Saturday 21 December 2013

တရုတ်ကုမ္ပဏီများ တာဝန်ယူမှုနှင့်တာဝန်ခံမှု အားနည်းဟု တရုတ်သံအမတ်ကြီးဝန်ခံ

တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးစီမံကိန်းများ လုပ် ဆောင်ရာတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းနေပြီး ယင်း အားနည်းချက်များကို ပြုပြင် ရန် တရုတ်အစိုးရမှ ကုမ္ပဏီများ အား တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံ အမတ်ကြီး H.E.Mr Yang Houlan က ပြောသည်။
ဒီဇင်ဘာ ၁၉ရက် ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သော တ ရုတ်သံရုံးမှသုံးထပ်ဘုန်းတော် ကြီးကျောင်းေ ဆာက် လုပ်ရန် အလှူငွေပေးအပ်ပွဲတွင် ရန်ကုန် တိုင်းမ်သတင်းစာ၏ တရုတ် ကုမ္ပဏီများမှ မြန်မာနိုင်ငံအ တွင်း စီမံကိန်းများလုပ်ဆောင် ရာတွင် တာဝန်ယူမှု၊ တာဝန်ခံ မှုမရှိဟု ဝေဖန်ပြောကြားနေမှု များအပေါ် တရုတ်အစိုးရမှ မည် ကဲ့သို့ ဆောင်ရွက်နေကြောင်း မေးမြန်းရာ ယင်းကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

တရုတ်သံအမတ်ကြီး H.E.Mr Yang Houlan က ''ကျွန်တော်တို့တရုတ်နိုင်ငံက ကုမ္ပဏီတွေ အားနည်းချက်ရှိ တယ်ဆိုတာသိပါတယ်။ အဲဒီ အားနည်းချက်တွေကို ပြုပြင်ဖို့ တိုက်တွန်းဆောင်ရွက်နေပါ တယ်။ နောက်ပိုင်း စီမံကိန်းတွေ ကို လုပ်တဲ့အခါမှာဒေသခံပြည် သူလူထုနဲ့ ပြည့်ပြည့်စုံစုံ ဆွေး နွေးပြီးတော့ ဒေသခံတွေအ ကျိုးအတွက် ဆောင်ရွက်ပါလို့ တိုက်တွန်းပါတယ်''ဟု ပြော သည်။

မြန်မာနိုင်ငံအတွင်း စီမံ ကိန်းလုပ်ငန်းများ လုပ်ဆောင် ရာတွင် တရုတ်နိုင်ငံ၏ ယခင် စီမံကိန်း လုပ်ထုံးလုပ်နည်းများ အရ လုပ်ငန်းလုပ်ဆောင်မည် ဟုသာ ထုတ်ပြန်ကြေညာခြင်း သည် ဒေသခံပြည်သူ များအ နေဖြင့် စီမံကိန်းမှအကျိုးအမြတ် ရရှိနိုင်ကြောင်းကို သိရှိနိုင်မည် မဟုတ်ကြောင်း ယင်းကဆက် လက်ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံ မှစီးပွားရေးရင်းနှီးမြှုပ်နှံမှု တချို့ သည် မြန်မာဒေသခံများ၏ ကန့် ကွက်မှုကို ကြုံတွေ့နေရပြီး လတ် တလောတွင် လက်ပံတောင်း တောင်ဒေသကြေးနီစီမံကိန်း တွင် အထင် အရှားတွေ့မြင်နေ ရပြီး မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာဒေသ တချို့မှ ပြည် သူများကလည်း အဆိုပါပိုက် လိုင်းအခြေအနေနှင့်ပတ်သက် ၍ ဝေဖန်မှုများရှိနေသည်။

ယင်းက ''အရင်ကလုပ် ထုံးလုပ်နည်းတွေအရ ဘာတွေ လုပ်နေတယ်ဆိုတာ မကြေညာ ကြဘူး။ ကြေ ညာခြင်းလဲ နည်း ပါတယ်။ အဲဒါကြောင့်မို့ ဒေသခံ တွေအနေနဲ့ စီမံကိန်းတွေအ ပေါ် အထင်အမြင်လွဲတာ ဖြစ် နိုင်ပါတယ်''ဟုMr Yang Houlan ကပြောသည်။

ယင်းကဆက်လက်၍ မိမိ တို့ တရုတ်နိုင်ငံကုမ္ပဏီများအ နေဖြင့် စီမံကိန်းများနှင့် ပတ် သက်၍ ဒေသခံ များအပေါ်ပံ့ပိုး မှုများများစွာပြုလုပ်ခဲ့ကြောင်း၊ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းအတွက် ဒေသခံများ ဖွံဖြိုးရေးအတွက် ကုမ္ပဏီများမှ နှစ်စဉ်ဒေါ်လာ တစ်သန်းကျော် ကြောင်း၊ ရေနံဓာတ်ငွေ့စီမံကိန်း ဒေသခံ လူမှုဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ရဝကျော်ရှိပြီဖြစ် ကြောင်း၊ အခြားလုပ်ငန်းများ တွင်လည်း လူမှုအကျိုးလုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

ရည်မွန် ၊ ဟေမာန်
Yangon Media Group   

No comments:

Post a Comment