန်းက “ကျွန်မတို့ ရွာကတော့ အဓိက စိုက်ပျိုးရေးလုပ်တာပါ။ ပဲ၊ ပြောင်း၊ စပါး အဓိကစိုက်တယ်။ မိုးရာသီဆိုရင် သံလွင်မြစ်က ရေကြီးလာတယ်။ ရေပြန်ကျသွားလို့ တင်ကျန်နေ တဲ့ နုန်းတင်မြေတွေမှာ မြေပဲစိုက်တယ်။ ဒီရေကာတာစီမံကိန်းလုပ်လို့ နုန်းမြေတွေ မရရှိတော့ဘူးဆိုရင် စိုက်ပျိုးမြေတွေကို ထိခိုက်လာနိုင်တယ်။ ကျွန်မတို့က ဒီကိုင်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Karen Environm- ental and Social Action Network (KESAN) မှ သုတေသီနှင့်ပညာပေးတာဝန်ခံဖြစ်သူ SteveThompson က“ဒီရေကာတာစီမံကိန်း ဆောက်မယ်ဆိုရင် ပြောင်းရွှေ့နိုင်ရတဲ့ ရွာတွေကလည်း အမြောက်အမြား ရှိနေပါတယ်။နောက်ပြီး ဒီရေကာတာစီမံကိန်းကြောင့် နောက်ဆက်တွဲအနေနဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေ လည်း ပြန်ဖြစ်လာနိုင်ပါတယ်။ သာဓကတစ်ခုက ကချင်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ် လာ တယ်။ နောက်တစ်ခုက ဒီဟက်ကြီး ရေကာတာဆောက်မယ့်နေရာက ငလျင်ကြောရှိတဲ့ နေရာလည်းဖြစ် တယ်။ ဒီရေကာတာ ဆောက်လိုက်ပါပြီတဲ့။ မပြိုနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ တကယ်လို့ အဲ့လိုဖြစ်လာ ခဲ့လို့ ရွာတွေ၊ မြို့တွေ ရေလွှမ်းမိုးခံရပြီး လူ့အသက်တွေ သေကြေပျက်စီးပြီဆိုရင် ဘယ်သူ့မှာ တာဝန်ရှိနိုင်မှာ လဲ။ အစိုးရလား၊ ကုမ္ပဏီတွေလား။ ဒါကို သေချာစဉ်းစားသင့်တယ်”ဟု သုံးသပ်သည်။
        
Eleven Media Group

No comments:

Post a Comment