Sunday 9 March 2014

မလေးရှားလေယာဉ်ကို ရှာဖွေနေသော လေယာဉ်များ ပင်လယ်တွင်း၌ ရေနံပြင်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ပြောကြား

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေသည့် ကယ်ဆယ်ရေးလေယာဉ်များ သည် ပင်လယ်ပြင်အတွင်း၌ ရေနံကွက်ကြီးနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ယင်းဧရိယာသို့ သင်္ဘောများ စေလွှတ်ထားကြောင်း ဗီယက်နမ်က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။


“ကျွန်တော်တို့ လေယာဉ်အုပ်စုထဲက နှစ်စင်းက ၁၀ မိုင်၊ ၁၂ မိုင်လောက်ရှည်ပြီး တစ်ခုနဲ့တစ်ခု မီတာ ၅၀၀ လောက်ခြားပြီးတော့ အပြိုင်စီးနေတဲ့ ရေနံပြင်ကြီးနှစ်ခုကို တွေ့ရှိခဲ့ပါတယ်” ဟု ဗီယက်နမ် ဒုတိယစစ်ဦးစီး ချုပ် ဗိုဘန်ထရန်က နိုင်ငံပိုင်ရုပ်သံ VTV သို့ ပြောကြားခဲ့သည်။

ရေနံပြင်ကြီးနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းက အင်ဂျင်နှစ်လုံးတပ် ဘိုးရင်း ၇၇၇ ဂျက်လေယာဉ်သည် ပင်လယ် တွင်း ၌ နစ်မြုပ်သွားခဲ့ဖွယ်ရှိကြောင်း ပထမဆုံးပေါ်ထွက်လာသည့် လက္ခဏာဖြစ်နိုင်သည်။

“ဒီရေနံပြင်ကြီးနှစ်ခု ဘယ်ကနေဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ မသေချာပါဘူး။ အဲဒီဧရိယာကို ဗီယက် နမ် သင်္ဘောတွေ စေလွှတ်ထားပြီးပါပြီ”ဟု ထရန်က ရုပ်သံတွင် ပြောကြားခဲ့သည်။

ရေနံပြင်နှစ်ခု ရှာဖွေတွေ့ရှိသည့် သတင်းသည် ကွာလာလာမ်ပူမှ ပေကျင်းသို့သွားစဉ် ပျောက်ဆုံးသွား ခဲ့သော လေယာဉ်၏ ကံကြမ္မာအတွက် အာဏာပိုင်များက ပထမဆုံးအကြိမ် အတည်ပြုလုနီးပါး သတင်း အချက် အလက် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment