Sunday 9 March 2014

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြို့တော်ခန်းမ၌ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၌ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင် စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့ နံနက်၉နာရီတွင် ထားဝယ်မြို့ မြို့ တော် ခန်းမ၌ကျင်းပရာ ဗဟိုသန်း ခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးဦးခင်ရီက အမှာ စကားပြောကြားရာတွင်သန်းခေါင် စာရင်းကောက်ယူရခြင်းသည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း
များရေးဆွဲချမှတ်နိုင်ရန် တိကျ မှန်ကန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်ရန်ရည် ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်
သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို ၁ဝနှစ်လျှင် တစ်ကြိမ် ကောက်ယူကြကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းကို ယခုနှစ် မတ်၃ဝရက်မှ ဧပြီ ၁ဝရက်အထိ ၁၂ရက်ကြာ ကောက်ယူ မည်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရ သစ် စတင်တာဝန်ယူပြီး ၂ဝ၁၁ ခုနှစ် မေလမှ စတင်ကာ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာယခုဆိုလျှင် သုံးနှစ်နီးပါးကြာမြင့်ပြီဖြစ်ပြီးမြေ ပြင်ကွင်းဆင်း စာရင်းကောက်ယူ ရန်ရက်ပိုင်းမျှသာလိုတော့ကြောင်း၊ သန်းခေါင်စာရင်းကို သန်းခေါင်စာ ရင်း ရည်ညွှန်း ချိန်ဖြစ် သည့် ယခု နှစ်မတ်၂၉ရက်ညသန်းခေါင်ယံတွင် မြန်မာနိုင်ငံအတွင်းရှိနေသူအားလုံး ကို ကောက်ယူ မည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာသန်းခေါင်စာရင်း မေးခွန်းများကို ပြည်သူများက မှန်မှန်ကန်ကန်ဖြေ ကြားကြရန် ဖြစ် ကြောင်း၊ သန်းခေါင်စာရင်း၏ အနှစ်သာရမှာ မေးခွန်းများကို မှန် မှန်ကန်ကန် ဖြေကြားခြင်း ပင် ဖြစ် ကြောင်း၊သို့မှသာယင်းကိန်းဂဏန်း အချက်အလက်များအပေါ်အခြေခံ ၍ မှန်ကန်သည့် ဖွံ့ဖြိုးရေး စီမံကိန်း များရေးဆွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အတွက်ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့နှင့်နီးကပ်စွာ ပူးပေါင်းဆောင် ရွက်၍ သန်းခေါင်စာရင်းဆိုင်ရာ နိုင်ငံတကာနည်းပညာအကြံပေး အဖွဲ့နှင့်ပေါင်းစပ်ဆောင် ရွက်လျက် ရှိကြောင်း၊ သို့ရာတွင်နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့်ဆင်ခြင် တုံတရား တိုးမြှင့်ချင့် ချိန်ဆောင် ရွက်လျက်ရှိကြောင်း၊သန်းခေါင် စာရင်းကောက်ယူခြင်းသည် လူ တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်း တစ်ခုအတွက်မဟုတ်ဘဲ ပြည်သူ အားလုံးအကျိုးအတွက် ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်သန်းခေါင်စာရင်းလုပ်ငန်း စဉ်အားအမျိုးသားရေးတာဝန်အဖြစ် ခံယူကာ သန်းခေါင်စာရင်းမေးခွန်း များကို မှန်မှန်ကန်ကန်ဖြေကြား ခြင်းဖြင့် ဝိုင်းဝန်းကူညီကြရန်တိုက် တွန်းပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုကသန်းခေါင် စာရင်းဆိုင်ရာလုပ်ငန်းတာဝန်ပေး အပ်လွှာ များကို ခရိုင်နှင့်မြို့နယ်အုပ် ချုပ်ရေးမှူးများထံ ပေးအပ်သည်။

KNU ကရင်အမျိုးသား အစည်းအရုံးမြိတ်-ထားဝယ်ဒေသ အုပ်ချုပ်ရေးအဖွဲ့မှစောဖီးဒိုက သန်း ခေါင် စာရင်းကောက်ယူရေးလုပ်ငန်း အား¤င်းတို့၏အဖွဲ့အစည်းအတွင်း ရှင်းလင်းချပြမည်ဖြစ်ကြောင်းနှင့် ဝိုင်းဝန်း ကူညီဆောင်ရွက်မည်ဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

The Union Daily

No comments:

Post a Comment