Monday 16 December 2013

တရားမဝင်တင်သွင်းထားသောနိုင်ငံခြားဖြစ်ဝိုင်နှင့်အရက်မျိုးစုံ သိန်းပေါင်း၅၇ဝဝကျော်ဖမ်းဆီး ရမိမှုဆက်လက်အရေးယူ

တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ ရန်ကုန်တိုင်းဒေသကြီး ကွပ်ကဲမှု တာဝန်ခံထံသို့ နိုဝင်ဘာ ၂၈ရက် ညနေ ၆နာရီတွင် တာဝန်သိပြည် သူတစ်ဦးက အမှတ်(၁ဝ) မြမာလာ
လမ်း စက်မှုလက်မှုရပ်ကွက် သာကေတစက်မှုဇုန်သိုလှောင်ရုံ၌ အကောက်ခွန်မဲ့ပစ္စည်းများ သို လှောင်ပြီး ယာဉ်ကြီးယာဉ်ငယ် များဖြင့် ရန်ကုန်မြို့တွင်းသို့ သယ် ဆောင်နေကြောင်း ဖုန်းဖြင့်သတင်း ပေးပို့ တိုင်ကြားမှုအပေါ် နိုဝင်ဘာ ၂၉ရက်မှ ယခုလ ၃ရက်အထိ သတင်းထောက်လှမ်းပြီး ယခုလ ၄ရက်မှ ၁၃ရက် မွန်းလွဲ ၁နာရီ အထိ လိုင်စင် IDမူရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာ စားသောက်ကုန်မျိုးစုံ ၃၇ ဒသမ ၁၅တန်သည် တရား ဝင်တင်သွင်းထားသော မူရင်း အထောက်အထား များပြသနိုင်သော် လည်း နိုင်ငံခြားဖြစ်အရက်မျိုးစုံ ၁၂၉၇ပုလင်းနှင့် နိုင်ငံခြားဖြစ် ဝိုင် မျိုးစုံ ၈၇၅၇၈ ပုလင်း တို့မှာ Premium Food Service Products Co.,Ltd. မှ တရားဝင်တင်သွင်း ထားသည့် မူရင်းစာရွက် စာတမ်း များ ပြည့်စုံစွာတင်ပြစစ်ဆေးခံနိုင် ခြင်းမရှိခဲ့ကြောင်း၊ သို့အတွက် တရားဝင်တင်သွင်းခွင့် ဆိုင်ရာ သွင်း ကုန်လိုင်စင်(မူရင်း)နှင့် အကောက် ခွန်သွင်းကုန်ကြေညာလွှာ (မူရင်း) များ ပြည့်စုံစွာစစ်ဆေး ခံနိုင်ခြင်း မရှိသော နိုင်ငံခြားဖြစ် အရက်မျိုးစုံ ၁၂၉၇ပုလင်းနှင့်ဝိုင်မျိုးစုံ ၈၇၅၇၈ ပုလင်းတို့ကို အကောက်ခွန် အမှု တွဲ မှတ်တမ်းများအရ (၁၄-၁၂-၂ဝ၁၃) ခန့်မှန်းတန်ဖိုး ကျပ်သိန်း ငါးထောင်ခုနစ်ရာကျော် အမှုတွဲဖွင့် လှစ်၍ပင်လယ်ကြောင်းအကောက် ခွန်ဥပဒေအရ အရေးယူနိုင်ရေး အကောက်ခွန်ဦးစီးဌာနသို့ လွှဲ ပြောင်းပေးအပ်ထားရှိပြီး နိုင်ငံခြား ဖြစ်ဝိုင်နှင့် အရက်မျိုးစုံကို တရား မဝင် သိုလှောင်ထားရှိမှုအပေါ် Premium Food Service Products Co.,Ltd.မှ တာဝန်ရှိသူ BODဦ အဖွဲ့ဝင် ဒါရိုက်တာတစ်ဦး ကို သာကေတမြို့နယ်ရဲစခန်းတွင် ပို့ကုန်/သွင်းကုန်ဥပဒေ(၂ဝ၁၂)ပုဒ်မ (၈)၊အမှုတွဲအမှတ်(ပ)၈၇၄/၂ဝ၁၃ ဖြင့် ယမန်နေ့တွင် တရားစွဲဆို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment