Saturday 21 December 2013

ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ

Photo: ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ
Saturday, December 21, 2013

ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။
မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေမည့် ပြက္ခဒိန်သစ်အတွက် အီရီနာရှက်ခ်က ဆွဲဆောင်မှု ပြည့်ဝသည့် ဓာတ်ပုံများ အရိုက်ခံပေးခဲ့ကြောင်း သိရသည်။ ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ LED မီးလုံးလေးများဖြင့် အလှဆင်ထားသည့် နောက်ခံတွင် အီရီနာက Calvin Klein၏ ဖက်ရှင်ကို ဆင်မြန်းရင်း ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ပေါ်တူဂီ လက်ရွေးစင် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ချစ်သူသည် သီချင်းစည်းချက်အလိုက် ယိမ်းနွဲ့ပျော့ပြောင်းစွာဖြင့် ကိုယ်ဟန်ပြရင်း သူမ၏ ပူလောင်ပြင်းပြသည့် အလှအပများကို ထုတ်ပြသွားခဲ့သည်။

နောက်ပိုင်းတွင် အီရီနာသည် ခရစ္စမတ် အထိမ်းအမှတ် ကြယ်ကြီးတစ်ပွင့်ကို ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။ အသက်(၂၇)နှစ်ရှိ အီရီနာသည် ယခင်က နာမည်ကျော် Victoria's Secret ဖက်ရှင်အမှတ်တံဆိပ်အတွက် ကိုယ်ဟန်ပြခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တသီးတခြား ခွဲထွက် ရပ်တည်လာခဲ့သည်။ 19 of Love၏ ပြက္ခဒိန် ရိုက်ကွင်းကို ဗီဒီယို မှတ်တမ်း ယူထားရာတွင် အီရီနာ အနေဖြင့် သီချင်းစာသား မှားဆိုမိသည်ကိုလည်း ရယ်ရွှင်ဖွယ် အခြေအနေအဖြစ် တွေ့မြင်ရသေးသည်။ သူမသည် ရော်နယ်လ်ဒို၏ ကိုယ်ပိုင်ပြတိုက်ဖွင့်ပွဲအခမ်းအနားအတွက် ပေါ်တူဂီသို့ ရောက်ရှိနေခဲ့ပြီးနောက် ယခုသီတင်းပတ် အစောပိုင်းတွင်အလုပ်ခွင်ထဲ ပြန် လည် ခြေချလာခြင်း ဖြစ်သည်။

Planet Myanmar Network
ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ် ဟန်ပြပေး ခဲ့ခြင်း ဖြစ်သည်။ 

မဂ္ဂဇင်းက (၂၀၁၄)ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေမည့် ပြက္ခဒိန်သစ်အတွက် အီရီနာရှက်ခ်က ဆွဲဆောင်မှု ပြည့်ဝသည့် ဓာတ်ပုံများ အရိုက်ခံပေးခဲ့ကြောင်း သိရသည်။ ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ LED မီးလုံးလေးများဖြင့် အလှဆင်ထားသည့် နောက်ခံတွင် အီရီနာက Calvin Klein၏ ဖက်ရှင်ကို ဆင်မြန်းရင်း ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ပေါ်တူဂီ လက်ရွေးစင် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ချစ်သူသည် သီချင်းစည်းချက်အလိုက် ယိမ်းနွဲ့ပျော့ပြောင်းစွာဖြင့် ကိုယ်ဟန်ပြရင်း သူမ၏ ပူလောင်ပြင်းပြသည့် အလှအပများကို ထုတ်ပြသွားခဲ့သည်။

နောက်ပိုင်းတွင် အီရီနာသည် ခရစ္စမတ် အထိမ်းအမှတ် ကြယ်ကြီးတစ်ပွင့်ကို ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။ အသက်(၂၇)နှစ်ရှိ အီရီနာသည် ယခင်က နာမည်ကျော် Victoria's Secret ဖက်ရှင်အမှတ်တံဆိပ်အတွက် ကိုယ်ဟန်ပြခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တသီးတခြား ခွဲထွက် ရပ်တည်လာခဲ့သည်။ 19 of Love၏ ပြက္ခဒိန် ရိုက်ကွင်းကို ဗီဒီယို မှတ်တမ်း ယူထားရာတွင် အီရီနာ အနေဖြင့် သီချင်းစာသား မှားဆိုမိသည်ကိုလည်း ရယ်ရွှင်ဖွယ် အခြေအနေ အဖြစ် တွေ့မြင် ရသေး သည်။ သူမသည် ရော်နယ်လ်ဒို၏ ကိုယ်ပိုင်ပြတိုက်ဖွင့်ပွဲအခမ်းအနား အတွက် ပေါ်တူဂီသို့ ရောက်ရှိနေခဲ့ပြီးနောက် ယခုသီတင်းပတ် အစောပိုင်းတွင်အလုပ်ခွင်ထဲ ပြန် လည် ခြေချလာခြင်း ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment