Saturday 21 December 2013

အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိမည်

Photo: အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိမည်
Saturday, December 21, 2013

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောနှစ်စင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ထပ်မံ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောများ ထဲမှ ဗြိတိန်နိုင်ငံ အခြေစိုက် All Leisure Group Ple လက်အောက်ရှိ Voyages of Discovery မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော M.V Voyager သည် ခရီးသည် ၅၀၀ ခန့် ပါဝင်ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင် ဆိပ်ကမ်း မှတစ်ဆင့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၂၇ ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

အလားတူ အမေရိကန် အခြေစိုက် Royal Carribean Cruises Ltd လက်အောက်ရှိ Azamara Clu Cruises မှ ကမ္ဘာ့လှည့် ခရီးသည် ၅၈၀ ခန့် ပါဝင်လာမည် ဖြစ်ပြီး သီလ၀ါ ဆိပ်ကမ်း သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန မှ သိရသည်။

အဆိုပါ သင်္ဘော နှစ်စင်းမှ ကမ္ဘာလှည့် ခရီးသည် များသည် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန် ၊ ပဲခူး ၊ သန်လျင် ၊ ပုဂံ ခရီးစဉ် များသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။

The Myawadydaily

No comments:

Post a Comment