Tuesday 11 February 2014

အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးအကူညီများ အာဖဂန်သို့ ပေးသွားမည်ဟု အမေရိကန်ကြေညာ

စစ်စီးပွားရေးတစ်စတစ်စ လျှော့ချခြင်းများနှင့် ကမ္ဘာလုံးဆိုင်ရာတပ်ဖွဲ့များ ရုပ်သိမ်းမှုများ ပြုလုပ်နေစဉ် တွင် အာဖဂန် နစ္စတန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ အကူညီပေးရေး အစီစဉ် သစ်တစ်ရပ်ကို အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်ဟု ဖေဖော်ဂါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။


ယင်း အကူညီပေးရေး အစီအစဉ်များကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန် အေဂျင်စီက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးအသုတ်အနေဖြင့် ကူညီ ထောက်ပံ့ရေးငွေ အမေရိကန်ဒေါ်လာ ၇၇ သန်းသည် ယခုနှစ်နှောင်းပိုင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)သို့ အာဖဂန်နစ္စတန် နိုင်ငံ ၀င် ရောက်နိုင်ရေးကို အထောက်အကူပြုရန်အတွက် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။

ကူညီထောက်ပံ့ရေး အစီစဉ်သည် ဗဟိုအာရှနိုင်ငံများ၊ အိနိ္ဒယနိုင်ငံတို့နှင့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆို မှုများကို အကူအညီ ပေးသွားမည်ဖြစ်ပြီး ထုတ်လုပ်သည့် ကုန်ချောအပေါ် ကြီးကြပ်သည့် အခွန်ကဲ့သို့ သော ကိစ္စများကို အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမှရရှိသော အခွန်ငွေများကို မြှင့်တင်ရန် အတွက် လည်း အစိုးရအဖွဲ့ကို အကူညီပေးသွားမည် ဖြစ်သည်။

အကူညီပေးရေး ဒုတိယအသုတ်အဖြစ် အမေရိကန်ဒေါ်လာ ၉၂ သန်းတန်ဖိုးရှိ ငါး နှစ်တာအစီစဉ်သည် အာဖဂန် တက္ကသိုလ် ၁၀ ခုနှင့် အမေရိကန်တက္ကသိုလ်များ ပူး ပေါင်းခြင်းဖြင့် ကျွမ်းကျင်လုပ်သားအင်အား ကို မြှင့်တင်ရာတွင် အကူညီပေးသွားမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိ တတိယမြောက် အကူညီပေးရေး အစီအစဉ်မှာ အာဖဂန်နစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို အကူညီပေးသွားမည်ဖြစ်ပြီး၊ အထူးသဖြင့် ဂျုံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်မွေးမြူ ခြင်းကဲ့သို့သော လုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်း များနှင့် စားနပ် ရိက္ခာဖူလုံမှု ပိုမိုတိုးတက်လာမည် ဖြစ်သည်။

ယခုနှစ်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များအားလုံးကို ရုပ်သိမ်းပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်များထားရှိမှု ကို အာမခံရန်အတွက် နှစ်နိုင်ငံ လုံခြုံရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးမှုနှင့် စပ်လျဉ်း၍ အာဖဂန် နစ္စတန်နိုင်ငံသို့ ထောက်ပံ့ရေး အကူညီများထပ်မံပေးရန် လွှတ်တော်က သတ်မှတ်ခဲ့ပြီး၊ နောင် အဆိုပါ အကူညီပေးရေး အစီစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment