Tuesday 11 February 2014

ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်

Photo: ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်
Tuesday, February 11, 2014

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၂၁ ရာစု၏တိုးတတ်ပြောင်းလဲလာသော နည်းပညာလွှမ်းမိုးမှုကြောင့်ထုတ်ဝေရေးလောကပုံစံအမျိုးမျိုးပြောင်းလဲလာပီး စာအုပ်များဈေးကြီးကာစာဖတ်အားကျလာကြောင်း ထုတ်ဝေဖြန့်ချီမှုအားနည်းသည့်အတွက် စာအုပ်ရောင်းအားများ ကျလာပီး ပရင့်ကော်ပီများကိုရောင်းချနေသည်ကိုအားလုံးအသိဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးကပြောသည်။

“ယနေ့မြန်မာလူငယ်တွေလည်းပြောင်းလဲလာတဲ့ အခြေနေပေါ်မူတည်ပီးတော့ စာဖတ်ပုံစံတွေပြောင်းလဲလာဖို့ ရှိပါတယ်။ ဒီလိုရှိလာတဲ့အခြေနေမျိုးမှာ internet wallet ကုမ္မဏီ ကဒီအစီစဉ်လေးကိုလုပ်တာ ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းအနေနဲ့ ဒီအစီစဉ်ကိုကြိုဆိုပြီး ပါဝင်ခြင်း အဓိကရည်ရွယ်ချက်ကလည်း
ထုတ်ဝေထားတဲ့ စာအုပ်အများစုက အွန်လိုင်းပေါ်မှာ အလွယ်တကူ ကူးယူလို့ရနေတာဖြစ်နေတဲ့ ကိစ္စကို ကျတော်တို့ တနည်းတဖုံအားဖြင့် ဟန့်တားချင်ပါတယ်။ စာရေးသူတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကစမ်းလုပ်ခြင်း ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အခက်ခဲတွေ ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌဒေါက်တာ သာထွန်းဦး က ပြောသည်။

အဆိုပါအစီစဉ်ဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းက ဦးဆောင် ဆွေးနွေးခဲ့ပြီး နည်းပညာအထောက်အကူပေးနိုင်သူမှန်သမျှနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း
ပရင့်တစ်ခုထဲတွင် ရေရှည်ရပ်တည်နိုင်မည် မဟုတ်ကြောင်းနှင့် အွန်လိုင်းကို သွားရမည်ဖြစ်ကြောင်း ထုတ်ဝေသူများနှင့် စာရေးသူများ ခံစားနေရသော ဒုက္ခများရှိပါကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဒု- ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

“စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အရင်းအနှီးတွေ အချိန်တွေ ကာယ ဥာဏ စွမ်းအားတွေ စိုက်ထုတ်ပီးတော့မှ စာအုပ်တစ်အုပ်ဖြစ်လာတာပါ။ ဒါပေမယ့် အဲဒီ့စာအုပ်တစ်အုပ် ဒီနေ့မွန်းလွဲပိုင်းလောက် ဈေးကွက်ထဲဖြန့်လိုက်ပြီဆိုရင် ညနေစောင်းမှာ အင်တာနက်ပေါ်မှာ ဖရီးရှဲလ် ( free share ) လုပ်လို့ ရတယ်။ ဘယ်သူတင်ထားလည်း မသိပါဘူး။ ကျွန်တော်တို့ ထုတ်ဝေသူနဲ့ စာရေးသူကိုယ်တိုင်တင်တာ မဟုတ်တာတော့ သေချာပါတယ်။ အဲလို ပြဿနာတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ နည်းပညာပေးတဲ့ အကူညီကိုယူပြီးတော့ ကျွန်တော်တို့လည်း အွန်လိုင်းသွားမှဖြစ်မယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ စာဖတ်ပရိတ်သတ်နှစ်မျိုးနှစ်စား ရှိလာတယ်။ တစ်ခုက ပရင့်လို့ခေါ်တဲ့ စာအုပ်ကိုဝယ်ပြီးမှ ဖတ်ပီးစာအုပ်စင်ပေါ်မှာ သိမ်းထားတဲ့ ပရိတ်သတ်ရှိသလို ခေတ်မှီနည်းစနစ်တွေနောက်ကို
တရှိုက်မက်မက် လိုက်ပြီးတော့ အင်တာနက်ပေါ် ကနေ ၀ယ်ယူဖတ်ရှိတဲ့ စာဖတ်ပရိတ်သတ်ကလည်း သီးခြားရှိလာပါပြီ” ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

JAS မြန်မာဖုန်းကို မိတ်ဆက်သော  Internet wallet ကုမ္မဏီသည် ပုံနှိပ်စာအုပ်များကို E book  အသွင်ဖြင့် အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးပေးထားပြီး မည်သည့် andriod ဖုန်းအမျိုးစားတွင်မဆို www.JAS.com.mm ကိုဝင်ရောက်ပြီး မြန်မာစာအုပ်ဆိုင်ဆိုသော application
ကိုအခမဲ့ဒေါင်းလော့လုပ်ယူနိုင်ကြောင်း ယင်း application ရှိနေမှသာ စာအုပ်များကို ၀ယ်ယူဖတ်ရှုနိုင်မည်ဖြစ်ကြောင်း ယခု လောလောဆယ်တွင် မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ အမှုဆောင်တွေ၏ စာအုပ်များနှင့် စတင်မည်ဖြစ်ပြီး သဘောတူသော ထုတ်ဝေသူများ၏ စာအုပ်များကို ဆက်လက်ပီး တင်ပေးသွားမည်ဖြစ်ကြောင်း
စာအုပ်များဒါင်းလော့လုပ်သော နေရာတွင် အချိန်တိုတွင်း ၁ မိနစ် ၂ မိနစ်ထက်မပိုသည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ထားကြောင်း  JAS မြန်မာဖုန်းက တီထွင်ထားသော ipay card နှင့်သော်လည်းကောင်း ။
ဖုန်းခကနေသော်လည်းကောင်း  နိုင်ငံခြားမှ ၀ယ်ယူလိုသူများအတွက် credit card နှင့် သုံးပြီးဝယ်ယူနိုင်ရန် စီမံထားကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ သိရသည်။
“အသင်းက ထုတ်ဝေသူပါ ကုမဏီက ဖြန့်ချီသူပါ ။ ထုတ်ဝေသူက စာအုပ်တစ်အုပ်ရောင်းချတဲ့အပေါ်မှာ ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ က ၂၀ ရာခိုင်နှုန်း ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ၈၀လုံးရတာ မဟုတ်ပါဘူး ထုတ်ဝေသူနဲ့ စာရေးဆရာနဲ့ကို ပြန်လည် ဝေမျှရမှာ ဖြစ်ပါတယ်။ စာအုပ်ကို ပုံနှိပ်စာအုပ်ထုတ်တယ် အခုတော့ အွန်လိုင်းစနစ်နဲ့ သွားပြီဆိုတော့ စာအုပ်အသစ် တစ်အုပ်ဖြန့်ချီခါနီးမှာ တပြိုင်နက်ဖြန့်ချီနိုင်အောင် စီစဉ်ထားပါတယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ ကြေညာထည့်ပါ့မယ်။ စာအုပ်ထုတ်ဝေတဲ့နေ့မှာပဲ တပြိုင်နက် ဖုန်းပေါ်မှာ
ဝယ်လို့ရနိုင်အောင် စီစဉ်တာက အစ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု -ဥက္ကဋ္ဌ
ဦးမျိုးအောင်က ပြောသည်။

ယင်းသို့ ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် ပက်သက်ပီး စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမခင်မြဇင်က “အန်တီ့အနေနဲ့ဆိုရင်တော့ စာအုပ်ကိုသာ အွန်လိုင်းတင်မယ် ဆိုရင်တော့ ဖြေးဖြေးမှ စဉ်းစားမိမှာပါ။ နောက်လည်း ဒီလိုမီဒီယာတွေ မြန်မာပြည်ကို ရောက်လာကြဦးမယ်ထင်ပါတယ်။
အဲဒီ့အခါကျရင် ထိုက်သင့်တဲ့ အခွင့်အရေး ထိုက်သင့်တာရမှသာ အန်တီတို့အနေနဲ့ အွန်လိုင်းမှာ တင်ခွင့်ပြုနိုင်မှာပါ။
ဘာကြောင့်လည်းဆိုရင် လောလောဆယ်မှာ စာဖတ်သူရှားပါးနေတဲ့အချိန်မှာ လူငယ်တွေ အတွက်တော့ အခမဲ့ကပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ အခမဲ့ကြည့်တဲ့သူတောင် အတော်ရှားသွားပြီ။ အန်တီ့အနေနဲ့ အဲဒါက အခွင့်အရေး ဆုံးရှုံးမှုလို့မမြင်ပါဘူး ။ ဒီလိုမျိုးတစ်ခုခုကို ရောင်းလိုက်လို့ အဲဒီ့ လိုင်းတွေပိတ်မယ် ဘာညာဆိုရင် တကယ်စာချစ်တဲ့ စေတနာနဲ့ အများဖတ်နိုင်အောင် အင်တာနက်ပေါ် ဖရီးရှဲ လုပ်လို့ရအောင်
တင်ကြတဲ့ လူငယ်တွေကိုများ ထိခိုက်မလားလို့ စဉ်းစားမိပါတယ် ”ဟု ပြောကြားခဲ့သည်။

