Sunday 9 March 2014

မီနီဘတ်စ်များ အစားထိုးပြေးဆွဲပြီ

ကားဟောင်းအပ်ကာ ကားသစ် သွင်းစနစ်ကျင့်သုံးလာရာမှ ယနေ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီး သည် လိုင်းတွင် ဟိုင်းလပ်၊ ပါပလေကာ၊ နစ်ဆန်းကားတို့အစား မီနီဘတ်စ်များကို အစားထိုးပြေးဆွဲ နေကြပြီဖြစ်သည်။

ပြေးဆွဲလျက်ရှိသော ကားလတ် လိုင်းကားများတွင် မီနီဘတ်စ်အစား ထိုး သုံးစွဲလာသောကားများ၌ လိုင်း အမှတ်(၃) အဲကွန်းမီနီဘတ်စ်များ လည်း ပါရှိသည်။ အဆိုပါအဲကွန်း မီနီဘတ်စ်များတွင် ခရီးသည်များ အပန်းဖြေနိုင်ရန် တီဗွီလည်းပြသ ထားသကဲ့သို့ လုံခြုံရေးအတွက် ဃဃွှဠ ကင်မရာ တပ်ဆင်ထားသည် ကိုလည်း တွေ့ရသည်။

အမှတ်(၃) ကားလိုင်းတွင် အလုံ-ရွှေတိဂုံ-မင်္ဂလာဈေးအထိ (၃) အစိမ်းလိုင်း၊ ဗဟိုအမျိုးသမီးဆေးရုံ ခုံးထိပ်-လှည်းတန်း-တောင်ဥက္ကလာ အထိ (၃)အဖြူလိုင်းနှင့် သီရိမင်္ဂလာ ဈေးသစ် -ကြည့်မြင်တိုင်ညဈေး-မြေ နီကုန်း-ရွှေတိဂုံ-ဆောက်လုပ်ရေး အထိ (၃)အဝါလိုင်းတို့ဖြင့် လိုင်းသုံး လိုင်း ပြေးဆွဲလျက်ရှိသည်။

မြို့တွင်းပြေးဆွဲနေသည့် လိုင်း သစ်ဖြစ်သော အမှတ်(၅၄)လိုင်း သစ်အဲကွန်းဘတ်စ်ကားမှာ အလုံ-ရွှေတိဂုံ-လမ်း(၃ဝ)ကို ပြေးဆွဲနေ ကြောင်း သိရသည်။ 

Myanmaalinn

No comments:

Post a Comment