Saturday 21 December 2013

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း

Photo: ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း
Saturday, December21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင် ခွင့်တောင်းခံ ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့်ကို ပြည်နယ်ရဲဌာနမှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လူသူစုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနားစသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။

ယင်းလူထု အစည်းအဝေးသည် လေးနာရီခန့်ကြာ စုဝေးခဲ့ပြီး အဓမ္မ ဆက်ကြေးကောက်တဲ့ ကေအိုင်အေ အလိုမရှိ၊ အဓမ္မစစ်သား စုဆောင်းသည့် ကေအိုင်အေ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဗညားဦးက ''ကျွန်တော်တို့ နိုင်ငံမှာက ဆီးဂိမ်းစ်ကာလကို အရေးပေါ်ကာလလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီကာလ ကျော်သွားရင်တော့ ခွင့်ပြုနိုင်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းတာတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ တရားဝင် ခွင့်ပြုချက်ရရင်တော့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့ အသင့်ရှိပါတယ်'' ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ''ကျွန်မသားကို ဖမ်းသွားတာ လာမယ့် တပို့တွဲလဆန်း ၁၃ ရက်ဆိုရင် နှစ်နှစ်ပြည့်ပြီ။ သားရော သမက်ရော ဖမ်းသွားတာ။ သမက်ကတော့ ထွက်ပြေးပြီး လွတ်လာတယ်။ သားကတော့ သေလားရှင်လား မသိရဘူး။ သူ့ဆန္ဒနှင့် လက်နက်ကိုင်တာ မဟုတ်ဘူး။ အခင်းမှာ အလုပ်လုပ်နေရင်း စုဆောင်းရေး ပါသွားတာ။ အဖေသေတာလည်း တွေ့မသွားရဘူး။ အားလုံးကို သားပြန်လာနိုင်ဖို့ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်'' ဟု The Daily Eleven သို့ ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ခုနစ်သိန်းကျော် ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာ အဖွဲ့က ပြောဆိုနေသော်လည်း အစိုးရ စာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာ စာရင်းရှိကြောင်း သိရသည်။

Eleven Media Group

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)








 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒ ထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင်ခွင့်တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် ကို ပြည်နယ်ရဲ ဌာန မှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်း မျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က လူသူ စုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနား စသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစု လူဝေး ဖြစ်ပေါ် ခဲ့သည်။

ယင်းလူထု အစည်းအဝေးသည် လေးနာရီခန့်ကြာ စုဝေးခဲ့ပြီး အဓမ္မဆက်ကြေးကောက်တဲ့ ကေအိုင်အေ အလိုမရှိ၊ အဓမ္မစစ်သား စုဆောင်းသည့် ကေအိုင်အေ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဗညားဦးက ''ကျွန်တော် တို့ နိုင်ငံမှာက ဆီးဂိမ်းစ်ကာလကို အရေးပေါ်ကာလလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီကာလ ကျော်သွား ရင်တော့ ခွင့်ပြုနိုင်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းတာတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့ စည်း ကမ်းတွေ ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ တရားဝင် ခွင့်ပြုချက်ရရင်တော့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့ အသင့်ရှိပါတယ်'' ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ''ကျွန်မသားကို ဖမ်းသွားတာ လာမယ့် တပို့တွဲ လဆန်း ၁၃ ရက်ဆိုရင် နှစ်နှစ်ပြည့်ပြီ။ သားရော သမက်ရော ဖမ်းသွားတာ။ သမက်ကတော့ ထွက်ပြေးပြီး လွတ်လာတယ်။ သားကတော့ သေလားရှင်လား မသိရဘူး။ သူ့ဆန္ဒနှင့် လက်နက်ကိုင်တာ မဟုတ်ဘူး။ အခင်းမှာ အလုပ်လုပ်နေရင်း စုဆောင်းရေး ပါသွားတာ။ အဖေသေတာလည်း တွေ့မသွားရဘူး။ အားလုံးကို သားပြန်လာနိုင်ဖို့ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်'' ဟု The Daily Eleven သို့ ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ခုနစ်သိန်းကျော် ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာ အဖွဲ့က ပြောဆိုနေသော်လည်း အစိုးရ စာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာ စာရင်းရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment