Saturday 21 December 2013

ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်

Photo: ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်
Saturday, December 21, 2013

ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆင့်မြှင့်တင်ရန် စီစဉ်ထားသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ယခုနှစ် အောက်တိုဘာလ အတွင်းမှစပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူနေမှုဘ၀ ထိခိုက်နိုင်မှုတို့အပေါ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းလေ့လာမှုများ အပြီးတွင် ရထားလမ်းကို အဆင့်မြှင့်တင်မှုအပိုင်း သုံးပိုင်းခွဲခဲ့ပြီးနောက်တွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး ၎င်းအပိုင်းများအတွက် ဂျပန်နိုင်ငံမှ ရထားလမ်းပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များနှင့် ထပ်မံအတည်ပြု လုပ်ဆောင်သွားရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် အပိုင်းသုံးပိုင်း ခွဲပြီးတဲ့နောက်မှာ ဂျပန်က ပညာရှင်တွေနဲ့ အစီအစဉ်တွေ ရေးဆွဲရမယ်။ ထပ်ပြီးတော့ လေ့လာမှုတွေ ထပ်လုပ်ရမယ်။ နောင်နှစ်အတွင်းမှာတော့ အကောင်အထည် ဖော်နိုင်မှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆင့်မြှင့်တင် သွားမည်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၁၀၀(မိုင်၆၀) နှုန်းအထိ မောင်းနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ယခင်က ကြာမြင့်ချိန် ၁၅ နာရီရှိသော ခရီးစဉ်ကို ၈ နာရီသို့ လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အပိုင်းများတွင် ရထား-ကား လမ်းဆုံများကို ပြုပြင်ခြင်း၊ ရထားလမ်းရှိ တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံ၊ ရထား အလုပ်ရုံများအား ပြုပြင်ခြင်း၊ အချက်ပြ စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ ထိန်းချုပ်ရေး ဌာနများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် တွဲ-စက်ခေါင်းများ၏ စက်ရုံများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ၎င်းတို့ အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထား ကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျော့ချပြေးသွားမည်ဖြစ်ပြီး ခရီးစဉ် အခေါက်ရေကိုပါ လျှော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

Eleven Media Group

(ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်)
(ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်)
ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထား လမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆင့်မြှင့်တင်ရန် စီစဉ်ထားသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ယခုနှစ် အောက်တိုဘာလ အတွင်းမှစပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူနေမှုဘ၀ ထိခိုက်နိုင်မှုတို့အပေါ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းလေ့လာမှုများ အပြီးတွင် ရထားလမ်းကို အဆင့်မြှင့်တင်မှုအပိုင်း သုံးပိုင်းခွဲခဲ့ပြီးနောက်တွင် ရန်ကုန် -တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး ၎င်းအပိုင်းများအတွက် ဂျပန်နိုင်ငံမှ ရထားလမ်းပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များနှင့် ထပ်မံအတည်ပြု လုပ်ဆောင်သွားရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် အပိုင်းသုံးပိုင်း ခွဲပြီးတဲ့နောက်မှာ ဂျပန်က ပညာရှင်တွေနဲ့ အစီ အစဉ်တွေ ရေးဆွဲရမယ်။ ထပ်ပြီးတော့ လေ့လာမှုတွေ ထပ်လုပ်ရမယ်။ နောင်နှစ်အတွင်းမှာတော့ အကောင်အထည် ဖော်နိုင်မှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အဆင့်မြှင့်တင် သွားမည်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၁၀၀ (မိုင်၆၀) နှုန်းအထိ မောင်းနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ယခင်က ကြာမြင့်ချိန် ၁၅ နာရီရှိသော ခရီးစဉ်ကို ၈ နာရီသို့ လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အပိုင်းများတွင် ရထား-ကား လမ်းဆုံများကို ပြုပြင်ခြင်း၊ ရထားလမ်းရှိ တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံ၊ ရထား အလုပ်ရုံများအား ပြုပြင်ခြင်း၊ အချက်ပြ စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ ထိန်းချုပ်ရေး ဌာနများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် တွဲ-စက်ခေါင်းများ၏ စက်ရုံများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ၎င်းတို့ အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျော့ချ မည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထား ကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျော့ချပြေးသွားမည်ဖြစ်ပြီး ခရီးစဉ် အခေါက်ရေကိုပါ လျှော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment