Sunday 9 March 2014

မွန်အမျိုးသမီး ညီလာခံ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

Photo: မွန်အမျိုးသမီး ညီလာခံ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ
Sunday, March 9, 2014

မွန်အမျိုးသမီး ညီလာခံကို ပထမဆုံးအကြိမ် အဖြစ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပမည် ဖြစ်ကြောင်း မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ အလုပ်အမှုဆောင် မိလိုင်းမွန်က ပြောကြားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးမှ မွန်အမျိုးသမီး ခေါင်းဆောင်များ ကျင်းပသည့် ယင်းညီလာခံတွင် မွန်အမျိုးသမီးများနှင့် ကျန်းမာရေး၊ မွန်အမျိုးသမီး များနှင့် ပညာရေး၊ မွန်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး၊ မွန်အမျိုးသမီး များ၏ အမျိုးသမီး အခွင့်အရေး စသည့် အချက်များကို အဓိကထား ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။

“နိုင်ငံတကာ အမျိုးသမီးနေ့နဲ့ တစ်ဆက်တည်း မွန်အမျိုးသမီး ညီလာခံကို ပြုလုပ်လိုက်တယ်။ ဆွေးနွေးမှာက အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာဖို့ပေါ့။ ပညာရေးကဏ္ဍမှာ အဓိကကျတဲ့ ဘာသာစကားပေါ့။ တိုင်းရင်းသား ဘာသာစကားရဲ့အရေးကြီးမှုတွေ ဆွေးနွေးမယ်” ဟု မွန်အမျိုးသမီး ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မိကွန်ချမ်းနန်က ဆိုသည်။

ယင်းညီလာခံသို့ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီ အပါအဝင် INGO လူမှုအဖွဲ့အစည်းများမှ လူဦးရေ ၁၅၀ ဦး တက်ရောက်လျက် ရှိကြောင်းနှင့် အဆိုပါ ညီလာခံ ပြီးသည့် မတ်လ ၁၂ ရက်နေ့တွင် (၁၀) ကြိမ်မြောက် မွန်အမျိုးသမီးများ နေ့ကို တစ်ဆက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

The Voice Weekly

No comments:

Post a Comment