Monday 16 December 2013

ကျန်ရှိနိုင်ငံရေး အကျဉ်းသား ၄၄ ဦး လွတ်မြောက်ရေးကို လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် တင်ပြမည်

(၁၂)ကြိမ် မြောက်ပြုလုပ်မည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီအစည်းအဝေးတွင် ကျန် ရှိနေသော နိုင်ငံရေးအကျဉ်းသား ၄၄ဦး လွတ်မြောက်ရေးအတွက် တင်ပြသွား မည်ဖြစ်ကြောင်း ကော် မတီဝင်ဦးရဲအောင်က ပြောသည်။
''ဒီ၄၄ယောက်ထဲကတော် တော်များများလူတွေဟာကော် မတီစဖွဲ့ကတည်း က ကျွန်တော် တို့စာရင်းထဲမှာ ပါပြီးသားလူတွေ ချည်းပဲ။ စိစစ်ရင်း စိစစ် ရင်းနဲ့ နောက် ဆုံးကျန်နေတဲ့အသုတ်ပါ။ တော်တော့်ကို ခက်ခက် ခဲခဲပြော ရမယ့် အသုတ်။ တချို့ကစစ်ပြေး တွေ၊ စစ်တပ်ပုဒ်မနဲ့ပါ ငြိနေတဲ့ လူတွေ''ဟုတင်ပြမည့်စာရင်းနှင့် ပတ်သက်၍ ယင်းကပြောသည်။

အဆိုပါအစည်းအဝေး အား ဒီဇင်ဘာ၂၁ရက်တွင်မြန် မာငြိမ်းချမ်းရေး စင်တာ ၌ ပြု လုပ်သွားမည်ဖြစ်ပြီး ၄၄ဦးဟုဆို ထားသော်လည်း ယင်းအရေအ တွက် ထက်မနည်း နိုင်ငံရေးအ ကျဉ်းသားများ ကျန်ရှိနိုင်သေး သည်ဟု ဦးရဲအောင် က သုံးသပ် ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်း သားများစိစစ်ရေးကော်မတီအ နေဖြင့် ဒီဇင်ဘာ ၃ဝရက်နေ့မ တိုင်မီတွင် ကျန်ရှိနိုင်ငံရေးအကျဉ်း သား များစာရင်းကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့နိုင်ငံရေးအကျဉ်း သားများ စာရင်းအား တင်ပြနိုင် ရန်အတွက်လည်း အငြင်းပွားဖွယ် ရှိသော အကျဉ်းသားများနှင့်ပတ် သက်၍ အကျဉ်းထောင် များသို့ လည်း ဒီဇင်ဘာလ တတိယအ ပတ်အတွင်းတွင် သွားရောက်စိစစ် သွားမည်ဖြစ်သည်။

ပုဒ်မ၁၈ဖြင့် ဖမ်းဆီးအရေး ယူခံခဲ့ရသော နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ဦး က''သမ္မတ က ဒီဇင်ဘာ မှာ နိုင်ငံရေးအကျဉ်း သား အကုန်လွတ် ရမယ် လို့ပြော ထားပေမယ့်ကျွန်တော့်အမြင် အရတော့ မဖြစ်နိုင် ဘူး။ ဘာလို့လဲဆိုတော့ တက်ကြွသူတွေကိုဖမ်း ဆီးနေတဲ့ပုဒ်မတွေရှိနေသရွေ့ နိုင်ငံရေး အကျဉ်းသား ကုန်မယ် ဆိုတာမဖြစ်နိုင်ဘူး''ဟု ပြောသည်။

လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီမှ စိစစ်မှုဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်း သား များမှာ ယခုအချိန်အထိ ဦးရေ ၃၅ဝ ရှိပြီး ဖြစ်ကြောင်း သိရသည်။

ရွှေရည်မဉ္ဇူ
Yangon Media Group

No comments:

Post a Comment