Saturday 21 December 2013

ဥရောပ ပရီး မီးယားလိဂ် တစ်ခုတွင် မြန်မာ လူမျိုး ဘောလုံး သမား ချစ်စန်းကျော် ဝင်ရောက် ကစားနေ

Photo: ဥရောပ ပရီး မီးယားလိဂ် တစ်ခုတွင် မြန်မာ လူမျိုး ဘောလုံး သမား ချစ်စန်းကျော် ဝင်ရောက် ကစားနေ
Saturday, December 21, 2013

ဖင်လန် ပရီးမီးယား လိဂ်အသင်း တစ် သင်းဖြစ် သည့် KUPS လူငယ် အသင်း တွင် မြန်မာ လူမျိုး ဘောလုံး သမား တစ်ဦး ဝင်ရောက်က စားနေပြီ ဖြစ်ကြောင်း သိရသည်။ KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစား လျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝ ပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း ၏ရွေး ချယ်ခြင်း ကို ခံခဲ့ရ သူလည်း ဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွား ခဲ့ပြီး အသက် ၁၉ နှစ်အောက် အသင်းတွင် ၂၀၁ဝ ပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံ ရကာ အသင်း နှင့်အတူ ကာလတို လေ့ ကျင့်ခွင့်ရ ခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့် အတူ လေ့ကျင့် ခွင့်ရခဲ့သူ ကစား သမား အချို့မှာ ယူ-၁၉ ဥရောပ ချန်ပီ ယံရှစ်တွင် ဖင်လန်နှင့် အတူ ဝင်ရောက်ယှဉ် ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ် ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ် ၂၀ ဝတ်ဆင် ကစားကြောင်း KUPS အသင်း လူစာ ရင်းတွင် ဖော်ပြထား ချက်အရ သိရသည်။ ယင်း အနေဖြင့် ဖင်လန် ထိပ်တန်း လိဂ်မှ အသင်းတစ် သင်း၏ လူငယ် အသင်းတွင် ကစား နေရခြင်း အပေါ် အွန် လိုင်းပေါ်မှ လူအများ စိတ်ဝင် စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ် မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်း မွန်မည် ဟုလည်း သုံးသပ်လျက်ရှိ သည်။

KUPS အသင်းသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ယူရို ပါလိဂ်နှင့် ယခုနှစ် ယူရိုပါလိဂ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် အသင်းဖြစ်ကာ လက်ရှိ ဖင်လန် ပရီး မီးယားလိဂ်တွင် အဆင့် (၁၀) ဖြင့် ရပ်တည် နိုင်ခဲ့ သည့် အသင်းလည်း ဖြစ်သည်။ (၂၇) ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစား ခဲ့သူအချို့မှာ လာမည့် (၂၈) ကြိမ်မြောက် အ ရှေ့တောင် အာရှ အားကစားပြိုင် ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အသက်လွန် ပြီဖြစ်ရာ မြန်မာ ဘောလုံး အသင်း အနေဖြင့် မျိုး ဆက်ပြတ် မသွား စေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်း လာရန် အရေးတကြီး လိုအပ် လျက်ရှိ သည်။

Yangon Media Group
ဖင်လန် ပရီးမီးယား လိဂ်အသင်း တစ် သင်းဖြစ် သည့် KUPS လူငယ် အသင်း တွင် မြန်မာ လူမျိုး ဘောလုံး သမား တစ်ဦး ဝင်ရောက်က စားနေပြီ ဖြစ်ကြောင်း သိရသည်။
KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစား လျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝ ပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း ၏ရွေး ချယ်ခြင်း ကို ခံခဲ့ရ သူလည်း ဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွား ခဲ့ပြီး အသက် ၁၉ နှစ်အောက် အသင်းတွင် ၂၀၁ဝ ပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံ ရကာ အသင်း နှင့်အတူ ကာလတို လေ့ ကျင့်ခွင့်ရ ခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့် အတူ လေ့ကျင့် ခွင့်ရခဲ့သူ ကစား သမား အချို့မှာ ယူ-၁၉ ဥရောပ ချန်ပီ ယံရှစ်တွင် ဖင်လန်နှင့် အတူ ဝင်ရောက်ယှဉ် ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ် ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ် ၂၀ ဝတ်ဆင် ကစားကြောင်း KUPS အသင်း လူစာ ရင်းတွင် ဖော်ပြထား ချက်အရ သိရသည်။ ယင်း အနေဖြင့် ဖင်လန် ထိပ်တန်း လိဂ်မှ အသင်းတစ် သင်း၏ လူငယ် အသင်းတွင် ကစား နေရခြင်း အပေါ် အွန် လိုင်းပေါ်မှ လူအများ စိတ်ဝင် စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ် မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်း မွန်မည် ဟုလည်း သုံးသပ်လျက်ရှိ သည်။

KUPS အသင်းသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ယူရို ပါလိဂ်နှင့် ယခုနှစ် ယူရိုပါလိဂ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် အသင်းဖြစ်ကာ လက်ရှိ ဖင်လန် ပရီး မီးယားလိဂ်တွင် အဆင့် (၁၀) ဖြင့် ရပ်တည် နိုင်ခဲ့ သည့် အသင်းလည်း ဖြစ်သည်။ (၂၇) ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစား ခဲ့သူအချို့မှာ လာမည့် (၂၈) ကြိမ်မြောက် အ ရှေ့တောင် အာရှ အားကစားပြိုင် ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အသက်လွန် ပြီဖြစ်ရာ မြန်မာ ဘောလုံး အသင်း အနေဖြင့် မျိုး ဆက်ပြတ် မသွား စေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်း လာရန် အရေးတကြီး လိုအပ် လျက်ရှိ သည်။

Yangon Media Group

No comments:

Post a Comment