Saturday 21 December 2013

သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါအချက်များ ပြင်ဆင်မပေးပါက လာမည့်ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား

Photo: သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါအချက်များ ပြင်ဆင်မပေးပါက လာမည့်ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား
Saturday, December 21, 2013

၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက်ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီးကပ်စောင့်ကြည့် နေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။ မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအပေါ် စိတ်ဝင် စားမှုကြီးမားစွာထားရှိနေပါ တယ်။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ဒါလုပ်ရမယ်၊ သူ မနိုင်ကိုနိုင်ရမယ်လို့ပြောလို့မရပါဘူး။ ခင်ဗျားတို့ရဲ့ဒီမိုကရေ စီဟာ အမေရိကန် ဒီမိုကရေစီ နဲ့ဆင်တူရမယ်လို့လဲ မပြော နိုင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်း လဲမှုဟာ ဒီမိုကရေစီနိုင်ငံ တစ် နိုင်ငံရဲ့ အခြေခံစံနှုန်းတွေနဲ့ ကိုက် ညီမှုရှိဖို့တော့လိုပါတယ်''ဟု သံ အမတ်ကြီးက ဆက်လက် ပြော ကြားသည်။

''ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြမှာလဲ။ သူမရဲ့အနေ အထားနဲ့ပတ်သက်ပြီး ဘယ် လိုသဘောထားကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါ တယ်။ အဲဒါ ခင်ဗျားတို့ပြည် သူတွေရဲ့ကိစ္စဖြစ်ပါတယ်။ နိုင် ငံတကာအသိုင်းအဝိုင်းအနေ နဲ့ ဒါလုပ် သင့်တယ် ၊ ဒါမလုပ် သင့်ဘူးလို့ပြောရမှာခက်ခဲပါ လိမ့်မယ်။ ကျွန်တော်တို့အနေ နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ပါတယ်''ဟု သံအမတ်ကြီးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က သာယာဝတီမြို့လူထုနှင့် ဒီဇင်ဘာ ၁၅ရက်ကတွေ့ဆုံစဉ် အခြားတစ်ဖက်ကို မမျှမတအ ခွင့်အရေးပေးထားတဲ့ ပြိုင်ပွဲမျိုးကို ဝင်မပြိုင်သင့်ဘူးဟု ပြောဆို ခဲ့ခြင်းကိုကိုးကား၍ သူမအား သမ္မတအဖြစ် အခြေခံဥပဒေက ခွင့်မပြု လျှင် ရွေးကောက်ပွဲအား သပိတ်မှောက်ဖွယ်ရှိသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြောင်း ဝေါစထရိဂျာနယ်က ရေးသားခဲ့ ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးဉာဏ်ဝင်းက လည်း ပါတီအနေဖြင့် ရွေး ကောက် ပွဲဝင် မဝင်မဆုံးဖြတ် ရသေးကြောင်း အဆိုပါသတင်း စာသို့ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင် တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ် မှ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခဒေးဗစ်စတင်းဘတ်ခ် က ''၂၀၁၅ရွေးကောက်ပွဲက လွတ်လပ်မျှတတဲ့ရွေးကောက် ပွဲလို့ဆိုပါစို့။ ဒါပေမဲ့ အဲဒီ အချိန်ထိ အခြေခံဥပဒေက မ ပြင် ပေး သေး ဘူးဆိုရင် အမေ ရိကန်နိုင်ငံခြားရေးမူဝါဒက ဘယ်လိုတုံ့ပြန်မလဲဆိုတာ အဓိ ကမေးခွန်းထုတ်စရာဖြစ်လာ လိမ့်မယ်''ဟု ဝေါစထရိကိုပြော သည်။

Yangon Media Group
၂၀၁၅ တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား မပြင်ပေးပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား သပိတ်မှောက်ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင် မှတ်ချက် မပေးလိုသော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား အနီးကပ်စောင့် ကြည့် နေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး ဒဲရစ် မစ်ချယ်လ် ကပြောသည်။ မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းအပေါ် စိတ်ဝင် စားမှုကြီးမားစွာ ထားရှိနေပါ တယ်။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ဒါလုပ်ရမယ်၊ သူ မနိုင်ကိုနိုင်ရမယ်လို့ပြောလို့မရပါဘူး။ ခင်ဗျားတို့ရဲ့ဒီမိုကရေ စီဟာ အမေရိကန် ဒီမိုကရေစီ နဲ့ဆင်တူရမယ်လို့လဲ မပြော နိုင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်း လဲမှုဟာ ဒီမိုကရေစီနိုင်ငံ တစ် နိုင်ငံရဲ့ အခြေခံစံနှုန်းတွေနဲ့ ကိုက် ညီမှုရှိဖို့တော့လိုပါတယ်''ဟု သံ အမတ်ကြီးက ဆက်လက် ပြော ကြားသည်။

''ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြမှာလဲ။ သူမရဲ့အနေ အထားနဲ့ပတ်သက်ပြီး ဘယ် လိုသဘောထား ကြမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါ တယ်။ အဲဒါ ခင်ဗျားတို့ပြည် သူတွေရဲ့ကိစ္စဖြစ်ပါတယ်။ နိုင် ငံတကာအသိုင်းအဝိုင်းအနေ နဲ့ ဒါလုပ် သင့်တယ် ၊ ဒါမလုပ် သင့်ဘူးလို့ပြောရမှာခက်ခဲပါ လိမ့်မယ်။ ကျွန်တော် တို့ အနေ နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ပါ တယ်''ဟု သံအမတ်ကြီးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က သာယာဝတီမြို့လူထုနှင့် ဒီဇင်ဘာ ၁၅ရက်ကတွေ့ဆုံစဉ် အခြားတစ်ဖက်ကို မမျှမတအ ခွင့်အရေးပေးထားတဲ့ ပြိုင်ပွဲမျိုးကို ဝင်မပြိုင်သင့်ဘူးဟု ပြောဆို ခဲ့ခြင်းကိုကိုးကား၍ သူမအား သမ္မတအဖြစ် အခြေခံဥပဒေက ခွင့်မပြု လျှင် ရွေးကောက်ပွဲအား သပိတ်မှောက်ဖွယ်ရှိသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြောင်း ဝေါစထရိဂျာနယ်က ရေးသားခဲ့ ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးဉာဏ်ဝင်းက လည်း ပါတီအနေဖြင့် ရွေး ကောက် ပွဲဝင် မဝင်မဆုံးဖြတ် ရသေးကြောင်း အဆိုပါသတင်း စာသို့ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင် တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ် မှ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခဒေးဗစ် စတင်းဘတ်ခ် က ''၂၀၁၅ရွေးကောက်ပွဲက လွတ်လပ်မျှတတဲ့ရွေးကောက် ပွဲလို့ဆိုပါစို့။ ဒါပေမဲ့ အဲဒီ အချိန်ထိ အခြေခံဥပဒေက မ ပြင် ပေး သေး ဘူးဆိုရင် အမေ ရိကန်နိုင်ငံခြားရေးမူဝါဒက ဘယ်လိုတုံ့ပြ န်မလဲ ဆိုတာ အဓိ ကမေးခွန်းထုတ်စရာဖြစ်လာ လိမ့်မယ်''ဟု ဝေါစထရိကိုပြော သည်။

Yangon Media Group

No comments:

Post a Comment