
လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။
ယခင်က ရန်ကုန်မြို့တော်တွင် ဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ရာတွင် ဖြစ်ပွားရာနေ ရာ ကိုမသိရှိခဲ့သောကြောင့် ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခဲ့ပြီး ယခုတွင် ဓာတ်အား လိုင်းအဖြစ် အလိုလျောက် Section ပိုင်းဖြတ်စနစ် တက်ဆင်လိုက်ခြင်းကြောင့် အချိန်ကြာမြင့်စွာ ပျက်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နေယာ ချုပ် ဦးသန့်ဇင်က ပြောသည်။
“အခုတော့စမ်းသပ်ကာလ အဖြစ်နဲ့ သာကေတမြို့နယ်မှာ တပ်ဆင်ထားတယ် ဘာလို့ သာကေတမြို့နယ် ကို တက်ဆင်ရလည်းဆိုတော့ ဒီမြို့နယ်ဟာ ဓာတ်အား ပြတ်တောက်မှုအဖြစ်များတဲ့ နေရာမို့ လိုပါ ” ဟု ဦးသန့်ဇင် ကဆိုသည်။
အဆိုပါ စက်တစ်လုံး၏ တန်ဖိုးငွေသည် ဂျပန်ယန်းငွေ ၅ သန်းခန့်ရှိပြီး ယင်းစက်၏လုပ်ဆောင်ချက်သည် တက်အားပြတ်တောက်သည့် နေရာအတိအကျ သိရှိနိုင်ပြီး ဓါတ်အားပြတ်တောက်သည့် နေရာမှအပ အခြားနေရာများအား ၅ မိနစ်ဖြင့် မီးပြန်လည်ပေးနိုင်ကြောင်းကိုလည်း Japan International Co-Operation Agency (JICA) မှနည်းပညာကျွမ်းကျင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။
“စမ်းသပ်ကာလ အဖြစ်နဲ့ကတော့ ဂျပန်က အလကားပေးထားတာပါ ဒါပေမယ့် နောက်ပိုင်းသုံးကြည့်လို့ အဆင်ပြေတဲ့အခါ ကျရင် ရလာတဲ့ ကျွန်တော်တို့ ဌာန ရဲ့ငွေကြေးအပေါ်မူတည်ပြီး ရန်ကုန်မြို့ရဲ့မြို့နယ်အကုန်လုံးမှာတက်ဆင် သွားမှာပါ” ဟု ဦးသန့်ဇင်က ဆိုသည်။
လက်ရှိတွင် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ် စက်သုံးလုံးအား တက်ဆင် ထားပြီး တက်ဆင်ထားသည့် နေရာများသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ချင်းတွင်း လမ်းထောင့်၊ သာကေတမြို့နယ် ရှုခင်းသာ လမ်းမအပေါ်တွင် တက်ဆင်ထားခြင်းဖြစ်သည်။
နှင်းနွယ်
မြန်မာ့ခေတ်
No comments:
Post a Comment