Sunday 9 March 2014

လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်

Photo: လူ ၂၃၉ ဦး လိုက်ပါလာသည့် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဗီယက်နမ်ကမ်းလွန်၌ ပျက်ကျသွားခြင်းဖြစ်
Sunday, March 9, 2014

မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။

လေယာဉ်ခရီးစဉ် MH370 သည် ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ပြီးနောက် နှစ် နာရီခန့်အကြာ ဒေသစံတော်ချိန် နံနက် ၂း၄၀ နာရီတွင် လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်ပျောက်ဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် ဗီယက်နမ် ဝေဟင်ပိုင်နက်အနီး ဆက်သွယ်မှု ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ဟိုချီမင်း လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ် မပြုလုပ်မီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကို ရှာဖွေရန် မလေးရှား၊ တရုတ် တာဝန်ရှိသူများနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နေကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်က ဖော်ပြခဲ့သည်။

“လေယာဉ်သည် ဟိုချီမင်းလေကြောင်း ထိန်းချုပ်ရေးစခန်းနှင့် လွှဲပြောင်းချိတ်ဆက်ရန် ပြင်ဆင်နေစဉ် ကာမောင်ပြည်နယ် ဝေဟင်ပိုင်နက်အနီး၌ ပျောက်ဆုံးသွားခဲ့သည်” ဟု ဗီယက်နမ်အစိုးရ၀က်ဘ်ဆိုက်၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းလေယာဉ်ထံမှ အချက်ပြမှုသည် ဟိုချီမင်းစီးတီး လေကြောင်းထိန်းချုပ်ရေးစခန်းသို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြောင်း ယင်းကြေညာချက်က ဆိုသည်။ ကာမောင်ပြည်နယ်သည် ဗီယက်နမ်တောင်ဘက် အစွန်ဆုံး၌ရှိပြီး ကမ္ဘောဒီယားနှင့်နယ်စပ်တွင် တည်ရှိသည်။

ဘိုးရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ်သည် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ တင်ဆောင်လာခဲ့ပြီး တရုတ်ခရီးသည် ၁၅၃ (မွေးကင်းစတစ်ဦး အပါအ၀င်)နှင့် မလေးရှားခရီးသည် ၃၈ ဦးတို့ အများဆုံး လိုက်ပါလာခဲ့သည်။ ယင်းအပြင် အင်ဒိုနီးရှား ၁၂ ဦး၊ သြစတြေးလျ ခြောက်ဦး၊ ပြင်သစ် သုံးဦး၊  အမေရိကန် လေးဦး (မွေးကင်းစ တစ်ဦးအပါအ၀င်)၊ နယူးဇီလန်၊ ယူကရိန်း နှင့် ကနေဒါတို့မှ နှစ်ဦးစီ၊ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာလန်နှင့် သြစတြီးယားတို့မှ တစ်ဦးစီ လိုက်ပါခဲ့သည်။

လေယာဉ်သည် မိုင် ၃ç၇၀၀ (ကီလိုမီ တာ ၂ç၃၀၀) ခရီးကို ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိရန် ရည်မှန်းထားခဲ့သည်။ ပျောက်ဆုံးချိန်၌ လေယာဉ်တွင် ပျံ သန်းချိန် ၇ ဒသမ ၅ နာရီအတွက် လောင်စာဆီပါရှိကြောင်း မလေးရှားလေကြောင်းလိုင်း၏ လုပ်ငန်းထိန်းချုပ်ရေး ဒုတိယဥက္ကဋ္ဌ ဖာအွတ်ရှာယူဂျီက ပြောကြားခဲ့သည်။

(MAS) သည် ၎င်း၏မှတ်တမ်းတွင် မတော်တဆမှု အနည်းငယ်သာရှိခဲ့သည့် လေကြောင်းလိုင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်က မလေးရှားတောင်ပိုင်းတွင် (MAS) ၏ လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည် ၉၃ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး သေဆုံးခဲ့သည်။

MH370 လေကြောင်းခရီး၏ လေယာဉ်သည် သက်တမ်း ၁၁ နှစ်ကျော် ရှိပြီဖြစ်ပြီး လေယာဉ်မှူးသည် အသက် ၅၃ နှစ် အရွယ် ဇာဟာရီအာမက်ရှား ဖြစ်သည်။ လေယာဉ်မှူးသည် ၁၉၈၁ ခုနှစ်မှစ၍ မလေးရှားလေကြောင်းလိုင်းတွင် မောင်းနှင်ခဲ့သူဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၈ç၃၆၅ မှတ်တမ်းရှိထားသူ ဖြစ်သည်။

Eleven Media Group

၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က ကွာလာလမ်ပူလေဆိပ်တွင် ဆိုက်ကပ်ထားသော ဘိုးရင်း ၇၇၇-၂၀၀ ကို ရိုက်ကူးထားသည့်ဓာတ်ပုံ
၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က ကွာလာလမ်ပူလေဆိပ်တွင် ဆိုက်ကပ်ထားသော ဘိုးရင်း ၇၇၇-၂၀၀ ကို ရိုက်ကူးထားသည့်ဓာတ်ပုံ

မလေးရှားလေကြောင်းလိုင်း (Malaysia Airlines) ၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့သော လေယာဉ်သည် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွား ခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်းသိရသည်။

လေယာဉ်ခရီးစဉ် MH370 သည် ကွာလာလမ်ပူလေဆိပ်မှ ပျံတက်ပြီးနောက် နှစ် နာရီခန့်အကြာ ဒေသ စံတော်ချိန် နံနက် ၂း၄၀ နာရီတွင် လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်ပျောက်ဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် ဗီယက်နမ် ဝေဟင်ပိုင်နက်အနီး ဆက်သွယ်မှု ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ဟိုချီမင်း လေကြောင်းထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ် မပြုလုပ်မီ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကို ရှာဖွေရန် မလေးရှား၊ တရုတ် တာဝန်ရှိသူများနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နေကြောင်း ဗီယက်နမ်အစိုးရ၏ ကြေညာချက်က ဖော်ပြခဲ့သည်။

“လေယာဉ်သည် ဟိုချီမင်းလေကြောင်း ထိန်းချုပ်ရေးစခန်းနှင့် လွှဲပြောင်းချိတ်ဆက်ရန် ပြင်ဆင်နေစဉ် ကာမောင်ပြည်နယ် ဝေဟင်ပိုင်နက်အနီး၌ ပျောက်ဆုံးသွားခဲ့သည်” ဟု ဗီယက်နမ်အစိုးရ၀က်ဘ်ဆိုက်၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းလေယာဉ်ထံမှ အချက်ပြမှုသည် ဟိုချီမင်းစီးတီး လေကြောင်းထိန်းချုပ်ရေးစခန်းသို့ မည်သည့်အခါမှ ရောက်မလာခဲ့ကြောင်း ယင်းကြေညာ ချက်က ဆိုသည်။ ကာမောင်ပြည်နယ်သည် ဗီယက်နမ်တောင်ဘက် အစွန်ဆုံး၌ရှိပြီး ကမ္ဘောဒီယားနှင့် နယ်စပ်တွင် တည်ရှိသည်။

ဘိုးရင်း ၇၇၇-၂၀၀ အမျိုးအစား လေယာဉ်သည် နိုင်ငံ ၁၄ နိုင်ငံမှ ခရီးသည်များ တင်ဆောင်လာခဲ့ပြီး တရုတ်ခရီးသည် ၁၅၃ (မွေးကင်းစတစ်ဦး အပါအ၀င်)နှင့် မလေးရှားခရီးသည် ၃၈ ဦးတို့ အများဆုံး လိုက်ပါလာခဲ့သည်။ ယင်းအပြင် အင်ဒိုနီးရှား ၁၂ ဦး၊ သြစတြေးလျ ခြောက်ဦး၊ ပြင်သစ် သုံးဦး၊  အမေရိကန် လေးဦး (မွေးကင်းစ တစ်ဦးအပါအ၀င်)၊ နယူးဇီလန်၊ ယူကရိန်း နှင့် ကနေဒါတို့မှ နှစ်ဦးစီ၊ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာလန်နှင့် သြစတြီးယားတို့မှ တစ်ဦးစီ လိုက်ပါခဲ့သည်။

လေယာဉ်သည် မိုင် ၃ç၇၀၀ (ကီလိုမီ တာ ၂ç၃၀၀) ခရီးကို ပျံသန်းပြီးနောက် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် ပေကျင်းလေဆိပ်သို့ ရောက်ရှိရန် ရည်မှန်းထားခဲ့သည်။ ပျောက်ဆုံးချိန်၌ လေယာဉ်တွင် ပျံ သန်းချိန် ၇ ဒသမ ၅ နာရီအတွက် လောင်စာဆီပါရှိကြောင်း မလေးရှားလေကြောင်းလိုင်း၏ လုပ်ငန်းထိန်း ချုပ်ရေး ဒုတိယဥက္ကဋ္ဌ ဖာအွတ်ရှာယူဂျီက ပြောကြားခဲ့သည်။

(MAS) သည် ၎င်း၏မှတ်တမ်းတွင် မတော်တဆမှု အနည်းငယ်သာရှိခဲ့သည့် လေကြောင်းလိုင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်က မလေးရှားတောင်ပိုင်းတွင် (MAS) ၏ လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ခရီးသည် ၉၃ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး သေဆုံးခဲ့သည်။

MH370 လေကြောင်းခရီး၏ လေယာဉ်သည် သက်တမ်း ၁၁ နှစ်ကျော် ရှိပြီဖြစ်ပြီး လေယာဉ်မှူးသည် အသက် ၅၃ နှစ် အရွယ် ဇာဟာရီအာမက်ရှား ဖြစ်သည်။ လေယာဉ်မှူးသည် ၁၉၈၁ ခုနှစ်မှစ၍ မလေး ရှားလေကြောင်း လိုင်းတွင် မောင်းနှင်ခဲ့သူဖြစ်ပြီး ပျံသန်းချိန် နာရီ ၁၈ç၃၆၅ မှတ်တမ်းရှိထားသူ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment