Saturday 21 December 2013

ဂျပန်နိုင်ငံ၏အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို စစ်ရေး ချဲ့ထွင်ခြင်းဟု တရုတ်နိုင်ငံကစွပ်စွဲပြီးရှုံ့ချ

Photo: ဂျပန်နိုင်ငံ၏အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို စစ်ရေး ချဲ့ထွင်ခြင်းဟု တရုတ်နိုင်ငံကစွပ်စွဲပြီးရှုံ့ချ"
Saturday, December 21, 2013

တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ မစ္စတာ ဘိန်းယန်ရှိန်က ထုတ်ပြန်ကြေငြာချက်တစ်ရပ်တွင် ဂျပန်နိုင်ငံ၏
ခေတ်မှီစစ်လက်နက်သစ်များဝယ်ယူမှုသည် ဒေသတွင်းတင်းမာမှုကို မြင့်မားလာစေသည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် စင်ဟွာသတင်းက ဒီဇင်ဘာ ၂၁ ရက်တွင်
ကြေငြာခဲ့သည်။

ယခုသတင်းပတ် အစပိုင်းက ဂျပန်နိုင်ငံသည် မြေပြင် ရေပြင်သွားယဉ်များ၊ မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူမည်ဟုပြောကြားခဲ့ပြီး ယင်းကိစ္စမှာ
အရှေ့တရုတ်ပင်လယ်အတွင်းရှိ နှစ်နိုင်ငံအငြင်းပွားနေသည့် ကျွန်းစူများနှင့် ပတ်သက်၍ ပေးကျင်းနှင့်တိုကျိုကြား ခါးခါးသီးသီးငြင်းခုန်ကြပြီးနောက် ပေါ်ထွက်လာသည့် သတင်းဖြစ်သည်။ ထိုကိစ္စနှင့်စပ်လျည်း၍ ဂျပန်နိုင်ငံကို တရုတ်ကအခိုင်အမာဆန့်ကျင်ကြောင်း မစ္စတာကိန်းကပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် အမျိုးသားကာကွယ်ရေးကို အကြာင်းပြ၍ စစ်ရေးချဲ့ထွင်နေခြင်းဖြစ်ကြောင်း ၎င်းကစွပ်စွဲခဲ့သည်။

ဂျပန်ပိုင်ကျွန်းများ အပါအဝင် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစု များအပေါ်တရုတ်နိုင်ငံက " လေကြောင်းကာကွယ်ရေး အသိပေးဇုန် " သတ်မှတ်ပြီး နောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဂျပန်နိုင်ငံက စစ်အသုံးစရိတ်များကို တိုးမြှင့်တော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြခံဥပဒေက ဂျပန်၏ စစ်စွမ်းအားကို ထူးခတ်ထားခဲ့သော်လည်း ယခုဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်၏စစ်စွမ်းရည်ကို မြှင့်တင်လိုကြောင်း ပြောဆိုထားသည်။

၅ နှစ်အတွင်းတွင် ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သော Boeing Osprey လေယာဉ် ၁၇ စီး၊ အမေရိကန် တိုက်လေယာဉ်များ၊ မြေပြင်ရေပြင်သွားစစ်ယာဉ် ၅၂ စီး၊ ရေငုပ်သင်္ဘောများနှင့် ဒုံးဖျက်ဒုံးတင်သင်္ဘောများကို ဝယ်ရန် ဂျပန်တို့က စီစဉ်ထားသည်။

Popular Myanmar News Journal
တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ မစ္စတာ ဘိန်းယန်ရှိန်က ထုတ်ပြန်ကြေငြာချက် တစ်ရပ် တွင် ဂျပန်နိုင်ငံ၏  ခေတ်မှီစစ်လက်နက်သစ်များဝယ်ယူမှုသည် ဒေသတွင်း တင်းမာမှု ကို မြင့်မား လာစေသည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် စင်ဟွာသတင်းက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေငြာခဲ့ သည်။

ယခုသတင်းပတ် အစပိုင်းက ဂျပန်နိုင်ငံသည် မြေပြင် ရေပြင်သွားယဉ်များ၊ မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူ မည်ဟုပြောကြားခဲ့ပြီး ယင်းကိစ္စမှာ အရှေ့တရုတ်ပင်လယ်အတွင်း ရှိ နှစ်နိုင်ငံအငြင်းပွားနေသည့် ကျွန်းစူများနှင့် ပတ်သက်၍ ပေးကျင်းနှင့်တိုကျိုကြား ခါးခါးသီးသီးငြင်းခုန်ကြပြီးနောက် ပေါ်ထွက်လာသည့် သတင်းဖြစ် သည်။ ထိုကိစ္စနှင့်စပ်လျည်း၍ ဂျပန်နိုင်ငံကို တရုတ်ကအခိုင်အမာဆန့်ကျင်ကြောင်း မစ္စတာ ကိန်း ကပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် အမျိုးသားကာကွယ်ရေးကို အကြာင်းပြ၍ စစ်ရေးချဲ့ ထွင်နေခြ င်းဖြ စ်ကြောင်း ၎င်းကစွပ်စွဲခဲ့သည်။

ဂျပန်ပိုင်ကျွန်းများ အပါအဝင် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစု များအပေါ်တရုတ်နိုင်ငံက " လေကြောင်း ကာကွယ်ရေး အသိပေးဇုန် " သတ်မှတ်ပြီး နောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဂျပန်နိုင်ငံက စစ်အသုံးစရိတ်များကို တိုးမြှင့်တော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြခံဥပဒေက ဂျပန်၏ စစ်စွမ်းအားကို ထူးခတ် ထားခဲ့သော်လည်း ယခုဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်၏စစ်စွမ်းရည်ကို မြှင့်တင် လိုကြောင်း ပြော ဆိုထားသည်။

၅ နှစ်အတွင်းတွင် ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သော Boeing Osprey လေယာဉ် ၁၇ စီး၊ အမေရိကန် တိုက်လေယာဉ်များ၊ မြေပြင်ရေပြင်သွားစစ်ယာဉ် ၅၂ စီး၊ ရေငုပ်သင်္ဘောများနှင့် ဒုံးဖျက်ဒုံးတင် သင်္ဘောများကို ဝယ်ရန် ဂျပန်တို့က စီစဉ်ထားသည်။

Popular Myanmar News Journal

No comments:

Post a Comment