Sunday 9 March 2014

ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ

Photo: ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ
Sunday, March 9, 2014

တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီများသည် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် တည်ဆောက်မှုများ စတင်နေပြီဟု ၎င်းကဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် FMI ကုမ္ပဏီနှင့် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းထားသည့် Digicel Myanmar Tower ကုမ္ပဏီကို ယမန်နှစ် အတွင်းကပင် အော်ရီဒူးက ၎င်းတို့ မိုဘိုးလ် တာဝါတိုင်များ တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော မြန်မာကမူ Apollo Towers Myamar ကုမ္ပဏီကို ၂၀၁၃ နှစ်ကုန်ပိုင်းက ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း တာဝါတိုင်နှင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာတွင် မြေအခက်အခဲသည် အကြီးမားဆုံး ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း အော်ရီဒူး မြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ဆိုသည်။

အော်ရီဒူးက ဖုန်းကတ်များ ရောင်းချခြင်းနှင့် အတူ လာမည့် ဇူလိုင်လအတွင်း 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်သွားမည် ဖြစ်ပြီး တယ်လီနောက စက်တင်ဘာလ မတိုင်မီ 2G နှင့် 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် သွားမည်ဟု တရားဝင် ကြေညာထားသည်။

The Voice Weekly
တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အဆိုပါ ကုမ္ပဏီများသည် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက် သွယ်ရေး တာဝါတိုင်များ တည်ဆောက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် တည်ဆောက်မှုများ စတင်နေ ပြီ ဟု ၎င်းကဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် FMI ကုမ္ပဏီနှင့် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းထားသည့် Digicel Myanmar Tower ကုမ္ပဏီကို ယမန်နှစ် အတွင်းကပင် အော်ရီဒူးက ၎င်းတို့ မိုဘိုးလ် တာဝါတိုင်များ တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော မြန်မာကမူ Apollo Towers Myamar ကုမ္ပဏီကို ၂၀၁၃ နှစ်ကုန်ပိုင်းက ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း တာဝါတိုင်နှင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာတွင် မြေအခက်အခဲသည် အကြီးမားဆုံး ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း အော်ရီဒူး မြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ဆိုသည်။

အော်ရီဒူးက ဖုန်းကတ်များ ရောင်းချခြင်းနှင့်အတူ လာမည့် ဇူလိုင်လအတွင်း 3G ဆက်သွယ်ရေး ဝန်ဆောင် မှုများ စတင်သွားမည် ဖြစ်ပြီး တယ်လီနောက စက်တင်ဘာလ မတိုင်မီ 2G နှင့် 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် သွားမည်ဟု တရားဝင် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment