Tuesday 11 February 2014

နာဂဒေသဖွံ့ဖြိုးရေးအတွက် အိန်္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းကူညီမည်

အိန်္ဒိယနိုင်ငံက မြန်မာနိုင်ငံ နာဂဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကူညီမည်ဖြစ် ကြောင်း သိရသည်။


နာဂလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ငါးရက်ကြာ အလည် ပတ်ခရီးလာရောက်သော အိနိ္ဒယပြည်နယ် ၀န်ကြီးချုပ် နီဖူရီအိုက ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ဖေ ဖော်ဝါရီ ၉ ရက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလည်အပတ်ခရီးစဉ်အတွင်း ရီအိုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်၊ မြန်မာလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ၊ နာဂလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ စီးပွား ရေးစွမ်းဆောင်ရှင်များနှင့် မန္တလေးကောင်စစ်ဝန်ရုံးမှ အိနိ္ဒယကောင်စစ်ဝန်ချုပ် ဒေါက်တာ မန်ဒန်မိုဟန် ဆီသီတို့နှင့်တွေ့ဆုံခဲ့ကြောင်းအိနိ္ဒယ ၀န်ကြီချုပ်၏ အကြံပေးပုဂ်္ဂိုလ် အဘူမက်သာက ပြောသည်။

မြန်မာလွှတ်တော်ဥက်္ကဋ္ဌ ကရီအို နှင့် တွေ့ဆုံစဉ်အတွင်း အိနိ္ဒယ၀န်ကြီးချုပ်၏ ခရီးစဉ်သည် သမိုင်းဝင်ပြီး အရေးပါသော ခရီစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ နာဂလူမျိုးများနေထိုင်ရာ ဒေသများဖွံဖြိုး တိုး တက်မှုများအတွက် ရှေးရှုပြီးလာရောက်သော ၀န်ကြီးချုပ်ခရီးစဉ်ကို အသိမှတ်ပြုပါကြောင်းနှင့် အိနိ္ဒယ နှင့်မြန်မာနှစ် နိုင်ငံဆက်ဆံရေးတိုးမြှင့်မှုကို ထောက်ပံ့ပူးပေါင်းဆောင်ရွက်ပေးပါရန် နာဂအစိုးရအဖွဲ့ကို ပန်ကြားပါကြောင်း ပြောကြားခဲ့သည်ဟု မက်တာက ပြောကြားသည်။

ခရီးစဉ်သည် နှစ်နိုင်ငံကြားဖွံဖြိုးတိုးတတ်မှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးကို လည်းမြှင့်တင်ရန်လုပ်ဆောင်နိုင်ခဲ့ကြောင်း နာဂဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် မြန်မာ အစိုးရက အသိမှတ်ပြုပေးမှုကို လည်းကျေးဇူးတင်ပါကြောင်း အိနိ္ဒယ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်ဟုလည်း ၎င်းကဆိုသည်။

၎င်းအပြင်မြန်မာနိုင်ငံနှင့် အိနိ္ဒယနိုင်ငံတို့အကြားဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရီအိုကတောင်းဆိုခဲ့ပြီး နှစ်နိုင်ငံပြည် သူအချင်းချင်းဆက်ဆံမှု၊ နှစ်နိုင်ငံအကြား စီးပွားရေးကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ၎င်း၏အကြံပေးပုဂ်္ဂိုလ်က ပြောကြားသည်။

အိနိ္ဒယနိုင်ငံအနောက်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံနာဂဒေသတို့သည် အိနိ္ဒယနိုင်ငံ၏ အရှေ့မျှော်ဝါဒ အတွက် အချက်ချာကျသောနေရာတွင်တည်ရှိသည်။

ယင်းဒေသသည် အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အရေးပါသောနေရာတစ်ခုဖြစ် လာမည်ဟု မျှော်မှန်းထားကြောင်း ရီအိုကပြောကြားသည်ဟု Times Of India ၏ အင်တာနက် စာမျက်နှာတွင် ဖေဖော်ဝါရီ ၉ ရက် နေ့စွဲ ဖြင့်ရေးသားဖော်ပြသည်။

Mizzima - News in Burmese

No comments:

Post a Comment