ရွှေထွဋ်

မြန်မာ့ခေတ်
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။


၂၁ ရာစု၏တိုးတတ်ပြောင်းလဲလာသော နည်းပညာလွှမ်းမိုးမှုကြောင့် ထုတ်ဝေရေးလောကပုံစံ အမျိုးမျိုးပြောင်းလဲလာပီး စာအုပ်များဈေးကြီးကာစာဖတ်အားကျလာကြောင်း ထုတ်ဝေဖြန့်ချီမှု အားနည်းသည့် အတွက် စာအုပ်ရောင်းအားများ ကျလာပီး ပရင့်ကော်ပီများကိုရောင်းချနေသည်ကို အားလုံးအသိဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာထွန်းဦး ကပြောသည်။

“ယနေ့မြန်မာလူငယ်တွေလည်းပြောင်းလဲလာတဲ့ အခြေနေပေါ်မူတည်ပီးတော့ စာဖတ်ပုံစံတွေပြောင်းလဲ လာဖို့ ရှိပါတယ်။ ဒီလိုရှိလာတဲ့အခြေနေမျိုးမှာ internet wallet ကုမ္မဏီ ကဒီအစီစဉ်လေးကိုလုပ်တာ ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းအနေနဲ့ ဒီအစီစဉ်ကိုကြိုဆိုပြီး ပါဝင်ခြင်း အဓိကရည်ရွယ်ချက်ကလည်း ထုတ်ဝေထားတဲ့ စာအုပ်အများစုက အွန်လိုင်းပေါ်မှာ အလွယ်တကူ ကူးယူလို့ရနေတာဖြစ်နေတဲ့ ကိစ္စကို ကျတော်တို့ တနည်းတဖုံအားဖြင့် ဟန့်တားချင်ပါတယ်။ စာရေးသူတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကစမ်းလုပ်ခြင်း ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အခက်ခဲတွေ ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌဒေါက်တာ သာထွန်းဦး က ပြောသည်။

အဆိုပါအစီစဉ်ဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းက ဦးဆောင် ဆွေးနွေးခဲ့ပြီး နည်းပညာအထောက်အကူပေးနိုင်သူမှန်သမျှနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ပေါင်း များစွာ ဆောင်ရွက်ခဲ့ကြောင်း ပရင့်တစ်ခုထဲတွင် ရေရှည်ရပ်တည်နိုင်မည် မဟုတ်ကြောင်းနှင့် အွန်လိုင်းကို သွားရမည်ဖြစ်ကြောင်း ထုတ်ဝေသူများနှင့် စာရေးသူများ ခံစားနေရသော ဒုက္ခများရှိပါကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဒု- ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

“စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အရင်းအနှီးတွေ အချိန်တွေ ကာယ ဥာဏ စွမ်းအားတွေ စိုက်ထုတ်ပီးတော့မှ စာအုပ်တစ်အုပ်ဖြစ်လာတာပါ။ ဒါပေမယ့် အဲဒီ့စာအုပ်တစ်အုပ် ဒီနေ့မွန်းလွဲပိုင်းလောက် ဈေးကွက်ထဲဖြန့်လိုက်ပြီဆိုရင် ညနေစောင်းမှာ အင်တာနက်ပေါ်မှာ ဖရီးရှဲလ် ( free share ) လုပ်လို့ ရတယ်။ ဘယ်သူတင်ထားလည်း မသိပါဘူး။ ကျွန်တော်တို့ ထုတ်ဝေသူနဲ့ စာရေးသူကိုယ်တိုင်တင်တာ မဟုတ်တာတော့ သေချာပါတယ်။ အဲလို ပြဿနာတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ နည်းပညာပေး တဲ့ အကူညီကိုယူပြီးတော့ ကျွန်တော်တို့လည်း အွန်လိုင်းသွားမှဖြစ်မယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ စာဖတ်ပရိတ်သတ်နှစ်မျိုးနှစ်စား ရှိလာတယ်။ တစ်ခုက ပရင့်လို့ခေါ်တဲ့ စာအုပ်ကိုဝယ်ပြီးမှ ဖတ်ပီးစာအုပ်စင်ပေါ်မှာ သိမ်းထားတဲ့ ပရိတ်သတ်ရှိသလို ခေတ်မှီနည်းစနစ်တွေနောက်ကို တရှိုက်မက် မက် လိုက်ပြီးတော့ အင်တာနက်ပေါ် ကနေ ၀ယ်ယူဖတ်ရှိတဲ့ စာဖတ်ပရိတ်သတ်ကလည်း သီးခြား ရှိလာပါပြီ” ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

JAS မြန်မာဖုန်းကို မိတ်ဆက်သော Internet wallet ကုမ္မဏီသည် ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့် အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးပေးထားပြီး မည်သည့် andriod ဖုန်းအမျိုးစားတွင်မဆို www.JAS.com.mm ကိုဝင်ရောက်ပြီး မြန်မာစာအုပ်ဆိုင်ဆိုသော application
ကိုအခမဲ့ဒေါင်းလော့လုပ်ယူနိုင်ကြောင်း ယင်း application ရှိနေမှသာ စာအုပ်များကို ၀ယ်ယူဖတ်ရှုနိုင် မည်ဖြစ်ကြောင်း ယခု လောလောဆယ်တွင် မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ အမှုဆောင်တွေ၏ စာအုပ်များနှင့် စတင်မည်ဖြစ်ပြီး သဘောတူသော ထုတ်ဝေသူများ၏ စာအုပ်များကို ဆက်လက်ပီး တင်ပေးသွားမည်ဖြစ်ကြောင်း စာအုပ်များဒါင်းလော့လုပ်သော နေရာတွင် အချိန်တိုတွင်း ၁ မိနစ် ၂ မိနစ်ထက်မပိုသည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ထားကြောင်း JAS မြန်မာဖုန်းက တီထွင်ထားသော ipay card နှင့်သော်လည်းကောင်း။ ဖုန်းခကနေသော်လည်းကောင်း နိုင်ငံခြားမှ ၀ယ်ယူ လိုသူများအတွက် credit card နှင့် သုံးပြီးဝယ်ယူနိုင်ရန် စီမံထားကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေ သူနှင့်ဖြန့်ချီသူများ အသင်းမှ သိရသည်။

“အသင်းက ထုတ်ဝေသူပါ ကုမဏီက ဖြန့်ချီသူပါ ။ ထုတ်ဝေသူက စာအုပ်တစ်အုပ်ရောင်းချတဲ့အပေါ်မှာ ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ က ၂၀ ရာခိုင်နှုန်း ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကလည်း ၈၀လုံးရတာ မဟုတ်ပါဘူး ထုတ်ဝေသူနဲ့ စာရေးဆရာနဲ့ကို ပြန်လည် ဝေမျှရမှာ ဖြစ်ပါတယ်။ စာအုပ်ကို ပုံနှိပ်စာအုပ်ထုတ်တယ် အခုတော့ အွန်လိုင်းစနစ်နဲ့ သွားပြီဆိုတော့ စာအုပ်အသစ် တစ်အုပ်ဖြန့်ချီခါနီးမှာ တပြိုင်နက်ဖြန့်ချီနိုင်အောင် စီစဉ်ထားပါတယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ ကြေညာထည့်ပါ့မယ်။ စာအုပ်ထုတ်ဝေတဲ့နေ့မှာပဲ တပြိုင်နက် ဖုန်းပေါ်မှာ ၀ယ်လို့ရနိုင်အောင် စီစဉ်တာက အစ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု -ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

ယင်းသို့ ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ဆောင် ရွက်ခြင်းနှင့် ပက်သက်ပီး စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမခင်မြဇင်က “အန်တီ့အနေနဲ့ဆိုရင်တော့ စာအုပ်ကိုသာ အွန်လိုင်းတင်မယ် ဆိုရင်တော့ ဖြေးဖြေးမှ စဉ်းစားမိမှာပါ။ နောက်လည်း ဒီလိုမီဒီယာတွေ မြန်မာပြည်ကို ရောက်လာကြဦးမယ်ထင်ပါတယ်။ အဲဒီ့အခါကျရင် ထိုက်သင့်တဲ့ အခွင့်အရေး ထိုက်သင့်တာရမှသာ အန်တီတို့အနေနဲ့ အွန်လိုင်းမှာ တင်ခွင့်ပြုနိုင်မှာပါ။ ဘာကြောင့်လည်းဆိုရင် လောလော ဆယ်မှာ စာဖတ်သူရှားပါးနေတဲ့အချိန်မှာ လူငယ်တွေ အတွက်တော့ အခမဲ့ကပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ အခမဲ့ကြည့်တဲ့သူတောင် အတော်ရှားသွားပြီ။ အန်တီ့အနေနဲ့ အဲဒါက အခွင့်အရေး ဆုံးရှုံးမှုလို့မမြင်ပါဘူး ။ ဒီလိုမျိုးတစ်ခုခုကို ရောင်းလိုက်လို့ အဲဒီ့ လိုင်းတွေပိတ်မယ် ဘာညာဆိုရင် တကယ်စာချစ်တဲ့ စေတနာနဲ့ အများဖတ်နိုင်အောင် အင်တာနက်ပေါ် ဖရီးရှဲ လုပ်လို့ရအောင် တင်ကြတဲ့ လူငယ်တွေကိုများ ထိခိုက်မလားလို့ စဉ်းစားမိပါတယ် ”ဟု ပြောကြားခဲ့သည်။

ရွှေထွဋ်
မြန်မာ့ခေတ်

No comments:

Post a Comment