Monday 16 December 2013

တရားမဝင် ကုန်သွယ်မှုများတွင် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေဟုဆို

တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ ပါဝင်ဆောင်ရွက် မှုများ ရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက် ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်း တာဝန် ရှိသူ က ပြောဆို သွားသည်။
စီးပွားကူးသန်းတာဝန်ရှိသူ က ''သူတို့ကိုယ်တိုင်လုပ်တာတော့ နည်းတယ်။ သူတို့ပိုင်ကားတွေ နဲ့ မောင်းပို့တာတွေ ရှိ လာတယ်။ ကုန်သည်ကတော့ သူတို့ဘာသာ ပုံမှန်အတိုင်း တရားမဝင်သယ်ယူ တာပဲ။ ဖမ်းဆီးရတဲ့အခါ အမည်ခံ ကုန်သည် ယူမှုတွေ ရှိနေတယ်။ အရင်တစ်နေ့ကဆိုရင် Super Custom နှစ်စီးနဲ့ ဘီယာ ၅၇၄ဖာ တင်လာတယ်။ နောက်နေ့မှာ လာပြန်ညှိတယ်။ ပစ္စည်းက အ ကောက်ခွန်နဲ့ညှိတယ်။ ကားနဲ့လူ က ရဲနဲ့ဆိုင်တယ်။ နောက်ပိုင်း ပြန်ထုတ်သွားတယ်။ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့လဲ သိတယ်။ ပဲခူးတိုင်းအမှတ်(၁) ရဲစခန်းမှာ ဖမ်းထားတာပါ။ ကျွန်တော်တို့က Participate အဖွဲ့ဖြစ်တဲ့အတွက် သတင်းမထုတ်ပြန်တာပါ''ဟုဆို သည်။

ယင်းက ဆက်လက်၍ Mobile Teamအဖွဲ့မှ နယ်မြေငြိမ်း ချမ်းမှုမရှိသော ဒေသအတွင်းရှိ သစ်အပါအဝင် ကျောက်မျက်များ၊ ဓာတ်သတ္တုများ၊ အသားများ အား တရားမဝင်ကုန်သွယ် မှုများ ရှိနေကြောင်း၊ လက်နက်အားကိုး ဖြင့် လာရောက် ခြိမ်းခြောက် သော အဖွဲ့များအားြွှ အဖွဲ့အနေ ဖြင့် ထိပ်တိုက်တွေ့ဆုံခြင်းအား ရှောင်ရှားရလေ့ရှိကြောင်း၊ ယင်း အတွက် ဌာနဆိုင်ရာအစိုးရအဖွဲ့ အစည်းများနှင့်ညှိနှိုင်းကာ ပညာ ပေးမှုများ ဆောင်ရွက်နေသည် ဟု ဆိုသည်။

Mobile Team အဖွဲ့မှ နယ် မြေတည်ငြိမ်မှုနည်းပါးသောနေ ရာတွင်ရှိနေသည့်ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများအား တင်ပြ ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန စားသုံးသူရေးရာဦးစီးဌာန ဒု- ညွှန်ကြားရေးမှူး ဦးညွန့်အောင် ထံမှ သိရသည်။

ယင်းကဆက်လက်၍ ဥပ ဒေ၏အထက်တွင် မည်သူမျှမရှိ ခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းမှု များအား အရေးယူသွားမည်ဖြစ် ကြောင်း၊ လက်ရှိတွင် မြဝတီနယ် စပ်ဂိတ်တစ်ခုတည်းမှ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ကုန်သွယ်မှုကိန်း ဂဏန်း ကွာဟ ချက် မှာ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာတစ် ဘီလီယံအထိရှိနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

DKBA အဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးစောစန်းအောင်က ''ကျွန် တော်တို့ လက်နက်ကိုင်ထားတာ စီးပွားရေးအတွက် မဟုတ်ပါဘူး။ နယ်မြေလုံခြုံရေးအတွက် ကျွန် တော်တို့က လက်နက်ကိုင်ပြီး သူ များတွေရဲ့ စီးပွားရေးကို လိုက် တိုက်ခိုက် တာမရှိပါ ဘူး။ ကိုယ့် ဒေသက ပြည်သူတွေကိုကာကွယ် ဖို့အတွက်ပါ။ ဘယ်တော့မှ စီးပွား ရေးအတွက် အသုံးချတာမရှိပါဘူး'' ဟု ဆိုသည်။

နိုင်နိုင်ဇော်
Yangon Media Group

No comments:

Post a Comment