Sunday 9 March 2014

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး တိုက်ကြီးတွင် ဆန္ဒထုတ်ဖော်

Photo: အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး တိုက်ကြီးတွင် ဆန္ဒထုတ်ဖော်
Sunday, March 9, 2014

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ဝင်များက ဦးဆောင်၍ အင်အား ၃၀၀ ကျော်ဖြင့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒ ထုတ်ဖော်မှုကို တိုက်ကြီးမြို့နယ် အားကစားကွင်း ရှေ့မှ စတင်ခဲ့ပြီး မြို့တွင်းလမ်းများ အပါအဝင် လူစည်ကားရာ နေရာဖြစ်သည့် ဈေးလမ်းများတွင် လှည့်လည်ခဲ့ကြကာ အားကစားကွင်း၌ပင် အဆုံးသတ်ခဲ့သည်ဟု ဦးဆောင်သူ နန္ဒအောင်က ဆိုသည်။

“ပါတီဝင်တွေ ဆိုပေမယ့် အများထင်သလို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် အတွက်ရယ်လို့ ရည်ရွယ်ပြီး လုပ်နေတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေ ထဲက မည်သူမဆို နိုင်ငံတော် သမ္မတ ဖြစ်ခွင့် ရှိပါတယ်။ နိုင်ငံသားတိုင်းက နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင် အဖြစ် ရွေးချယ်ပိုင်ခွင့် ရှိတယ်။ နိုင်ငံရေးမှာ ပါဝင်ခွင့်ကို ကန့်သတ်ထားတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက် ခံထားရသလို ဖြစ်နေလို့ ဆန္ဒ ဖော်ထုတ်ရတာ” ဟု ၎င်းက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် စစ်အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ရာ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ရောက်ရှိနေကြောင်း၊ တပ်မတော် ဆိုသည်မှာ နိုင်ငံတော် လုံခြုံရေး အတွက်သာ တာဝန်ရှိကြောင်း၊ ပြည်သူက တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ်များသာ ဖြစ်သင့်ကြောင်း NLD အဖွဲ့ဝင်များက တိုက်ကြီးမြို့နယ် အားကစားကွင်းတွင် ဟောပြောခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ အချို့က ပြောဆိုသည်။

The Voice Weekly
အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် (ဃ) ပြင်ဆင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ဝင်များက ဦးဆောင်၍ အင်အား ၃၀၀ ကျော်ဖြင့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒ ထုတ်ဖော်မှုကို တိုက်ကြီးမြို့နယ် အားကစားကွင်း ရှေ့မှ စတင်ခဲ့ပြီး မြို့တွင်းလမ်းများ အပါအဝင် လူစည်ကားရာ နေရာဖြစ်သည့် ဈေးလမ်းများတွင် လှည့်လည်ခဲ့ကြကာ အားကစားကွင်း၌ပင် အဆုံးသတ်ခဲ့ သည် ဟု ဦးဆောင်သူ နန္ဒအောင်က ဆိုသည်။

“ပါတီဝင်တွေ ဆိုပေမယ့် အများထင်သလို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် အတွက်ရယ်လို့ ရည် ရွယ်ပြီး လုပ်နေတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေ ထဲက မည်သူမဆို နိုင်ငံတော် သမ္မတ ဖြစ်ခွင့် ရှိပါတယ်။ နိုင်ငံသားတိုင်းက နိုင်ငံရဲ့ အစိုးရ ခေါင်းဆောင် အဖြစ် ရွေးချယ်ပိုင်ခွင့် ရှိတယ်။ နိုင်ငံရေးမှာ ပါဝင်ခွင့်ကို ကန့်သတ်ထားတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက် ခံထားရသလို ဖြစ်နေလို့ ဆန္ဒ ဖော်ထုတ် ရတာ” ဟု ၎င်းက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် စစ်အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ရာ လွှတ်တော်အတွင်း တပ်မတော် သား ကိုယ်စားလှယ်များ ရောက်ရှိနေကြောင်း၊ တပ်မတော် ဆိုသည်မှာ နိုင်ငံတော် လုံခြုံရေး အတွက်သာ တာဝန်ရှိကြောင်း၊ ပြည်သူက တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သင့်ကြောင်း NLD အဖွဲ့ဝင်များက တိုက်ကြီးမြို့နယ် အားကစားကွင်းတွင် ဟောပြောခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ အချို့က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment